Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ်က စစ်တပ်ခြေကုပ်စခန်းကုန်း ၁ခု KIA ပူးပေါင်းတပ် သိမ်းပိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စစ်တပ် ခြေကုပ်စခန်းကုန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(၂၀၂၁ ခုနှစ်မှာ KIA တပ်ဖွဲ့ဝင်​တွေကို ​ရှေ့တန်းတစ်​နေရာမှာ​တွေ့ရစဥ်။ဓါတ်ပုံ-File)

ဩဂုတ် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စစ်တပ် ခြေကုပ်စခန်းကုန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ် ၃၀ရက်မှာ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးက ခြေကုတ်စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အခုသိမ်းရခဲ့တာဟာ စစ်တပ်က ယာယီခြေကုပ်ယူထားတဲ့နေရာဖြစ်တယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ ကျဆုံးထိခိုက်နဲ့ လက်နက်ခဲယမ်းရရှိမှု ရှိ၊မရှိ အခြေအနေတွေကိုတော့ လတ်တလော ဖြေကြားခြင်းမရှိသေးပါဘူး။

KIAနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဟာ ဩဂုတ် ၂၉ရက်ကလည်း ဇင်းဘုံရွာအနီးတိုက်ပွဲမှာ စစ်တပ် အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ အခြားကချင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်ကို စစ်ရေယာဉ်တွေသုံး အင်အားဖြည့်ဖို့ ကြိုးပမ်းနေသလို စစ်သင်္ဘောလုံခြုံရေး၊ နယ်မြေ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်တာတွေ ပြုလုပ်ခဲ့လို့ ရွှေကူနယ်မှာ တိုက်ပွဲပြင်းထန်နေတာပါ။

စစ်သင်္ဘောအချို့ဟာ ကသာနဲ့ ရွှေကူမြို့အကြားမှာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုခံခဲ့ရသလို ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်တက်ဖို့ ကြိုးပမ်းရာမှာလည်း KIA တပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောအုပ်စု ရှေ့မတိုးနိုင်ဘဲ တပ်ပြန်ဆုတ်ခဲ့ရတာရှိပါတယ်။

စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်ပြုလုပ်တုန့်ပြန်လျက်ရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။

ကချင်ပြည်နယ်မှာ KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေဒေသတွေ ပြန်ရဖို့ စစ်တပ်က ကြိုးပမ်းလျက်ရှိရာ ရွှေကူမြို့မှာ အခုနှစ် မေလကစ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ