Connect with us

Hi, what are you looking for?

သတင်း

မလှိုင် လေကြောင်းတိုက်ခိုက်မှု ကျောင်းသားငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံး၊ ဒဏ်ရာပြင်းထန်တဲ့ ကလေးငယ် ၅ ဦး ထက်မနည်းရှိ​​နေ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဇွန်-၇၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဇွန်လ ၅ ရက် ညနေ ၃နာရီခွဲခန့်က မလှိုင်မြို့နယ်​မြောက်ခြမ်းရှိ သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဦးရဲရွှေနဲ့ ၎င်းရဲ့သမီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် မလှလှဝင်း၊ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသား မောင်ဟိန်းထက်၊ အသက် ၁၀ နှစ်အရွယ် ၅ တန်းကျောင်းသား မောင်ကျော်ဇင်နဲ့ အသက် ၁၃ နှစ်အရွယ် မောင်ရှိုင်းထက်တို့ သေဆုံးခဲ့ကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ သေဆုံးကလေးငယ်တွေနဲ့အတူ ကျောင်းကပြန်လာတဲ့ ကျောင်းသားကျောင်းသူ ကလေးငယ် ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ကလေးတစ်ယောက်က လက်တစ်ဖက်ဆုံးရှုံးတယ်။ တစ်ယောက်က ခြေတစ်ဖက် နဲ့ စုစုပေါင်း ပြင်းထန်ဒါဏ်ရာရ ၅ဦးလို့သိရတယ်။ အဲဒီ၂ဦးတော့မန္တလေးဆေးရုံကြီး ပို့ကုတယ်ကြားတယ်”

လို့ လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ဟာ သရက်ကောင်းပင်ကျေးရွာထဲကို ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာတွင်း ၃ လုံးပေါက်ကွဲကာ နေအိမ် ၆ လုံးခန့်ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှူကြောင့် ကျန်ကျောင်းသားကလေးငယ်တွေ ​ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မလှိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းအားလုံးဟာ စစ်တပ်လက်အောက်ခံNON CDM ပညာရေးဝန်ထမ်းတွေနဲ့ ဖွင့်လှစ်ထားတာဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့ ​နှောင့်ယှက်ခြင်းမရှိဘဲ ကျောင်းပညာကိုသာလွတ်လပ်စွာ ဦးစားပေးသင်ကြားကြဖို့ ဆရာ၊ဆရာမတွေကို မှာကြားထားတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

အာဏာသိမ်း ကာလအတွင်း မလှိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာ ၅ ရွာကို ၅ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ဖူးပြီး ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

(သရက်ကောင်းပင်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-လူထုသတင်းကွန်ယက်-မလှိုင်မြို့)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။