Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်အတွက် ၈လေးလုံးနေ့မှာ ပြုလုပ်မယ့် လင်းလင်းတို့ရဲ့ The Revolution ဖျော်ဖြေပွဲ

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

ဇူလိုင်-၂၃၊၂၀၂၆။ဆဏ်း/People’s Spring

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

“ချင်းပြည်နယ်ရဲ့ တစ်နေရာမှာ လိုအပ်နေတဲ့ အရေးပေါ်လိုအပ်ချက်ဖြစ်နေတဲ့ ဆေးရုံပစ္စည်းတွေ ဆေးရုံလိုအပ်ချက်တွေရယ် အဲဒီ့အတွက် ကျွန်တော်တို့ ဝိုင်းကြ ဝန်းကြပြီးတော့ တာဝန်ယူထားကြတဲ့ ပွဲလေးပါ” လို့ လင်းလင်းက ပြောပါတယ်။

အဲဒီဖျော်ဖြေပွဲကို ၈‌လေးလုံး အထိမ်းအမှတ်နေ့ဖြစ်တဲ့ ဩဂုတ် ၈ ရက် ညနေ ၆ နာရီမှာ အမေရိကန်နိုင်ငံ Oklahoma ပြည်နယ် Tulsa မြို့မှာ ပြုလုပ်မှာဖြစ်ပြီး လင်းလင်း ၊ ချစ်သုဝေ ၊ ခါရာ ၊ Mark Jason နဲ့ ဒေသခံ အဆိုတော်တွေပါဝင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပွဲလက်မှတ်တွေကို အမေရိကန် ဒေါ်လာ ၁၀၀ နဲ့ ၅၀ သတ်မှတ်ထားပြီး ဒေါ်လာ ၁၀၀ တန်လက်မှတ်ဝယ်ယူသူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အထူးအစီအစဉ်အနေနဲ့ ပွဲလုပ်မယ့်နေ့လည်ပိုင်းမှာ လင်းလင်းနဲ့ တွေ့ဆုံပွဲ ပြုလုပ်သွားမယ်လို့ ဒီပွဲကို စီစဉ်တဲ့ Myanmar Community Of Tulsa ကအသိပေးထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေ တို့က ပြီးခဲ့တဲ့ ၂၀၂၅ က အမေရိကန်ရဲ့ မြို့ကြီး ၁၁ မြို့မှာ ရောင်နီ ဖျော်ဖြေပွဲတွေပြုလုပ်ခဲ့ပြီး တော်လှန်‌ ထောက်ပို့ငွေ အမေရိကန်ဒေါ်လာ ၇၆၀၀၀၀ ကျော် ကို အရေးပေါ်သဘာဝဘေးနဲ့စစ်ရှောင်များ ကဏ္ဍ၊ကျန်းမာရေး ကဏ္ဍ၊ ပညာရေး ကဏ္ဍနဲ့ တောင်ပေါ်တောင်အောက် လူ့အခွင့်အရေးလှုပ်ရှားမှုများကဏ္ဍ တွေကို ပို့ဆောင်ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒီနှစ်ထဲမှာတော့ လင်းလင်းက တိုင်းရင်းသားဒေသတွေရဲ့ စစ်ဘေးရှောင် ၊ ပညာရေး ၊ ကျန်းမာရေး အတွက် ပြုလုပ်တဲ့ ဖျော်ဖြေပွဲတွေကို အနုပညာကြေးမယူပဲ ပါဝင်ပေးသွားမယ်လို့ အသိပေးထားပါတယ်။

“အဓိက သတင်းပါးချင်တာကတော့ မြို့နေရာအနှံ့က ပွဲလုပ်မယ့် ရောင်းရင်းတွေအနေနဲ့ ကျနော် လင်းလင်း၊ Treza နဲ့ အချိန်ပေးနိုင်သလို သီချင်းလိုက်ဆိုပြီး တာဝန်ထမ်းကြတဲ့ ရောင်းရင်းတွေဟာ ‘ ဆိုကြေး၊ ဆိုခ ‘ ငွေကြေး လုံးဝ မယူ၊ မတောင်းပါ ဗျ။ ” လို့ လင်းလင်းက ပြောထားပါတယ်။

လင်းလင်းက ပွဲကျင်းပမယ့်နေရာတွေကို ကားနဲ့ လာမှာဖြစ်တာကြောင့် ကားဆီဖိုး ကျ‌ခံပေးရမှာဖြစ်ပြီး ချစ်သုဝေအပါအဝင် အခြားအနုပညာရှင်တွေအတွက် ခရီးသွားလာတဲ့ လေယာဉ်ခကိုပဲ ကျခံပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ပွဲကျင်းပတဲ့သူတွေဘက်က ပွဲကရတဲ့ အကျိုးအမြတ် အားလုံးကို စစ်ရှောင်၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေအတွက် တကျပ်တပြားမကျန် ကူညီပေးဖို့ နဲ့ မြန်မာစစ်တပ်အသိုင်းအဝိုင်း၊ စစ်တပ်ဒေါက်တိုင်၊ တော်လှန်ရေးမှာ မပါတဲ့ စစ်တပ်အထိအစပ်၊ တော်လှန်ရေးမှာပါဝင်နေတဲ့ စစ်တပ်အထိအစပ် (ခြွင်းချက်မရှိ)၊ စစ်တပ်ပင်းတဲ့အဝန်းအဝိုင်း စတဲ့အရာတွေနဲ့ လုံးဝ(လုံးဝ) ကင်းရှင်းရမယ် လို့ လင်းလင်းက တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကိုမမေ့လျော့ကြဖို့အဓိကရည်ရွယ်တဲ့ Theatre 21 (ပြဇာတ် ၂၁)ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ရက်မှာ အမေရိကန်နိုင်ငံမေရီလန်းမှာ ပြုလုပ်မယ်လို့​​ကြေညာပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

Facebook