Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမှာ စစ်သား ၁ဦး လက်နက်နဲ့ KNUထံ အလင်းဝင်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်သား ၁ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU - Mergui-Tavoy District

နိုဝင်ဘာ-၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်သား ၁ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်(သရက်ချောင်းဒေသ)မှာ နိုဝင်ဘာ ၂ရက်က လက်နက် ၁လက်၊ ကျည်နဲ့ ကျည်ဘောက်တွေ၊ လက်ပစ်ဗုံး၁လုံး ယူလာပြီး ဘက်ပြောင်းခိုလှုံလာတာလို့ မှတ်တမ်းဓာတ်ပုံဖော်ပြပါတယ်။

အလင်းဝင်လာသူဟာ စစ်တပ်က အဓမ္မစစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်ဖြစ်တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ် အတွင်းမှ တပ်သားများအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင်ဖို့လည်း KNUက တိုက်တွန်းထားပါတယ်။

အခု အလင်းဝင်လာတာဟာ KNU မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A) တပ်မဟာ(၄)၊ တပ်ရင်း(၁၂)၊တပ်ခွဲ(၁)ထံဖြစ်ပါတယ်။

အရင်လည်း စစ်သားတွေ KNLA တပ်မဟာ(၄)လက်အောက်ခံ တပ်တွေနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေဆီ အလင်းဝင်ရောက်ခဲ့တာတွေလည်း မကြာခဏ ရှိခဲ့ပါတယ်။

စစ်တပ်ဟာ သရက်ချောင်းဒေသအပါအဝင် မြိတ်ထားဝယ်ခရိုင် အတွင်း ဒေသအချို့ကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေလို့ အောက်တိုဘာလကတည်းက တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

စစ်တပ်ဟာ တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်တွေထိန်းချုပ်ရာဒေသတွေကို မြေပြင်ထိုးစစ် ဆင်နေတာအပြင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေလည်း မကြာခဏ လုပ်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

Facebook