Connect with us

Hi, what are you looking for?

သတင်း

အသံတိတ်သပိတ်ဟာစစ်တပ်ရွေးကောက်ပွဲ လက်မခံတဲ့ ပြည်သူဆန္ဒကမ္ဘာသို့ပေးတဲ့ သတင်းစကား ဖြစ်ဟု NUCCနဲ့ NUG ထုတ်ပြန်

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ဒီဇင်ဘာလ (၁၀) ရက်မှာ နိုင်ငံတဝန်း ပြည်သူတွေ ပါဝင်ခဲ့တဲ့ အသံတိတ်သပိတ် ( Nationwide Silent Strike Movement) ဟာ စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးက လက်မခံကြောင်း ကမ္ဘာသိအောင် ပြသတဲ့ သတင်းစကား ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပူးပေါင်းဖွဲ့စည်းထားတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ဒီကနေ့ ဒီဇင်ဘာ ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ-၁၃၊၂၀၂၅။ဆန်အောင်/People’s Spring

စစ်တပ်ရဲ့ ဖိနှိပ်ခြိမ်းခြောက်မှုကြားက အသံတိတ်သပိတ်မှာတက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးအား လေးစားဂုဏ်ပြုကြောင်းနဲ့ ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ရာမှာအခုလိုအသိပေးဖော်ပြတာဖြစ်ပါတယ်။

စစ်အုပ်စုခြိမ်းခြောက်ဖိနှိပ်မှုကြားကအသံတိတ်သပိတ်မှာရဲရင့်စွာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ပြည်သူတွေ ဦးဆောင်စည်းရုံးခဲ့ကြတဲ့ သပိတ်အင်အားစုတွေ၊သမဂ္ဂတွေနဲ့တော်လှန်ရေးအင်အားစုအားလုံးကိုအလေးအနက်ဂုဏ်ပြုကြောင်းလည်းဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူတခဲနက် ပူးပေါင်းပါဝင်ခဲ့သည့်ထိုအသံတိတ်သပိတ်ကြီးသည်စစ်အာဏာရှင်စနစ် နှင့် ၎င်းတို့လုပ်ဆောင်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို (လုံးဝ) လက်မခံကြောင်း ပြတ်သားသော ပြည်သူ့ဆန္ဒကို ကမ္ဘာသို့ သိရှိနိုင်ရန် ပေးပို့ခဲ့သည့် အကျယ်လောင်ဆုံး သတင်းစကားလည်း ဖြစ်ပေသည်”လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အသံတိတ်သပိတ်အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့တာဟာပြည်သူတို့ရဲ့မယိမ်းယိုင်သောနွေဦးတော်လှန်ရေး စိတ်ဓါတ်ကို ထင်ရှားစွာ ဖေါ်ထုတ်ပြသခဲ့တဲ့သမိုင်း မှတ်တိုင်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တို့ မဖြိုခွဲနိုင်တဲ့ ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုကိုလည်းပြသနိုင်ခဲ့သလို၊ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့မရောက်မချင်း ဆက်လက်ချီတက်မယ့် ပြည်သူတို့ မဆုတ်မနစ်သောဇွဲသတ္တိစိတ်ဓါတ်ကိုလည်း ထင်ဟပ် စေတယ်လို့ ယုံကြည်ကြောင်း NUCCနဲ့ NUGက ပူးတွဲထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်အာဏာရှင်တွေရဲ့ ညှင်းပမ်းရက်စက်မှုတွေကို လက်မခံနိုင်ကြောင်း ပြသတဲ့ အသံတိတ်သပိတ် ဆင်နွှဲခဲ့ကြတဲ့ ပြည်သူအပေါင်းကို လေးစားစွာ ဦးညွှတ်ကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ