Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်​ကြောင်းအထိနာပြီး​ တော်လှန်​ရေးတပ်​တွေကလက်နက်ခဲယမ်း​တွေသိမ်းရ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

(ချောင်ဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီးသိမ်းဆည်းရရှိတဲ့လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်တစ်ဦးကို တွေ့ရစဉ်။ဓါတ်ပုံ-လျှပ်စီးတပ်ဖွဲ့ )

ဇွန်-၁၇၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

မုံရွာမြို့နယ်အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နဲ့မြင်းမူမြို့နယ်ကစစ်တပ်အင်အားတွေနဲ့ ချောင်းဦးမြို့နယ်မှာအင်အားဖြည့်ပြီးဇွန်လဆန်းကစပြီး စစ်ကြောင်းထိုးလာတာကို တော်လှန်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ချောင်းဦး-ရေစကြိုလမ်းပိုင်းကို ၄၀၀ လောက်နဲ့ စစ်ကြောင်းထိုးတာ။သေတာတွေရော၊အရှင်ဖမ်းမိတာတွေရောဆိုရင် ၁၀၀ လောက်ရှိတယ်။လက်နက်တွေ တော်တော်များများရတယ်”လို့ချောင်းဦးမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လဒုတိယပါတ်အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးစစ်တပ်ကလေကြောင်း တိုက်

ခိုက်မှုတွေမျိုးစုံရှိခဲ့ပေမယ့် တော်လှန်ရေးအဖွဲ့တွေရဲ့ စုဖွဲ့မှုကြောင့် စစ်တပ်စစ်ကြောင်းတွေ ချောင်းဦးမြို့ကို ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ အသိပေးပါတယ်။

“သိမ်းဆည်းရမိထားတဲ့ လက်နက်တွေ အပုံလိုက်ပါပဲ”လို့ ချောင်းဦးမြို့နယ် ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းထိခိုက်မှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိတဲ့အ​ခြေအ​နေ​တွေကို

​မေးမြန်းဖို့ဒေသခံတော်လှန်ရေးအဖွဲ့တွေ

ထံ လူထုနွေဦးက ဆက်သွယ်ပေမယ့် ပြန်

လည်အကြောင်းကြားမှုမရှိသေးပါဘူး။

ချောင်းဦး-ရေစကြိုသွားကားလမ်းဘေးက ငါးလုံးတင်ကျေးရွာအတွင်း အခြေပြုထားပြီး မုံရွာ-စစ်ကိုင်းနဲ့ချောင်းဦး-ရေစကြို ဆက်သွယ်ရေးလမ်းကြောင်းပေါ် က တော်လှန်ရေးတပ်(မူရင်းမှာPDFအကြမ်းဖက်သောင်းကျန်း

သူများလို့​ဖော်ပြ)ကို ဇွန်လ ၉ ရက်မှာ တိုက်

ခိုက်ချေမှုန်းခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်မှာ ဖြန့်ဝေထားပါတယ်။

ဇွန်လ ၄ ရက်ကနေ ၉ ရက်နေ့အထိ ချောင်းဦးမြို့နယ်က ကျေးရွာသုံးရွာကို စစ်တပ်က မီး

ရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၆ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

ဆင်မြေရွာက နေအိမ်၁၀၀ကျော်၊ မှန်ချိုရွာက နေ အိမ်၂၅လုံးနဲ့ ငါးလုံးတင်ရွာကနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။အဲဒီစစ်

ကြောင်းဟာ ချောင်းဦးမြို့အတွင်း ပြန်လည်ဝင်ရောက်အထိုင်ချထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။