နိုဝင်ဘာ ၁၁၊၂၀၂၆။သုည/Peoples Spring
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က စစ်တပ်သံရုံးနဲ့ ထိုင်းသံရုံးရှေ့တို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေးနဲ့ မြန်မာစစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ရေး ဆန္ဒပြလှုပ်ရှားမှုကို နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့ပါတယ်။
ယင်းဆန္ဒပြပွဲကို Myanmar Unity Movement (M.U.M)က ဦးဆောင်ပြီး လန်ဒန်ရောက် မြန်မာတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ မြန်မာပြည်သူတွေရဲ့အသံနဲ့ သဘောထားထုတ်ပြန်ချက်တွေ ဖတ်ကြားခြင်းအပြင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ စစ်အာဏာရှင်စနစ်အား တရားဝင်အသိအမှတ်ပြုမှု မပြုရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးတို့ကို ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Public Service Announcement
Myanmar Unity Movement (M.U.M)က မြန်မာပြည်သူတွေကိုယ်စား ပြည်သူတွေရဲ့ အသံ၊ စိုးရိမ်ပူပန်မှုတွေ၊ ဆန္ဒသဘောထားတွေနဲ့ မျှော်လင့်ချက်တွေကို ထင်ဟပ်တဲ့ တရားဝင်သဘောထားထုတ်ပြန်ချက်ကိုလည်း ထိုင်းနိုင်ငံသံရုံးသို့ ပေးပို့ခဲ့ပါတယ်။
အဆိုပါထုတ်ပြန်ချက်မှာ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်တွေ ပိုမိုရရှိရေးကိုလည်း အလေးထား တောင်းဆိုထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအစိုးရနဲ့ ASEAN အနေဖြင့် မြန်မာပြည်သူတွေရဲ့ တောင်းဆိုချက်ကို အလေးထားပြီး လက်တွေ့ကျသော ဆောင်ရွက်မှုတွေ ပြုလုပ်ကာ မြန်မာပြည်သူတွေဘက်မှ ရပ်တည်ပေးဖို့ကိုလည်း MUM က တိုက်တွန်းထားပါတယ်။





















































