Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း ၅ရက်ကြာတဲ့အထိ ပိတ်ထားလို့ ကားတချို့ နောက်ပြန်လှည့်

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းဟာ ၅ရက်ကြာတဲ့အထိ ဆက်ပိတ်ထားလို့ ကားတချို့ နောက်ပြန်လှည့်နေရကြောင်း ကားသမားတွေက ပြောပါတယ်။

ရပ်တန့်ထားသော ကုန်တင်ကားများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဒီဇင်ဘာ-၁၄၊ ၂၀၂၅ ဇေအောင်/People’s Spring

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းဟာ ၅ရက်ကြာတဲ့အထိ ဆက်ပိတ်ထားလို့ ကားတချို့ နောက်ပြန်လှည့်နေရကြောင်း ကားသမားတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်ကတည်းက ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းက ကန့်ဘလူမြို့နယ်လမ်းပိုင်းမှာ စစ် အုပ်စုတွေက လမ်းပိတ်ထားလို့ ကုန်တင်ယာဉ်တွေရာချီ ပိတ်မိနေပြီး ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်အထိ ပိတ်ထားဆဲလို့ ကားသမားတွေက ပြောပါတယ်။

“ လကုန်ထိပိတ်မယ်ကြားတယ်။ တချို့ကတော့ ပြန်လှည့်ကုန်ပြီ” လို့ မန္တလေးကနေ မြစ်ကြီးနားတက်မယ့် ကားဆရာတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြစ်ကြီးနားမြို့အတက်ကားတွေကိုတော့ ပိတ်ထားပေမယ့် မန္တလေးမြို့ဘက်ဆင်းမယ့် အဆင်းကားတွေကိုတော့ ဖွင့်လိုက်ပိတ်လိုက်လုပ်နေတယ်လို့ ကားသမားတွေက ပြောပါတယ်။

တချို့ကားတွေကတော့ ရှောင်ကွင်းလမ်းတွေကနေပတ်ပြီး သွားလာနေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကားတွေဟာ ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်း​ရဲ့ ကန့်ဘလူမြို့နယ်က ကျီကျင်းရွာနဲ့ ရေကြည်ဦးကျေးရွာကြားမှာ ပိတ်မိနေတာဖြစ်ပြီး နှစ်ဘက် ကားအစီးရေ ရာချီရှိနေတယ်လို့ သိရပါတယ်။ လမ်းပိတ်ထားပေမဲ့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူးလို့ ကားသမားတွေက ပြောပါတယ်။

ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပိုင်းမှာ ကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာရွာကနေ ရေကြည်ဦးရွာအထိ စစ်တပ်ကစိုးမိုးထားပြီး အထိုင်ချတပ်စွဲထားကြောင်း သတင်းရရှိပါတယ်။

စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေနဲ့ လမ်းပိုင်းပိတ်ဆို့မှုတွေ၊ ဂိတ်ကြေးတွေကြောင့် ကုန်တင်ခများ မြင့်တက်လာပြီး ဒေသခံပြည်သူတွေဟာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ် ရင်ဆိုင်နေရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ