Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းမှု မှတ်တမ်းရုပ်ရှင်ကို တရုတ်ထုတ်လွှင့်

မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) ကွန်ရက်တွေကို ဖြိုခွင်းခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကို တရုတ် အစိုးရ မီဒီယာက ပြသ​​​တေရာမှာ အထင်ကရ စစ်ဆင်ရေးတစ်ခုကို၁၀မိနစ်လောက်အတွင်းအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။

(ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်​တွေအပါအဝင် ကျားဖြန့်​ဂိုဏ်း​​ခေါင်း​ဆောင်ဆိုသူ​တွေကို တရုတ်က မြန်မာနိုင်ငံမှဖမ်းဆီး ​ခေါ်​ဆောင်သွားစဥ်။ဓါတ်ပုံ-တရုတ်အစိုးရ)

​အောက်တိုဘာ-၆၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) ကွန်ရက်တွေကို ဖြိုခွင်းခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကို တရုတ် အစိုးရ မီဒီယာက ပြသ​​​တေရာမှာ အထင်ကရ စစ်ဆင်ရေးတစ်ခုကို၁၀မိနစ်လောက်အတွင်းအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်အောက်တိုဘာလတုန်းကရှမ်းပြည်နယ်မြောက်ပိုင်းက မိသားစု​လေးစုလို့လူသိများပြီး ကျားဖြန့်လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့ ဒုစရိုက် ကွန်ရက်တွေထဲက အဓိက ခေါင်းဆောင်တွေ တရုတ်ပိုင်နက်ထဲ ရောက်ရှိနေချိန် လျှပ်တပြက် စီးနင်း ဖမ်းဆီးပုံတွေကို အဲဒီ မှတ်တမ်း ရုပ်ရှင်မှာ ပြသထားတာ ဖြစ်ပါတယ်။ အဲဒီမိသားသု​လေးစုက ပယ်မိသားစု ၊လျိုမိသားစု ၊​ဝေမိသားစု နဲ့ မြီမိသားစု တို့ဖြစ်ပါတယ်။

ဝေချင့်ထောင် နဲ့ လျိုကျန့်ချီတို့ အပါအဝင် အဓိက ရာဇဝတ် ခေါင်းဆောင်တွေဟာ နယ်စပ်ကိုဖြတ်ပြီးတရုတ်နိုင်ငံပိုင်နက်ထဲရောက်ရှိနေချိန်မှာ ၁၀ မိနစ်ကြာ စစ်ဆင်ရေး တစ်ခုကို ဆင်နွှဲပြီး တရုတ် အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာလို့ မှတ်တမ်းရုပ်ရှင်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဖမ်းဆီးမှုဟာ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဧရိယာတွေမှာ အခြေစိုက်တဲ့ ကျားဖြန့်ကွန်ရက်တွေကို နှိမ်နင်းရာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ခဲ့တယ်လို့လည်း The Demise of Myanmar-Based Telecom Fraud (မြန်မာအခြေစိုက် တယ်လီကွန်းလိမ်လည်မှု လုပ်ငန်းများ နိဂုံးချုပ်ခြင်း)လို့ နာမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်က ဆိုပါတယ်။

အဲဒီရုပ်ရှင်ကို အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်နေ့ထိ တရုတ်စံတော်ချိန် ညနေ ၆ နာရီကျရင် CCTV-1 ရုပ်မြင်သံကြားကနေ အပိုင်းတွေခွဲပြီး ထုတ်လွှင့် ပြသ​​နေပါတယ်။

မှတ်တမ်းရုပ်ရှင်ဟာတရုတ်လုံခြုံရေးအာဏာပိုင်တွေ၊ ဌာနဆိုင်ရာ အမှုထမ်းတွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ မြောက်ပိုင်း အခြေစိုက် ကျားဖြန့် ကွန်ရက်တွေကို ဘယ်လို နှိမ်နင်းခဲ့သလဲ ဆိုတာကို ရိုက်ကူးထားတာပါ။ အဲဒီဒုစရိုက်ဂိုဏ်းတွေဟာတရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ငွေကြေးလိမ်လည်မှုတွေကျူးလွန်ခဲ့တာလို့ဆိုပါတယ်။

တရုတ်ဟာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ကျားဖြန့်ကွန်ရက်တွေကို ဖြိုခွင်းတဲ့ အထူးစီမံချက်ကို ၂၀၂၃ ခုနှစ် နွေရာသီအစောပိုင်းမှာ စတင်ခဲ့ပြီး အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းကဒုစရိုက်မိသားစုကြီး ၄ ခုကို အဓိက ပစ်မှတ်ထားခဲ့တယ်လို့ မှတ်တမ်းရုပ်ရှင်ကဆို ထားပါတယ်။

ကိုးကန့်နဲ့ဝ ဒေသတွေမှာရှိတဲ့ ကျားဖြန့်ကွန်ရက်တွေဟာတရုတ်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုခဲ့တဲ့နောက် တရုတ်ဟာ ညှိနှိုင်းမှုတွေကို ရပ်ဆိုင်းပြီး တိုက်ရိုက် ဖမ်းဆီးဖို့ စတင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့တုန်းက ကူမင်းကို ရောက်ရှိနေတဲ့ အဓိက ကျားဖြန့် ခေါင်းဆောင် တစ်ဦးဖြစ်သူ ပေါင်ကျွင့်ဖုန်ကို လက်ဝတ်ရတနာတွေ၊ တန်ဖိုးကြီး နာရီတွေ၊ ဇိမ်ခံကားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနှစ်အောက်တိုဘာ ၂၀ မှာတော့ မြန်မာပိုင်နက်ထဲမှာတရုတ်-မြန်မာ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ကိုးကန့်ဒေသထဲ ဝင်ရောက်ပြီး စီးနင်းဖမ်းဆီးမှု တစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာမြန်မာနိုင်ငံမြောက်ပိုင်းနယ်မြေထဲဝင်ရောက်ပြီး ကျားဖြန့် နှိမ်နင်းရေးအတွက် သက်သေတွေ စုဆောင်းရယူတဲ့ တရုတ်ရဲ့ပထမဆုံးစစ်ဆင်ရေးဖြစ်လာခဲ့တယ်လို့လည်း မှတ်တမ်းရုပ်ရှင်က ဖော်ပြထားပါတယ်။

နောက်တော့ဒေသတွင်းမှာတိုက်ပွဲတွေ ပြင်းထန်ပြီးမြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတဲ့တိုင် တရုတ် ရဲတပ်ဖွဲ့ဟာ သက်သေခံ ပစ္စည်းတွေ မပျက်စီးဖို့သတိကြီးကြီးလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။အဲဒီမှတ်တမ်းရုပ်ရှင်မှာတော့မင်မိသားစု ထိန်းချုပ်ထားရာ ကျားဖြန့်ဝင်းကြီး တစ်ခုထဲမှာမြေအောက်သေနတ်ပစ်ကွင်းတစ်ခု ရှိပြီး အဲဒီမှာသတ်ဖြတ်မှု​တွေကျူးလွန်ခဲ့တယ်ဆိုတာမျိုးတွေကိုပါ ပါရှိလာပါတယ်။

မှတ်တမ်းရုပ်ရှင်မှာတော့နောက်ထပ်ကျားဖြန့် မိသားစုတစ်ခုဖြစ်တဲ့ပယ်မိသားစုအကြောင်း၊အခုနှစ်ဆန်းပိုင်းတုန်းက ရှန်ကျန်းမြို့ တရားရုံးကမြန်မာနိုင်ငံအခြေစိုက်ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တွေကိုသေဒဏ်စီရင်ခဲ့တဲ့ အကြောင်းတွေလည်းဖော်ပြထားပါတယ်။ ကျားဖြန့်​​ခေါင်း​ဆောင်ဆိုသူအချို့ဟာ မြန်မာစစ်တပ်လက်​အောက်ခံပြည်သူ့စစ်​ခေါင်း​ဆောင်​တွေဖြစ်​နေပါတယ် ။

တရုတ်အစိုးရက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တရုတ်မှာ ကျားဖြန့် ငွေကြေးလိမ်လည်မှုဖြစ်စဉ်တွေဟာ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကစလို့လအလိုက် နှိုင်းယှဉ်ချက်တွေမှာ ၁၁ လဆက်တိုက် ကျဆင်းလာနေတယ်လို့ဆိုရပါတယ်။

ကိုးကား-Global Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ နှစ်ဖက် လေယာဉ်တွေချင်း ငြိခဲ့ကြတဲ့ ကိစ္စအတွက် တရုတ်နဲ့ ဖိလစ်ပိုင်တို့က အပြန်အလှန် စွပ်စွဲ ပြစ်တင်ခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ်ကို ဂျပန်အတွက် အရေးပါတဲ့ အိမ်နီးချင်းအဖြစ် မှတ်ယူထားကြောင်း ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။ သူက အရှေ့အာရှ အင်အားကြီး ပြိုင်ဘက် နှစ်နိုင်ငံကြားမှာ တည်ငြိမ်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ဆိုပါတယ်။

နိုင်ငံတကာ

ဗြိတိန် သုတေသန လုပ်ငန်းတွေမှာ ငွေကြေးထည့်ဝင် ထောက်ပံ့ပြီး သူလျှိုလုပ်ငန်းတွေအတွက် အသုံးချနေနိုင်ကြောင်း ဗြိတိန် ထောက်လှမ်းရေးဌာန MI5က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်က တရုတ်ဆီကို တကယ်တမ်း လက်နက်ရောင်းဖို့ အစီအစဉ် မရှိပါဘူးလို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

Facebook