သြဂုတ်-၃၀၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။
မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးဇုန်အနီး MNDAA နဲ့ AAပူးပေါင်းစစ်ဆေးဂိတ်မှာ ဩဂုတ်လ ၂၉ ရက် နေ့လယ်က ဖြစ်ပွားခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။
“အဲဒီအမျိုးသမီးကမူးယစ်ဆေးသုံးလာတယ်ဗျ။သူက လုံထန်ပသစ ခေါင်းဆောင်ရဲ့ ချွေးမ။ဂိတ်ကို စကစဂိတ်လားလို့ မေးပြီး ဆဲသေးတယ်။ပြီးတော့ဝင်တိုက်တယ်။စစ်ဆေးဖို့လုပ်တော့ကားကိုအတင်းမောင်းပြေးတာ။အဲဒီမှာ ပစ်ပြီးတားတာကနေဖြစ်တာပဲ”လို့မူဆယ်မြို့ခံတဦးကပြောပါတယ်။

Public Service Announcement
သက်လက်ပိုင်းအရွယ်အဲဒီအမျိုးသမီးက မူးယစ်ဆေးအလွန်အကျွံသုံးပြီး မူဆယ်မြို့ထဲမှာသွားလာလေ့ရှိတယ်လို့ဒေသခံအချို့ကပြောပါတယ်။ စစ်ဆေးရေးဂိတ်အနီး နေရာတွေကိုကားနဲ့မတိုက်ခင်မှာဒီနေရာမှာMNDAA နဲ့ AA စခန်းမထိုင်နဲ့လို့လည်း ပြောခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
စစ်ဆေးရေးဂိတ်ကို တိုက် ပြေးလို့ AAတပ်ဖွဲ့ဝင်က ပစ်လိုက်စဉ် ကျည်ထိမှန်သေဆုံးတာလို့ သတင်းရင်းမြစ်အချို့ကပြောပါတယ်။
အထက်ပါဖြစ်စဥ်နဲ့ပတ်သက်ပြီးလုံထန်ပြည်သူ့စစ်အဖွဲ့ကို ဆက်သွယ်လို့မရသေးသလို MNDAA နဲ့ AA ကလည်း သတင်းထုတ်ခြင်းမရှိသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့နယ်မှာစစ်တပ်လက်အောက်ခံလုံထန်၊ ကောင်းခါး၊ ပန်ဆေး၊တာမိုးညဲ နဲ့ ပိန်းဆာပြည်သူ့စစ်အပါအဝင် ပြည့်သူ့စစ်အဖွဲ့ ဆယ်ဖွဲ့ထက်မနည်းရှိနေပြီး ကျားဖြန့်ဂိုဏ်းတွေနဲ့လည်း ပတ်သက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန် နဲ့ ကျင်စန်းကျော့ဂိတ်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်းမှမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားပါတယ်။


















































