Connect with us

Hi, what are you looking for?

သတင်း

ဗန်း​မော်ကို ထပ်တက်တဲ့ စစ်သင်္ဘောအုပ်စု KIA ပူးပေါင်းတပ်တိုက်ခိုက်လို့ ၃ စီးထိမှန်၊ စစ်သင်္ဘောနစ်မြုပ်ပြီး ၁စီး မီးလောင်

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေ

(KIA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်သိမ်းထားတဲ့စစ်တပ်သင်္ဘော တစ်စီးကို ​တော်လှန်​ရေးတပ်​တွေက​ဖောက်ခွဲစဥ်။ဓါတ်ပုံ-Padang Nean)

စက်တင်ဘာ-၂၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ရွှေကူမြို့က​နေ ဗန်း​မော်မြို့ကို စစ်သင်္ဘောတွေ ဒီကနေ့ (စက်တင်ဘာ ၂ရက်) မနက်အစောမှာ ဆက်လက်ထွက်ခွာသွားရာကချင်လွတ်လပ်ရေတပ်မတော်(KIA)ပူးပေါင်းတပ်ကတိုက်ခိုက်လို့စစ်သင်္ဘောတွေပျက်စီးနစ်မြုပ်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

စစ်သင်္ဘောအုပ်စုဟာဩဂုတ် ၂၇ရက်မှာ စစ်ကိုင်းတိုင်း ကသာမြို့ကနေ ကချင်ပြည်နယ် ရွှေကူမြို့ကို ဝင်ရောက်လာတာဖြစ်ပါတယ်။

ကသာကနေရွှေကူမြို့ကိုဝင်လာချိန်မှာလည်း KIAပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့် သင်္ဘော ၁ စီးပျက်စီးခဲ့သလို ဩဂုတ် ၂၉ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာစဉ်မှာလည်း စစ်သင်္ဘော ၁စီး ထိမှန်မီးလောင်ခဲ့ရာ ကျန်သင်္ဘောတွေ ရွှေကူမြို့ကို ပြန်လှည့်သွားတာပါ။

Public Service Announcement

Public Service Announcement

အဲဒီလို ပြန်လှည့်သွားပြီး ရွှေကူမြို့မှာ ၃ရက်ကြာ ငြိမ်နေတဲ့ သင်္ဘောအုပ်စုဟာ စက်တင်ဘာ ၂ရက် မနက် အစော ၃နာရီခွဲမှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာလာရာ ဒုတိယမြစ်ကျဉ်းအနီးမှာ KIA ပူးပေါင်းတပ်က ဝိုင်းဝန်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ရှေ့ပြေးအကြီဆုံးစစ်သင်္ဘောတိုက်သင်္ဘောပေါ့။အဲဒါရေထဲကို မြုပ်သွားပြီ။ ဧရာ၀တီမြစ်ထဲကိုမြှုပ်သွားပြီ။ပြီးတော့ရိုးရိုးသံခွန်သင်္ဘောတစီးလည်း မီးလောင်နေပြီ။ နောက်တစီးလည်းထိထားတယ်။”လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်သင်္ဘောအုပ်စု ထွက်ခွာလာရာလမ်းကြောင်းတလျှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်သင်္ဘော ရေမြှုပ်သွားပြီး အခြားသင်္ဘောတွေထိခိုက်ထားသလိုလတ်တလောမြေပြင်တိုက်ပွဲတွေလည်း ရွှေကူ-ဗန်းမော်ကြား ဇင်းဘုံရွာအနီးဝန်းကျင်မှာ ပြင်းထန်နေတယ်လို့ အသိပေးပါတယ်။

စစ်သင်္ဘောအုပ်စုမှာ စစ်သင်္ဘော ၂စီး အပါအဝင်သင်္ဘော ၁၅စီး ပါဝင်တာဖြစ်ပါတယ်။ ဒီကနေ့ မနက် တိုက်ပွဲ မတိုင်မီ စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ်ကို ဝင်ရောက်စဉ် KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘော ၂စီးထက်မနည်း သုံးမရအောင် ပျက်စီးခဲ့ပြီး သင်္ဘော ၅စီးခန့်အာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက် ထွက်ပေါ်လာတဲ့ သင်္ဘောထိခိုက်ပျက်စီးမှု ရုပ်သံတွေအရ သိရပါတယ်။စစ်တပ်ကအချို့ သင်္ဘော​တွေကို ​ပြန်လည်ပြုပြင်တယ်လို့လည်း သိရပါတယ် ။

စင်တင်ဘာ ၂ ရက်တိုက်ပွဲမှာလည်းစစ်တပ်သင်္ဘောအုပ်စု ထပ်မံအထိနာခဲ့တာပါ။ဒါ​ပေမယ့် သင်္ဘောဘယ်နှစ်စီး ထိခိုက်ပျက်စီးပြီး ဘယ်နှစ်စီးကျန်​သေးလဲဆိုတဲ့အ​သေးစိပ် အချက်အလက်​တွေကို​တော့မသိရ​သေးပါဘူး။ ယခင်ရက်ကတိုက်ပွဲမှာ ထိမှန်ပြီး KIA နဲ့ KPDF ​​တွေသိမ်းဆည်းထားတဲ့ သင်္ဘောတစ်စီးကို ​တော်လှန်​ရေးတပ်​တွေက အခုရက်ပိုင်းမှာ ​ဖောက်ခွဲဖျက်ဆီးပြီးနစ်မြှပ်ခဲ့ပါတယ် ။

ဒါ့အပြင် KIA နဲ့ပူး​ပေါင်းတပ်က သြဂုတ် ၂၈ ရက်မှာရွှေကူမြို့နယ် ဇင်းဘုံရွာအနီးကစစ်တပ်ရဲ့ ခြေကုတ်စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီစခန်းဟာ ​ရွှေကူက​နေ ဗန်း​မော်မြို့ကို ဧရာဝတီမြစ်အတိုင်းဆန်တက်မယ်ဆိုရင် လုံခြုံ​ရေးအတွက်အ​ရေးပါတဲ့စခန်းဖြစ်ပါတယ် ။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်သင်္ဘောတွေ ရွှေကူကနေ ဗန်းမော်မြို့ မတက်လာခင်ကတည်းက KIA ပူးပေါင်းတပ်အနေနဲ့ စစ်တပ်သင်္ဘောတွေကိုလက်ဗလာနဲ့ ကြိုဆိုနေမှာ မဟုတ်ဘဲ တိုက်ခိုက်သွားမယ်လို့ အသိပေးထားတာဖြစ်ပါတယ်။အဲဒီလိုအသိပေးထားတဲ့အတိုင်း တိုက်ခိုက်ခဲ့ရာ သင်္ဘော ထိခိုက်ပျက်စီးမှုတွေလည်းတွေ့နေရပြီဖြစ်ပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်အတွင်း လက်လွှတ်ထားရတဲ့နယ်မြေတွေပြန်လည်စိုးမိုးထိန်းချုပ်လိုတာကြောင့် လေကြောင်း၊ ရေကြောင်း၊ မြေပြင် ကနေ စစ်အင်အားတွေဖြည့်တင်း စစ်ကြောင်းထိုး နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၂တိုက်ပွဲ စစ်သင်္ဘော၁စီး နစ်မြုပ်၊ ၂ စီး ပျက်စီးပြီး မြေပြင်စစ်တပ်စစ်ကြောင်းတပ်လန်

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စစ်တပ် ခြေကုပ်စခန်းကုန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ