Connect with us

Hi, what are you looking for?

သတင်း

ပြုံးပြုံးလေး နဲ့ တော်လှန်သွားမယ့်တိုကျိုရောက် မြန်မာ​တွေ

ဒါရိုက်တာကိုပေါက်ရိုက်ကူးပြီးမင်းမော်ကွန်းနဲ့မြေပြင်က ရဲဘော်တွေသရုပ်ဆောင်ထားတဲ့ ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားကိုဒီကနေ့ (သြဂုတ်၂၄)မှာဂျပန်နိုင်ငံ၊ တိုကျိုမြို့က Edogawa Cultural Center မှာ ပြသခဲ့ပါတယ်။

တိုကျိုမှာ ပြုံးပြုံး​လေး ရုပ်ရှင်ပြသစဥ်။ဓါတ်ပုံ-နှင်းဆီ

သြဂုတ်-၂၄၊၂၀၂၅။နှင်းဆီ/People’s Spring

ဒါရိုက်တာကိုပေါက်ရိုက်ကူးပြီးမင်းမော်ကွန်းနဲ့မြေပြင်က ရဲဘော်တွေသရုပ်ဆောင်ထားတဲ့ ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားကိုဒီကနေ့ (သြဂုတ်၂၄)မှာဂျပန်နိုင်ငံ၊ တိုကျိုမြို့က Edogawa Cultural Center မှာ ပြသခဲ့ပါတယ်။

ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားဟာတကယ့်မြေပြင်ကရဲဘော်တွေရဲ့ ဖြစ်ရပ်မှန်တွေ ၊ ရဲဘော်​တွေရဲ့လက်တွေ့ဘဝအရှိအတိုင်းသရုပ်ဖော်ထားတာလို့ သိရပါတယ်။

“ပြုံးပြုံးလေးရုပ်ရှင်ပြသရာမှာအထူးအထွေ ကြီးမားတဲ့အခက်အခဲမရှိခဲ့ပါဘူး။ တော်လှန်ရေးစကတည်းက ပွဲတွေကျင်းပရာမှာ အတူတကွလုပ်ခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့အတူလုပ်တာမို့ပါ။”

Public Service Announcement

Public Service Announcement

လို့ ပွဲကျင်းပတဲ့ ဂျပန်က ရဲဘော်အဖွဲ့သားတစ်ဦးဖြစ်တဲ့ ကိုဘန်နီက ပြောပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကို တိုကျိုရောက်မြန်မာတွေတင်သာမက ဂျပန်လူမျိုးတွေပါလာရောက်အားပေးကြတာ တွေ့ရပါတယ်။

ပြုံးပြုံးလေး လာအားပေးတဲ့ ဂျပန်လူမျိုး တဦးက ” မကြည့်ခင်က ဟာသကားများလား လို့မှတ်တာ အင်တာနက်ပေါ်ကနေ မိတ်ဆွေဖြစ်နေတဲ့ KNDF ထဲကသူတွေလည်း ပိတ်ကားပေါ်မြင်ရတော့ စိတ်ရောကိုယ်ပါအားတက်သရော ခံစားကြည့်လို့ရသွားပြီး ခဏလေးနဲ့ ရုပ်ရှင်ပြီးသွားသလိုခံစားရပါတယ်။ ”လို့ ပြောပါတယ်။

ဇာတ်ကားပြသမှုပြီးသွားတဲ့အချိန် ဒါရိုက်တာကိုပေါက်၊ ပြုံးပြုံးလေး အဖွဲ့တော်သားများနဲ့ တိုကျိုရောက်မြန်မာရဲဘော်တွေ Zoomကနေ စကားပြောခဲ့ကြပြီး တော်လှန်ရေးအတွင်း ကျဆုံးသွားသူ​တွေအတွက်မတ်တပ်ရပ်ဆုတောင်း​ပေးခဲ့ကြပါတယ်။

ရုပ်ရှင်အပြီးမှာCDMကျောင်းဆရာရဲဘော်အောင်သန်းလှိုင် ရဲ့ ကရင်နီအမျိုးသမီးပန်းချီကားတချပ် ကိုလေလံဆွဲရာ ကျပ်သိန်း ၂၀၀ ခန့်နဲ့ညီမျှတဲ့ ယန်း ၆၆၀,၀၀၀ ရရှိခဲ့ပြီး အဆိုပါငွေအားလုံးဟာ မြေပြင်ကိုစီးဆင်းမှာဖြစ်တယ်လို့ သိရပါတယ်။

အခက်အခဲတွေရှိပေမဲ့ တော်လှန်ရေးညီအစ်ကိုမောင်နှမများ စည်းလုံးစွာနဲ့ လက်တွဲမဖြုတ် ပြုံးပြုံးလေး ရှေ့ဆက်ကြမယ်လို့ ပွဲစီစဥ်သူတွေက ​ပြောပါတယ်။မင်းမော်ကွန်းShow ပွဲတိုကျိုမှာကျင်းပစဥ်က ရရှိတဲ့ အမြတ်ထဲက တချို့ကို ပြုံးပြုံးလေးရိုက်ဖို့ ကူညီပေးခဲ့တယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

သတင်း

ရုပ်ရှင်အစည်းအရုံးတည်ထောင်တဲ့ နှစ်(၈၀) ပြည့်အထိမ်းအမှတ် နှင်းဆီအဖွဲ့ရဲ့ ‌ဖျော်ဖြေပွဲက စစ်ကောင်စီဘက်က ဖိအားတွေကြောင့် လုပ်တာမဟုတ်ပဲ အဖွဲ့သားတွေကိုယ်တိုင် တတ်တတ်ကြွကြွလုပ်ဆောင်နေတာဖြစ်တယ်လို့ ရုပ်ရှင်လောကက သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရဲဘော်တွေအတွက် ခြေတု၊လက်တု တပ်ဆင်ပေးနိုင်ဖို့ရည်ရွယ်တဲ့ တော်လှန်အနုပညာရှင် မင်းမော်ကွန်းရဲ့ မွေးနေ့ လက်ဆောင်ကမ်ပိန်းက အောင်မြင်ခဲ့ပြီး မျှော်မှန်းထားတဲ့ ပမာဏထပ် ရန်ပုံငွေ ပိုရခဲ့တယ်လို့ Artists' Shelter က ထုတ်ပြန်ပါတယ်။

သတင်း

ဖေဖော်ဝါရီ‌လမွေးနေ့ရှင် တော်လှန်အနုပညာရှင် မင်းမော်ကွန်းက တိုက်ပွဲတွေမှာထိခိုက်ဒဏ်ရာရရှိပြီး ခြေလက်အင်္ဂါဆုံး‌ရှုံးထားတဲ့ ရဲဘော်တွေကို ထောက်ပံ့ပေးနိုင်ဖို့ မွေးနေ့လက်ဆောင် ကမ်ပိန်းကို ပြုလုပ်နေပါတယ်။