Connect with us

Hi, what are you looking for?

သတင်း

သံတွဲမှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ရောင်းချ၊ သုံးစွဲနေသူတွေ AA ဖမ်းမိ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန(DLEPS) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - AA)

ဇွန်-၁၃၊ ၂၀၂၆ ။ ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တို့မှာ သံတွဲမြို့နယ် ရွှေကျောင်းပြင်ရွာနဲ့ ငပလီ၊ မြပြင်ရပ်ကွက်တို့အတွင်း မူးယစ်ဆေးဝါးရောင်းချနေသူတွေကို ဒေသခံတွေရဲ့ သတင်းပေးချက်အရ အာရက္ခတပ်တော် (AA)လက်အောက်ခံ ရဲတပ်ဖွဲ့ဖြစ်တဲ့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန(DLEPS) က သွားရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“ရွှေကျောင်းပြင်ကတယောက်က သူ့အိမ်မှာပဲ ရောင်းနေတာ။ သတင်းရလို့ သွားဖမ်းတော့ ဒိုင်ကြီးနဲ့ လက်လီ လေးတွေကိုပါဖမ်းမိတာ။ သုံးယောက်မိတယ်။ နောက်ထပ် ကွင်းဆက်တွေကိုလည်း ဒီလပ်က ဆက်ပြီး စုံစမ်းနေ တယ်” လို့ သံတွဲမြို့နယ်မှ အုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သံတွဲမြို့ပေါ်နဲ့ ကပ်ရပ် ရွှေကျောင်းပြင်ကျေးရွာမှ ဦးအောင်အောင်ဟာ ရွာအတွင်း မူးယစ်ဆေးဝါးရောင်းနေတယ် လို့သတင်းရပြီး သွားဖမ်းရာကနေ ဦးအောင်အောင်ကို ရောင်းချပေးတဲ့ ဒိုင်ဖြစ်သူ ဦးဘိုဘိုကြီး(ခ)မောင်မောင်မြင့် ကိုပါ ဖမ်းဆီးရမိခဲ့တာပါ။

ဦးဘိုဘိုကြီးဆီက အလေးချိန် ၃ ကီလိုရမ်ကျော်ရှိတဲ့ Ice ၂၇ ထုပ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သံတွဲ မြို့နယ် ငပလီမြို့၊ မြပြင်ရပ်ကွက်မှာနေထိုင်တဲ့ ကိုယ်တိုင်သုံးစွဲပြီး လက်ကားရောင်းချသူ ကိုညီညီ(ခ)စစ်သွေးညီ ကိုလည်း Ice မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

အဲဒီဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေဟာ ကာလပေါက်စျေးအရ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတယ်လို့ အုပ်ချုပ် ရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ သူတို့ ၃ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ ၁၉(က)၊ ၂၀(က)၊ ၂၁(က)တို့နဲ့ အမှုဖွင့်အရေးယူထားပြီး တရားရုံးတင်ထားတယ်လို့ နီး စပ်သူတွေက ပြောပါတယ်။

Ice ဆိုတာဟာ မက်သာဖက်တမင်း စိတ်ကြွရူးသွပ်ဆေးအမျိုးအစားတစ်ခုဖြစ်ပြီး ရေခဲပုံသဏ္ဍာန် ပုံဆောင်ခဲဖြစ်ကာ ကြာကြာသုံးစွဲရင် ပြုပြင်လို့မရတဲ့ ဦးနှောက်ထိခိုက်မှုရှိနိုင်ပြီး သုံးစွဲသူကို ရူးသွပ်သွားတဲ့ထိ ဖြစ်စေနိုင်ပါတယ်။

သံတွဲမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းက အချို့မြို့နယ်မှာ AA ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေးယန္တရားတွေ အပြည့်အ၀မလည်ပတ်နိုင်သေးတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးရောင်းချသူတွေ အများအပြားရှိ နေတာကြောင့် ထိထိရောက်ရောက်အရေးယူဖို့ လိုအပ်တယ်လို့ ရခိုင်ဒေသခံလူမှုကူညီရေးလုပ်နေတဲ့ လူငယ်တစ်ဦးက ထောက်ပြပါတယ်။

“ရခိုင်က မြို့ကြီးတွေမှာ မူးယစ်ဆေးဝါးတွေ ရောင်းနေကြတာရှိတယ်။ WY တို့ Ice တို့ပေ့ါ၊ ဆေးခြောက်လည်း ရောင်းကြတယ်။ အရင်တုန်းကလောက်ထိ ပေါ်ပေါ်ထင်ထင်မဟုတ်ပေမယ့် ပေါနေတာတော့ အမှန်ပဲ။ ဒီလပ်က တွေ့ရင် အရေးယူတယ်ဆိုပေမယ့် လက်လှမ်းမမီတာတွေ ရှိနေတာ တွေ့ရတယ်” လို့ ၄င်းက ဆိုပါတယ်။

မူးယစ်ဥပဒေ ပုဒ်မ ၁၉(က)ဟာ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးကို ရောင်းချဖို့ လက်ဝယ်ထားရင် အရေးယူလို့ရတဲ့ ပုဒ်မဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး နှစ်အကန့်အ သတ်မရှိ ချမှတ်နိုင်ပါတယ်။

ပုဒ်မ ၂၀(က)ကတော့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ဖြူးသူတွေအပေါ် အရေးယူနိုင်တဲ့ပုဒ်မဖြစ် ကာ အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၂၁(က)ကတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေမှာပါရှိတဲ့ ပြစ် မှုတခုခုကို ကျူးလွန်ဖို့ အားထုတ်တာ၊ ပူးပေါင်းကြံစည်တာ၊ စည်းရုံးတာ၊ အားပေးတာတို့အတွက် အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ကာ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေကြည် နဲ့ လေးမျက်နှာမြို့နယ်​တွေမှာတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်က ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာရှိတဲ့ဟိုတယ်နဲ့တည်းခိုခန်းတွေကို ရှောင်တခင်ဝင် စစ်ဆေးပြီးနေ့စဉ်တည်းခိုသူစာရင်းတွေ မဖြစ်မနေပေးဖို့ ဖိအားပေးနေပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို အာရက္ခတပ်တော်(AA)က အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က သေဆုံးထိခိုက်သူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းတွေ သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ တပ်မ(၆၆) လက်အောက်ခံတပ်ကို လိုက်လံချေမှုန်းရာ စစ်တပ်ရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ဇူလိုင် ၇ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ပင်လယ်ပြင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကုန်တင်စက်လှေပိုင်ရှင်အပါအဝင် ခရီးသည် ၁၃ ဦး ကို အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်တယ်လို့စွပ်စွဲပြီး အာဏာသိမ်းစစ်တပ်က မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မအပါအဝင် တရားမဝင်ကုန်ပစ္စည်းသယ်ယူမှုပုဒ်မတို့နဲ့ တရားစွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။