Connect with us

Hi, what are you looking for?

News

ရန်ကုန်ကထိုင်းသံရုံး ဗီဇာဝန်ဆောင်မှုအားလုံးကို ယာယီရပ်ဆိုင်း

“ဗီဇာဝန်ဆောင်မှုအားလုံး ရပ်ထားတာပါ။ လာမယ့် တနင်္လာနေ့ ဇူလိုင် ၁၆ ရက်ကျမှ ပြန်ဖွင့်ဖို့ရှိပါတယ်” လို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံး ဗီဇာဌာနက ပြောပါတယ်။

ရန်ကုန်မှာ ကိုဗစ် ကူးစက်မှုဖြစ်ပွားနေတဲ့အတွက် ထိုင်းသံရုံးအနေနဲ့ ဗီဇာဝန်ဆောင်မှုကို ဒီနေ့ ဇူလိုင်လ၁၂ ရက်ကနေ ဇူလိုင်လ ၁၆ ရက်အထိ ယာယီရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ပါတယ်။

“ဗီဇာဝန်ဆောင်မှုအားလုံး ရပ်ထားတာပါ။ လာမယ့် တနင်္လာနေ့ ဇူလိုင် ၁၆ ရက်ကျမှ ပြန်ဖွင့်ဖို့ရှိပါတယ်” လို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံး ဗီဇာဌာနက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေကြရပြီးထိုင်းနိုင်ငံမှာဆိုရင်လည်း ကိုဗစ်ကြောင့် မြို့တော်ဘန်ကောက်အပါအဝင် ခရိုင် ၁၀ ခရိုင်ကို ည ၉ နာရီကနေ မနက် ၄ နာရီအထိ အိမ်အပြင်မထွက်ဖို့အတွက် ဒီနေ့ကစတင်ပြီးကန့်သတ်ထားတယ်လို့သိရပါတယ်။

အဲဒီခရိုင်တွေကတော့ ဘန်ကောက် ၊ ပထုံထာနီ ၊ စမွန်ပါရကန် ၊စမွတ်စာခွန် ၊ နွန်ထပ်ပူရီ ၊ နခွန်ပထွန်မ်၊ နာလာထိဝါ့၊ပတ်တာနီရလာနဲ့ စွန်ခလာခရိုင်တို့ပဲဖြစ်ပါတယ်။ထိုင်းဟာ ဆိုးရွားတဲ့ တတိယလှိုင်းကို ပြီးခဲ့တဲ့ ဧပြီလကတည်းက စတင်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိတော့ ကိုဗစ်ကြောင့် လူနှစ်သိန်းရှစ်သောင်းကျော် ကူးစက်ခံခဲ့ရပြီး နှစ်ထောင့်လေးရာကျော် သေဆုံးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာပြည်ဘက်ပြန်ပို့ခံရစဥ် အဓမ္မစစ်မှုထမ်းရသည့် လူငယ်နှစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ ဗျူဟာမှူးစောဒါးကိုက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်​ရေး အဖွဲ့ဝင်များက ရပ်ကွက်​နေပြည်သူများ၏ အိမ်ထောင်စုစာရင်းစာရင်းစာရွက်များကို လိုက်လံကောက်ယူနေကြောင်း ဒေသခံအချို့က ပြောသည်။

နိုင်ငံတကာ

ဟားဗက် တက္ကသိုလ် တက်ရောက်ဖို့ လျှောက်ထားတဲ့ နိုင်ငံခြားသား ကျောင်းသားတွေရဲ့ ဗီဇာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။