သရော်စာ စိတ်ရောဂါအထူးကုဆရာဝန်တစ်ဦး နေပြည်တော်မှ အမြန်အလိုရှိသည် ကလေးအစ၊ ခွေးအဆုံးကို အံ့ဩမင်သက်စေပြီး သာမာန်လူတွေပင် လက်မခံနိုင်သော တရားလွန်လုပ်ရပ်များကို လူတစ်ယောက်က နိုင်ငံအနှံ့လိုက်လုပ်နေသည်။လူတွေကို နေ့စဉ် သတ်ဖြတ်နေသည်။ အနီရောင်ပန်းပင်တွေကို လိုက်ခုတ်ပြီး ရုပ်တုတွေကို လိုက်ဖြိုနေသည်။ ထိုသူကို အချိန်မီဆေးတိုက်ရန်လိုအပ်နေပြီ။ ludunwayoo4 နာရီ ago
သတင်း မန္တလေးမှာမိုးများလို့ လမ်းတွေရေကြီးနေ မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် လမ်းတွေရေလျှံနေပြီးယာဥ်တွေပိတ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 14, 2025
သတင်း မင်းလှမြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ရဲတွေတိုက်ခိုက်ခံရ ပဲခူးတိုင်း၊မင်းလှမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်ကောင်စီလက်အောက်ခံ ရဲတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(စက်တင်ဘာ ၁၄ရက်)မှာ ထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 14, 2025
သတင်း ရဲကားလို့ အသိမပေးပဲ ရုံတင်လာမယ့်ဝါဒဖြန့်ဇာတ်ကား လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ဘဝကိုစားသော ကိန်းဂဏန်းများဆိုတဲ့ ရုပ်ရှင်ဟာ တကယ်တော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်မှာ ကျရောက်မယ့် ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာပါ။ ludunwayooစက်တင်ဘာ 14, 2025
သတင်း ဝိုင်းမော်တိုက်ပွဲ စစ်ကောင်စီ၏ လေကြောင်း၊လက်နက်ကြီးကြောင့် ဒေသခံများစစ်ရှောင်နေရဟု KIA ပြော ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေ၍ ဒေသခံများ စစ်ရှောင်နေရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၁၃ရက်ညတွင် သတင်းဖော်ပြသည်။ ludunwayooစက်တင်ဘာ 14, 2025
သတင်း NUG ယာယီသမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်း တွေ့ဆုံ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ) Kim Aris တို့ တွေ့ဆုံခဲ့ကြောင်း ယာယီသမ္မတနှင့် ကိုထိန် လင်းတို့က ယနေ့ စက်တင်ဘာ ၁၄ရက်တွင် သတင်းထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 14, 2025