Connect with us

Hi, what are you looking for?

သတင်း

ရွှေကူတ်ိုက်ပွဲမှာ သိမ်းယူထားတဲ့ စစ်တပ်ရဲ့သင်္ဘောကို KIA၊ KPDF နှစ်မြှုပ်ဖျက်ဆီး

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

Screenshot

စက်တင်ဘာ-၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

မန္တလေးဂေါဝန်ဆိပ်ကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော၁၅ စီးပါအုပ်စုထဲကတစ်စီးကို ဩဂုတ် ၂၉ရက်မှာKIA၊KPDF ပူးပေါင်းတပ်က ရွှေကူမြို့နယ်ထဲမှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ သင်္ဘောကို​စောင့်​နေတဲ့စစ်သား​တွေက တိုက်ခိုက်ခံရချိန်မှာ ထွက်​ပြေးသွားကြပါတယ်။

စက်တင်ဘာ ၁ ရက်ညမှာ​တော့ ကချင်စစ်​ရေးအ​ခြေအ​နေ​တွေ​ရေးသားတင်​ပေး​နေတဲ့လူမှုကွန်ယက်​တွေမှာ စစ်သင်္ဘောကို ​ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ရုပ်သံမှတ်တမ်းကို​ဖော်ပြလာပါတယ် ။အဲဒီသင်္ဘောကို အပြီးဖျက်ဆီးလိုက်တယ်လို့ KIAနဲ့ နီးစပ်တဲ့စစ်ရေးသတင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ရွှေကူမြို့နယ်ထဲမှာဖြစ်ပွားတဲ့ မြေပြင်တိုက်ပွဲတွေနဲ့ စစ်သင်္ဘောအုပ်စုကိုတိုက်ခိုက်နေတဲ့ ဧရာဝတီ မြစ် ကြောင်းထဲကတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ သတင်းရရှိပါတယ်။

“ရွှေကူဆေးရုံမှာကုတင်တွေဆွဲထုတ်ပြီးကြမ်းပြင်ပေါ်မှာကုနေရတာ။စစ်တပ်အရမ်းအထိနာထားတယ်။ လေကြောင်းကနေလည်းဆက်တိုက်လာကြဲနေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သီးခြားအတည်မပြုနိုင်ပေမဲ့ ခလရ(၁၂၀) တပ်ရင်းမှူး သေဆုံးခဲ့သလို ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အဆင့်အရာရှိတွေပါတယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာနရဲ့ သတင်းဖော်ပြချက်အရ စစ်တပ်ဟာ ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့၊ ရွှေကူနဲ့ ဗန်းမော်ကြားက စင်းခန်းတံတားကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြည်း၊ရေ၊လေ ထိုးစစ်ဆင်နေတာလို့ အသိပေးထားပါတယ်။စက်တင်ဘာလ၁ရက်နေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။

သင်္ဘောတိုက်ခိုက်ဖျက်ဆီးခံရတဲ့အထိမြေပြင်တိုက်ပွဲတွေမှာအထိနာနေပေမယ့် စစ်အုပ်စုက တပ်တွင်းဆိုကရေးတီးပြိုင်ပွဲပြုလုပ်နေပါတယ်။ စက်တင်ဘာ၁ ရက်မှာစစ်တပ်တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကပွဲတက်ပြီး ပြုံးပျော်နေလို့ စစ်တပ်မိသားစုဝင်တွေကိုယ်တိုင် ပြန်လည်ဝေဖန်နေကြတာ​တွေ့ရပါတယ်။

​ရွှေကူ​ရောက် စစ်သင်္ဘောအုပ်စုထဲမှာ တချို့သင်္ဘော​တွေလည်းတိုက်ခိုက်ခံရလို့ ထိခိုက်ပျက်စီးမှု​တွေရှိ​ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်သင်္ဘောအုပ်စု ဗန်း​မော်ကိုဆန်တက်ရင် လုံခြုံ​ရေး​ပေးဖို့အတွက် အ​ရေးကြီးတဲ့ ရွှေကူမြို့နယ်၊ ဇင်းဘုံရွာအနီးက စစ်တပ်ရဲ့ ခြေကုတ်စခန်းကုန်းကို KIA ဦး​ဆောင်တဲ့ပူး​​ပေါင်းတပ်က သြဂုတ် ၃၀မှာသိမ်းပိုက်ခဲ့ပါတယ်။စစ်တပ်ဘက်ကအရာရှိ​တွေအပါအဝင်​သေဆုံးဒဏ်ရာရသူများပြီးအထိနာခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook