Connect with us

Hi, what are you looking for?

သတင်း

ပုလော စစ်တပ် စစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်တွေ တိုက်ခိုက်မီးရှို့

လက်နက်မျိုးစုံ ၅ လက်နဲ့ခဲယမ်း​တွေသိမ်းရ

(KNLA နဲ့ PDF ပူး​ပေါင်းတပ်ဖွဲ့ဝင်​တွေ ကိုစစ်တပ်ထံမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့အတူ​တွေ့ရစဥ်။ဓါတ်ပုံ-KNU မြိတ်-ထားဝယ်ခရိုင်)

အောက်တိုဘာ-၁၂၊ ၂၀၂၆။ထားမြတ်၊မိထက်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့က အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်းခလရ(၂၈၅)အနီးက စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီက​​နေ့မှာတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

မကျည်းကုန်းကျေးရွာဂိတ်စခန်းကို ​အောက်တိုဘာ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်တာဖြစ်ပြီး လက်နက်ခဲယမ်းတွေလည်း ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တယ်လို့​ဒေသခံသတင်းရင်းမြစ်က​ပြောပါတယ်။

“တိုက်ပွဲဖြစ်နေချိန် လေယာဉ်တွေလာတယ်။ ပုလောရော ထားဝယ်ဖက်ရော လေယာဉ်လာတာ။ ပုလောကတော့ ရလဒ်ကောင်းတယ်။ ဂိတ်စခန်းကိုပါ အပြီး ဖျက်ဆီးတာ”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ခဲ့ရာအောက်တိုဘာ ၁၂ရက် မနက် ၇နာရီခွဲလောက်မှာ မကျည်းကုန်ကျေးရွာအနီးက ခလရ(၂၈၅) တပ်တွေ တပ်စွဲထားတဲ့ ကာကင်းစခန်းကို K.N.L.A တပ်မဟာ(၄) အထူးတပ်ဖွဲ့၊ PDF မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ လက်နက်တွေ သိမ်းဆည်းရရှိ​ကြောင်း​ဖော်ပြထားပါတယ်။

တိုက်ပွဲမှာစစ်သားသားတွေထွက်ပြေးဆုတ်ခွာသွားတာလို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်ကပြောပါတယ်။“ဆုတ်ခွာသွားတာ ဟုတ်တယ်။ တပ်ရင်းထဲကိုပြန်ပြေးတာ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

KNLAနဲ့ PDF တိုက်ခိုက်ခဲ့တဲ့ ကာကင်းစခန်းဟာ ခလရ(၂၈၅) တပ်ရင်းဌာနချုပ်ရဲ့ ကာကင်းစခန်းဖြစ်ပါတယ်။စစ်တပ်ထံက MA1(၁) လက်၊ MA3(၁)လက်၊ OG(၁)လက် ၊ AK(၁)လက် ၊၆၀မမ(၁)လက်နက် နဲ့ ခဲယမ်း​အချို့သိမ်းဆည်းရရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၁ရက်နဲ့ အောက်တိုဘာ ၁၂ရက် မနက်ပိုင်းမှာ ရေဖြူ၊ ထားဝယ်မြို့နယ်တွေအတွင်းစစ်လေယာဉ်တွေဆက်တိုက်ပျံဝဲနေတဲ့အတွက်လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကသတိပေးထားကြပါတယ်။

ဩဂုတ်လကုန်ပိုင်းကလည်း KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ သရက်ချောင်းမြို့နယ် အတါင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မောင်မယ်ရှောင်ရွာအနီးမှာ KNLA နဲ့ ဓဝယ်အမျိုးသားလွတ်

မြောက်ရေးတပ်တော်(DNLA) တို့ ပါဝင်တဲ့ ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ၁၂ဦး သေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၄ရက်ကလည်း ပုလောမြို့နယ် တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLAတပ်မဟာ(၄)လက်အောက်ခံ KNDO တပ်ရင်း(၇) တပ်ဖွဲ့တွေက ဝင်ရောက်တုက်ခိုက်ခဲ့ရာ လက်နက် ၄လက်သိမ်းရခဲ့ပါတယ်။ အဲဒီတုန်းကလည်း စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာထွက်ပြေးသွားကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ထန်းပင်ချောင် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း စစ်ဆင်ရေးမှာ ပါဝင်တဲ့ သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြို့နယ်၊ ပလောကျေးရွာအုပ်စု တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီကနေ့ မတ်လ ၁၄ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook