Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက်ဆီ အာဂျင်တီးနားလက်​ရွေးစဥ်အသင်းမှအနားယူ​​

ကမ္ဘာ့အ​ကောင်းဆုံး​​ဘောလုံးသမားအဖြစ်ဘလွန်းဒီ​​​အောစံချိန်တင် ၈ ကြိမ် နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဆွတ်ခူးထားတဲ့ ကမ္ဘာ​ကျော်​ဘောလုံးသမားမက်ဆီကနိုင်ငံလက်​ရွေးစင်အသင်းက​နေ အနားယူလိုက်ပြီဖြစ်​ကြောင်း​ကြေညာလိုက်ပါတယ် ။

သြဂုတ်-၃၁၊၂၀၂၆။People’s Spring

ကမ္ဘာ့အ​ကောင်းဆုံး​​ဘောလုံးသမားအဖြစ်ဘလွန်းဒီ​​​အောစံချိန်တင် ၈ ကြိမ် နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဆွတ်ခူးထားတဲ့ ကမ္ဘာ​ကျော်​ဘောလုံးသမားမက်ဆီကနိုင်ငံလက်​ရွေးစင်အသင်းက​နေ အနားယူလိုက်ပြီဖြစ်​ကြောင်း​ကြေညာလိုက်ပါတယ် ။

အာဂျင်တီးနားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲပြီးတဲ့နောက် အချိန်အများကြီးစဉ်းစားခဲ့ပြီးမှ အနားယူဖို့ဆုံးဖြတ်ခဲ့တာလို့ မက်ဆီက သူရဲ့ ​ဖေစ်ဘွခ် နဲ့ အစ်စတာဂရမ်က​နေအသိ​ပေးပါတယ် ။

“အခုတော့ အာဂျင်တီးနားနိုင်ငံအသင်းကနေ အနားယူတော့မယ်ဆိုတာ အားလုံးကို အသိပေးချင်ပါတယ်။ဒီဆုံးဖြတ်ချက်က ကျွန်တော့်အတွက် အရမ်းနာကျင်ရပါတယ်။ အခုထိလည်း ရင်ထဲမှာ နာကျင်နေဆဲပါ။ ဒါပေမယ့် အနားယူရမယ့်အချိန် ရောက်လာပြီဆိုတာကိုတော့ နားလည်ပါတယ်။ကျွန်တော် ဒီဂျာစီအတွက် အမြဲတမ်း အားကုန်ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးနှစ်တွေမှာ အောင်မြင်မှုတွေရခဲ့တဲ့အချိန်တွေမှာတင် မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ဒီဂျာစီကို ဝတ်ဆင်ပြီး အာဂျင်တီးနားသားတွေ ပျော်ရွှင်ဂုဏ်ယူနိုင်အောင် အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်”လို့မက်ဆီက​ရေးသားထားပါတယ် ။

Public Service Announcement

Public Service Announcement

ခရီးတစ်ခုရဲ့ အဆုံးကို ရောက်လာခဲပြီး ဒီအခန်းကို ပိတ်လိုက်ရတဲ့အတွက်အရမ်းနာကျင်ရတယ်လို့လည်း​ရေးသားထားပါတယ် ။ နိုင်ငံအသင်းနဲ့အတူ ရှိခဲ့ရတာကို အရမ်းချစ်ခဲ့သလို၊ အခုလည်း ချစ်နေဆဲဖြစ်ပြီး နောင်လည်း အမြဲချစ်နေမှာပါလို့​လည်းဆိုပါတယ်။

“ကျွန်တော့်မှာ ထပ်ပေးစရာ ဘာမှမကျန်တော့တဲ့အထိ အားကုန်ပေးဆပ်ခဲ့ပြီးပါပြီ။ အခုလည်း ဒီနေရာနဲ့ထိုက်တန်တဲ့ လူငယ်ကစားသမားကောင်းတွေ ပေါ်လာနေပြီဖြစ်လို့ သူတို့အတွက် နေရာပေးရမယ့်အချိန် ရောက်လာပါပြီ” လို့သူက​ရေးသားထားပါတယ်။

လက်​ရွေးစင်ကစားသမားဘဝ နှစ် ၂၀​ကျော် အတွင်းချစ်ခင်အားပေးခဲ့ကြတဲ့ အားလုံးကို ကျေးဇူးတင်​ကြောင်းလည်း​ဖော်ပြထားပါတယ်။

ပရိတ်သတ်​တွေရဲ့အားပေးသံတွေကိုအရမ်းလွမ်းနေမှာဖြစ်သလို အခုကစပြီးတော့ မက်ဆီကိုယ်တိုင်လည်းအပြင်ကနေ အာဂျင်တီးနားအသင်းကို အမြဲအားပေးနေမဲ့ပရိတ်သတ်ဖြစ်တော့မယ်လို့လည်း ​ရေးထားပါတယ်။အာဂျင်တီးနားကို အကောင်းဆုံးအချိန်တွေမှာရော၊ ခက်ခဲတဲ့အချိန်တွေမှာပါ အမြဲတမ်း အားပေးနေမှာဖြစ်တယ်လို့လည်း ​ရေးထားပါတယ်။

“ဒီလှပပေမယ့် ခက်ခဲခဲ့တဲ့ခရီးတစ်လျှောက် ကျွန်တော့်အနားမှာ အမြဲရှိပေးခဲ့တဲ့ မိသားစုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့အတူ ခရီးတစ်လျှောက် ဖြတ်သန်းပေးခဲ့ကြတဲ့ နည်းပြတွေ၊ အသင်းဖော်တွေနဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ မမေ့နိုင်တဲ့ အမှတ်တရတွေနဲ့ အချိန်ကောင်းတွေကို အမြဲသိမ်းထားမှာပါ”လို့ မိသားစု​တွေကိုအသိအမှတ်ပြု​ရေးထားပါတယ် ။

ဒါအပြင် အသင်း​ဖော်​တွေအတွက်ကိုလည်း

“အသင်းဖော်တွေနဲ့အတူ မင်းတို့အတွက် အိပ်မက်လိုဖြစ်ခဲ့တဲ့ အချိန်တွေကို ဖန်တီးပေးနိုင်ခဲ့တာအတွက် ဂုဏ်ယူပါတယ်။ မင်းတို့နဲ့အတူ ဒီအရာအားလုံးကို ဖြတ်သန်းခွင့်ရခဲ့တာ တကယ်ကို မယုံနိုင်လောက်အောင် အံ့သြစရာကောင်းခဲ့ပါတယ်။အားလုံးကို ချစ်ပါတယ်”လို့​ရေးထားပါတယ်။

အာဂျင်တီးနားသားတစ်ယောက်အဖြစ် မွေးဖွားခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလည်းကျေးဇူးတင်ပါသိလို အာဂျင်တီးနား အမြဲတမ်းအောင်မြင်ပါစေလို့စာကိုအဆုံးသတ်ထားပါတယ် ။

မက်ဆီဟာဒီစာကိုဗိုလ်လုပွဲပြီး နှစ်ရက်အကြာ၊ ဇူလိုင် ၂၁ ရက်နေ့မှာကတည်းကသူကိုယ်တိုင် ရေးထားတာပါ။ မက်ဆီရဲ့ဖခင်ဟာ သြဂုတ် ၇ ရက်မှာကွယ်လွန်ခဲ့ပြီး ဖခင်မရှိ​တော့တဲ့နောက် လက်​ရွေးစင်အသင်းက​နေ အနားယူမယ့်ဆုံးဖြတ်ချက်ဟာအရင်ကထက် ပိုပြီးခိုင်မာလာတယ်လို့ အသိ​ပေးပါတယ်။

မက်ဆီဟာအာဂျင်တီးနားအသင်းအတွက် ၂၀၇ ပွဲကစားပြီး ၁၂၅ ဂိုးသွင်းယူ​ပေးထားပါတယ် ။ မက်ဆီဟာ​ဘလွန်ဒီ​အောဆု အများဆုံး ၊FIFA ရဲ့ကမ္ဘာ့အ​ကောင်းဆုံး​ဘောလုံးသမားဆုအများဆုံး ၊ ချန်ပီယံဆုဖလား စုစု​ပေါင်း ၄၇ ခု စတဲ့ စံချိန်မှတ်တမ်းများစွာစိုက်ထူထားတဲ့ ဂန္တဝင် ကစားသမားဖြစ်ပါတယ်။

မက်ဆီဟာလက်ရှိ​ အ​မေရီကန်က ​မေဂျာလိဂ် ကလပ်အင်တာမိုင်ယာမီမှာ ဆက်ကစား​နေပြီး ကလပ်အသင်းမှာ​တော့ဆက်ကစားဦးမှာဖြစ်ပါတယ်။မက်ဆီဟာ ပ​ရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ သွင်းဂိုးစုစု​ပေါင်း ၉၂၇ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၄၂၁ ကြိမ်ပြုလုပ်ထားကာ ​ဘောလုံးသမိုင်းတ​လျှောက်ဂိုးရဖို့ ပါဝင်ပတ်သက်မှု ၁၃၈၄ ဂိုး နဲ့အများဆုံးစံချိန်ရှင်ဖြစ်ပါတယ် ။

ဓါတ်ပုံ-Getty ,Sports illustrated ,leo messi’s FB

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် လီယွန်နယ် မက်ဆီရဲ့ ဖခင်ဖြစ်သူဟာ အသက် ၆၈ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

တစ်ချိန်က ကလေးငယ်လေးတစ်ယောက်အဖြစ် မက်ဆီရဲ့ လက်ထဲမှာ ရှိခဲ့တဲ့ လာမင်း ယာမယ်လ် (Lamine Yamal) ဟာ အခုတော့ ဘာစီလိုနာမှာ မက်ဆီရဲ့ နောက်ဆက်ခံသူ တစ်ယောက်ဖြစ်လာ ခဲ့သလို၊ ကမ္ဘာ့ဘောလုံး လောကမှာပါ သူ့နေရာကို ဆက်ယူလာ နိုင်တဲ့သူ ဖြစ်လာ နေပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို သီးသန့် လူကပ် ကစားစေမှာ မဟုတ်ကြောင်း စပိန်အသင်း မန်နေဂျာ လူးဝစ် ဒယ်လာဖွန်တေးက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက် တွေ့ဆုံကြမယ့် ကမ္ဘာကျော် ဘောလုံးသမား နှစ်ဦးရဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက အမှတ်တရ ဓာတ်ပုံကို ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ပြန်လည် မျှဝေခဲ့ပါတယ်။