Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့ကို ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ မပေါက်ကွဲသေးသော ဗုံးများလည်း ကျန်ရှိနေ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့ (ဧပြီ၁၉ရက်) နံနက်အစောပိုင်းက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲရာ ဒေသခံတစ်ဦးသေဆုံးပြီ ၂၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသည့် ဦးကျော်စိုးချေ၏ နာရေးဆိုင်းဘုတ်အား တွေ့ရစဉ် ဓာတ်ပုံ − ABN

ဧပြီ ၁၉၊၂၀၂၅။ခွာညို/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့ (ဧပြီ၁၉ရက်) နံနက်အစောပိုင်းက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲရာ ဒေသခံတစ်ဦးသေဆုံးပြီ ၂၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့ရှိ မြို့သစ်ရပ်ကွက်၊ပြည်တော်သာရပ်ကွက်နှင့် ရှမ်းရွာရပ်ကွက်တို့ကို နံနက်စော ၂ နာရီ ၃၈ မိနစ်၊၂ နာရီ ၄၂ မိနစ်နှင့်၂ နာရီ ၄၇ မိနစ်တို့တွင် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

” ပေါင်း ၅၀၀ရော အတွဲလိုက်ဒုန်းတွေပါ ပစ်တာ။ ညအိပ်ချိန်ကြီးလေ။ အိမ်တွေလည်းတော်တော်ပျက်တယ်။ ဒဏ်ရာရတွေအတွက်လည်း စိတ်ပူရတယ်။ နောက်ပြီးတော့ မပေါက်ကွဲသေးတဲ့ဗုံးတွေလည်းကျန်သေးတယ်ဗျာဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူမှာ အသက်(၃၉)နှစ်အရွယ် ဦးကျော်စိုးချေဖြစ်သည်။၎င်း၏ နာရေးအား ယ‌နေ့ ပြုလုပ်မည် ဖြစ်သည်။ ထို့အပြင် မြို့ပေါ်ရပ်ကွက်များတွင် မပေါက်ကွဲသေးသောဗုံးများလည်း ကျန်ရှိနေ၍ ဒေသခံများက ကြောက်လန့်နေကြသည်။

ကျောက်တော်မြို့ကို ၂၀၂၄ ဖေဖော်ဝါရီ ၁၃ရက်တွင် AAက တိုက်ခိုက်သိမ်းယူထားခြင်းဖြစ်သည်။ စစ်ကောင်စီသည် ဇန်နဝါရီ ၁၁ရက်ကလည်း ကျောက်တော်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာဒေသခံ ၉ ဦးသေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၁၃ရက်(သင်္ကြန်အကြိုနေ့)ကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများအဆုံးသပ်ရေး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်အား မျက်နှာချင်းဆိုင် တွေ့ဆုံချိန်တွင် တောင်းဆိုထားသော်လည်း ဆက်လက်ဗုံးကြဲတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။