Connect with us

Hi, what are you looking for?

News

ရန်ကုန်ကထိုင်းသံရုံး ဗီဇာဝန်ဆောင်မှုအားလုံးကို ယာယီရပ်ဆိုင်း

“ဗီဇာဝန်ဆောင်မှုအားလုံး ရပ်ထားတာပါ။ လာမယ့် တနင်္လာနေ့ ဇူလိုင် ၁၆ ရက်ကျမှ ပြန်ဖွင့်ဖို့ရှိပါတယ်” လို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံး ဗီဇာဌာနက ပြောပါတယ်။

ရန်ကုန်မှာ ကိုဗစ် ကူးစက်မှုဖြစ်ပွားနေတဲ့အတွက် ထိုင်းသံရုံးအနေနဲ့ ဗီဇာဝန်ဆောင်မှုကို ဒီနေ့ ဇူလိုင်လ၁၂ ရက်ကနေ ဇူလိုင်လ ၁၆ ရက်အထိ ယာယီရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ပါတယ်။

“ဗီဇာဝန်ဆောင်မှုအားလုံး ရပ်ထားတာပါ။ လာမယ့် တနင်္လာနေ့ ဇူလိုင် ၁၆ ရက်ကျမှ ပြန်ဖွင့်ဖို့ရှိပါတယ်” လို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံး ဗီဇာဌာနက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေကြရပြီးထိုင်းနိုင်ငံမှာဆိုရင်လည်း ကိုဗစ်ကြောင့် မြို့တော်ဘန်ကောက်အပါအဝင် ခရိုင် ၁၀ ခရိုင်ကို ည ၉ နာရီကနေ မနက် ၄ နာရီအထိ အိမ်အပြင်မထွက်ဖို့အတွက် ဒီနေ့ကစတင်ပြီးကန့်သတ်ထားတယ်လို့သိရပါတယ်။

အဲဒီခရိုင်တွေကတော့ ဘန်ကောက် ၊ ပထုံထာနီ ၊ စမွန်ပါရကန် ၊စမွတ်စာခွန် ၊ နွန်ထပ်ပူရီ ၊ နခွန်ပထွန်မ်၊ နာလာထိဝါ့၊ပတ်တာနီရလာနဲ့ စွန်ခလာခရိုင်တို့ပဲဖြစ်ပါတယ်။ထိုင်းဟာ ဆိုးရွားတဲ့ တတိယလှိုင်းကို ပြီးခဲ့တဲ့ ဧပြီလကတည်းက စတင်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိတော့ ကိုဗစ်ကြောင့် လူနှစ်သိန်းရှစ်သောင်းကျော် ကူးစက်ခံခဲ့ရပြီး နှစ်ထောင့်လေးရာကျော် သေဆုံးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။