Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် အေ‌လာလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ

ငလျင်ဘေးသင့်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီ၏ နေပြည်တော် အေလာလေတပ် စခန်းအား ၁၀၇ မမရှော့တိုက်ဒုံး သုံးသုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူက ပြောသည်။

၂၀၂၄ ဧပြီ ၄ရက်က အေလာလေတပ်စခန်းအား တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုပ်မှုကြောင့် အဆိုပါလေတပ်အတွင်း ဒရုန်းတစ်စီးကျရောက်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၉၊၂၀၂၅။သတိုး/People’s Spring

ငလျင်ဘေးသင့်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီ၏ နေပြည်တော် အေလာလေတပ် စခန်းအား ၁၀၇ မမရှော့တိုက်ဒုံး သုံးသုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူက ပြောသည်။

“နယ်မြေလုံခြုံရေးတင်းကြပ်မှု၊ ရာသီဥတုအခြေအနေဆိုးရွားမှုစသော အခက်အခဲများကြောင့် သုံးလုံးကိုသာ အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး ပစ်မှတ်များသို့ ထိမှန် ပေါက်ကွဲခဲ့ကြောင်းသိရပါသည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆင်ရေးကို မတ်လ ၁၈ ရက် ည ၈နာရီခွဲခန့်တွင် BWM ၏ဦးဆောင်မှုဖြင့် Black Leopard (ကျားသစ်နက်)အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လေတပ်အတွင်းသို့ ထိရောက်အောင်ပစ်ခတ်နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“လုံခြုံရေးကလည်းအရမ်းကြပ် မိုးကလည်းအရမ်းရွာနေတယ်။ ပစ်ပြီးပြီးချင်း မှာ ခါတိုင်းလို လက်နက်ကြီးနဲ့တောင်မဟုတ် လက်နက်ငယ်တွေနဲ့ပဲ ရမ်းသမ်းပြီးပြန်ပစ်တာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီဘက်မှပြန်လည်ပစ်ခတ်မှုများရှိသော်လည်း စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံးဘေးကင်းကြောင်း ၎င်းကဆိုသည်။

အေလာလေတပ်စခန်းသည် မတ် ၂၈ရက်က လှုပ်ခတ်သည့် ငလျင်ကြီးတွင် ထိခိုက်မှုရှိခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ရန်သူလေတပ်နှိမ်နင်းရေး နှစ်သစ်ကူးလက်ဆောင်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု BWM ကဆိုသည်။

လူထောင်ချီသေဆုံးခဲ့သည့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နောက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ရာနှင့်ချီပြုလုပ်ခဲ့ပြီး ပြည်သူအများအပြား သေဆုံးခဲ့ရသည်။

BWM အနေဖြင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအတွက် အလေးထားရသည့် အေလာလေတပ်စခန်းကို မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်း၍ ယခုအကြိမ်အပါအဝင် ခြောက်ကြိမ်ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်း‌ကျောင်းမှာပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဖွင့်ဆိုရှင်းပြ

စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရှော့တိုက်ဒုံးကို အသုံးများပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၁၀၇ မမ (107mm) ရှော့တိုက်ဒုံးတွေကို အသုံးများပါတယ်။ ဒုံးကို ကားပေါ်တင်ပြီး ဒါမှမဟုတ် မြေပြင်မှာ အောက်ခံခုံလုပ်ပြီး ပစ်ခတ်လေ့ရှိကြပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ပြောသည်။