Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော််မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုဖို့ ဖားကန့်ပြည်သူတွေ တောင်းဆို

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ-၂၊၂၀၂၆။တေဇ/People’s Spring

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုမှာ ဖားကန့်မှော်လှည့်သပိတ်အဖွဲ့နဲ့ အတူ ပြည်သူတွေလည်း ပါဝင်ခဲ့ကြပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN credential committee ကဆက်လက်အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ကြတာပါ။

“Our UN Ambassador is HE U Kyaw Moe Htun” “Our UN Ambassador HE U Kyaw Moe Htun True Voice of Myanmar”စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး လှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် UN Credential Committee အနေနဲ့ စစ်တပ်က အမည်စာရင်းပေးထားတဲ့ သံအမတ်အတုကို အသိအမှတ်လုံးဝ မပြုဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နောင်းမီကျေးရွာက အရပ်သား ပြည်သူ ၄ဦးကို စစ်တပ်လက်အောက်ခံပြည်သူ့စစ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ (၃၈)နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲကို ဖားကန့်မှော်လှည့်သပိတ်က ဒီကနေ့ (သြဂုတ် ၈) မနက်က ပြုလုပ်ခဲ့ပါတယ်။