Connect with us

Hi, what are you looking for?

သတင်း

တိုကျိုမြို့ရှိ ထိုင်းသံရုံးရှေ့မှာ ဂျပန်ရောက်မြန်မာတွေ ဆန္ဒပြ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ထိုင်းနိုင်ငံသံရုံး အနီးမှာ ဂျပန်ရောက် မြန်မာတွေ စုပေါင်းပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်ကာ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံနေမှုကို ထိုင်းအစိုးရအနေနဲ့ ရပ်တန့်ပေးဖို့ တောင်းဆိုတဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - NUG Support Team Japan

စက်တင်ဘာ ၂၊၂၀၂၆။သုည/People’s Spring

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ထိုင်းနိုင်ငံသံရုံး အနီးမှာ ဂျပန်ရောက် မြန်မာတွေ စုပေါင်းပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်ကာ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံနေမှုကို ထိုင်းအစိုးရအနေနဲ့ ရပ်တန့်ပေးဖို့ တောင်းဆိုတဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူတွေက “Please Respect the Voices of the People of Myanmar” ၊ “Stop Engaging with the Myanmar Military Junta!” ပိုစတာတွေနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး မြန်မာပြည်သူတွေရဲ့ အသံနဲ့ ဆန္ဒကို လေးစားနားထောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်နဲ့ ထိုင်းအစိုးရရဲ့ လက်ရှိဆက်ဆံရေးအပေါ် သဘောထားတွေကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းဆန္ဒဖော်ထုတ်ပွဲမှာ မြန်မာပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုတဲ့ ပေးစာတစ်စောင်ကိုလည်း ထိုင်းသံရုံးမှတစ်ဆင့် ထိုင်းအစိုးရထံ ပေးပို့ခဲ့ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ သဘောထားတွေကို လေးစားနားထောင်ပေးဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆက်ဆံမှုတွေကို ရပ်တန့်ပေးဖို့၊ မြန်မာစစ်တပ်ကို ပံ့ပိုးခြင်းမပြုဘဲ မြန်မာပြည်သူတွေကိုသာ လူသားချင်းစာနာထောက်ထားမှုနဲ့လိုအပ်တဲ့ အကူအညီပံ့ပိုးပေးဖို့၊ စစ်အုပ်စုရဲ့ အသံကိုသာ နားထောင်ခြင်းမပြုဘဲ ပြည်သူတွေရဲ့ အသံနဲ့ဆန္ဒတွေကို နားထောင်ပေးဖို့၊ SCEF နဲ့ NUG တို့အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို လက်မခံကြောင်း ထုတ်ဖော်ပြောကြားပေးဖို့တို့ပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒါရိုက်တာကိုပေါက်ရိုက်ကူးပြီးမင်းမော်ကွန်းနဲ့မြေပြင်က ရဲဘော်တွေသရုပ်ဆောင်ထားတဲ့ ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားကိုဒီကနေ့ (သြဂုတ်၂၄)မှာဂျပန်နိုင်ငံ၊ တိုကျိုမြို့က Edogawa Cultural Center မှာ ပြသခဲ့ပါတယ်။

သတင်း

ဗီဇာငွေပေးချေ‌ရန်နှင့် အွန်လိုင်းBooking တင်သည့် စနစ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာမည်ဟုဆိုသည်။

News

ဆန္ဒပြသူများသည် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခံရသည့် ထန်တလန်မြို့ သားများနှင့် အတူ ရပ်တည်ကြောင်းလည်း ကြွေးကြော်ဆန္ဒပြ ခဲ့ကြသည်။

News

"ဗီဇာဝန်ဆောင်မှုအားလုံး ရပ်ထားတာပါ။ လာမယ့် တနင်္လာနေ့ ဇူလိုင် ၁၆ ရက်ကျမှ ပြန်ဖွင့်ဖို့ရှိပါတယ်" လို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံး ဗီဇာဌာနက ပြောပါတယ်။