သတင်း စစ်တပ်နဲ့ဆွေးနွေးတယ်ဆိုတဲ့ကိစ္စ CNO/CNDFတပ်ဖွဲ့တွင်း ရှုပ်တွေးမှုဖြစ်နေ CNO/CNDFဟာတော်လှန်ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု တာဝန်ရှိသူအသိပေး ludunwayoo13 နာရီ ago
သတင်း တနင်္သာရီအခြေစိုက် ခမရ(၅၅၈)တပ်ရင်းနှင့် ရေဖြူဗျူဟာဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၅၈)တပ်ရင်းစစ်ဆေးရေးဂိတ်နှင့် ရေဖြူမြို့ရှိ စစ်ကောင်စီဗျူဟာဂိတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။ ludunwayooဧပြီ 20, 2025
သတင်း ကျောက်တော်မြို့ကို ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ မပေါက်ကွဲသေးသော ဗုံးများလည်း ကျန်ရှိနေ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့ (ဧပြီ၁၉ရက်) နံနက်အစောပိုင်းက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲရာ ဒေသခံတစ်ဦးသေဆုံးပြီ ၂၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ludunwayooဧပြီ 20, 2025
သတင်း ဖလမ်းမြို့ ခလရ(၂၆၈)တပ်ရင်းမှ ထွက်ပြေးသွားသူအားလုံးနီးပါး ဖမ်းမိထားဟု ချင်းညီနောင်ပြော မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း ၃၀၀ခန့် ဖမ်းမိ၊ လက်နက် ၄၅၀ကျော်ရ၊ တော်လှန်ရေးရဲဘော် ၈၉ဦးကျဆုံး ludunwayooဧပြီ 20, 2025
သတင်း နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ ငလျင်ဘေးသင့်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီ၏ နေပြည်တော် အေလာလေတပ် စခန်းအား ၁၀၇ မမရှော့တိုက်ဒုံး သုံးသုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူက ပြောသည်။ ludunwayooဧပြီ 20, 2025
သတင်း ကော့ကရိတ်နှင့် ဒေါနတောင်ကြားတွင် အောင်ဇေယျစစ်ကြောင်း ဖရိုဖရဲဖြစ်နေ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဝန်းကျင်နှင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာ ဒေါနတောင်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေရာ အောင်ဇေယျစစ်ကြောင်း အထိနာပြီး ဖရိုဖရဲဖြစ်နေသည်ဟု လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ludunwayooဧပြီ 20, 2025