Connect with us

Hi, what are you looking for?

သတင်း

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်း‌တွေလွတ်မြောက်ဖို့ နိုင်ငံတကာသံရုံးတွေ တောင်းဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

ဇွန်-၁၉၊၂၀၂၆။တေဇ/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

“ကနေဒါနိုင်ငံသည် သူမအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ဆေးကုသမှုခံယူနိုင်စေရန်၊ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန် တောင်းဆိုချက်များကို ယနေ့ကျရောက်သော သူမ၏ (၈၁)နှစ်မြောက်မွေးနေ့တွင် ပြန်လည်အသက်သွင်းလိုက်ပါသည်။” လို့ ရန်ကုန်မြို့က ကနေဒါသံရုံးက ထုတ်ပြန်ထားပါတယ်။

ဆွစ်ဇာလန်သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေလွတ်မြောက်ရေးအတွက် တောင်း‌ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

“ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ရရှိသင့်ပါသည်။ မိမိတို့သည် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်၍ အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ အလုံးစုံပါဝင်သည့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် တိုက်တွန်းပါသည်။” လို့ ဩစတေးလျ သံရုံးကလည်း တောင်းဆိုထားပါတယ်။

အဲဒီသံရုံးတွေအပြင် ပြင်သစ် ၊ ဂျာမနီ နဲ့ ဥရောပသမဂ္ဂတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ၈၁ စာလုံးပုံဖော်ထားတဲ့ ဓာတ်ပုံတွေတင်ပြီး ‌မွေးနေ့ရှင်ကို ဆုတောင်းပေးထားကြပါတယ်။ ၈၁ ကို ပုံဖော်ထားတဲ့ နေရာမှာ မွေးနေ့ရှင်ကို ကိုယ်စားပြုတဲ့ နှင်းဆီပန်းပုံထည့်ထားတာ တွေ့ရပါတယ်။

ဗြိတိန်သံရုံးကတော့ သူတို့ရဲ့ ပရိုဖိုင်မှာ မွေးနေ့ရှင်အတွက်ရည်ရွယ်တဲ့ နှင်းဆီပန်းအဝါပုံကို ဖြည့်ပြီး အပြောင်းအလဲ လုပ်ထားတာတွေ့ရပါတယ်။

နိုင်ငံတကာသံရုံးတွေက လူထုခေါင်းဆောင်ကို ဝန်းရံပြီး မွေးနေ့ဆုတောင်းပေးကြတဲ့အပေါ် လူမှုကွန်ရက်အသုံးပြုသူတွေက ကျေးဇူးတင်ကြောင်း တုံံ့ပြန်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။