Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်နှင့် ဒေါနတောင်ကြားတွင် အောင်ဇေယျစစ်ကြောင်း ဖရိုဖရဲဖြစ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဝန်းကျင်နှင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာ ဒေါနတောင်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေရာ အောင်ဇေယျစစ်ကြောင်း အထိနာပြီး ဖရိုဖရဲဖြစ်နေသည်ဟု လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − CJ

“အောင်ဇေယျရွာလည်နေတယ်။ ဒီတပွဲတော့ ပြီးပြီ။ နောက်၂လလောက်ဆိုပြတ်ပြီ အောင်ဇေယျတော့”

− ကရင်စစ်ရေးသတင်းရင်းမြစ်

ဧပြီ ၁၉၊၂၀၂၅။ကိုပုဂံ/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဝန်းကျင်နှင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာ ဒေါနတောင်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေရာ အောင်ဇေယျစစ်ကြောင်း အထိနာပြီး ဖရိုဖရဲဖြစ်နေသည်ဟု လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDFပူးပေါင်းတပ်များသည် ကော့ကရိတ်မြို့ဝန်းကျင်နှင့် ကော့ကရိတ်နှင့် ဒေါနတောင်ကြားတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

ကော့ကရိတ်မြို့ဝန်းကျင်နှင့် ကော့ကရိတ်မြို့မှ ဒေါနတောင်ပေါ် တောနောရေတံခွန်အထိ နေရာယူထားသော အောင်ဇေယျစစ်ကြောင်းအား KNLA၊PDFပူးပေါင်းတပ်များက အပိုင်းလိုက်ဖြတ်တောက်ထားပြီး ယခုရက်ပိုင်းအတွင်း အဆိုပါနေရာများတွင် နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“အခုက တိုက်ပွဲက အတော်ကြမ်းတယ်။ နေ့တိုင်းချနေတာ။ အောင်ဇေယျရွာလည်နေတယ်။ ဒီတပွဲတော့ ပြီးပြီ။ နောက်၂လလောက်ဆိုပြတ်ပြီ အောင်ဇေယျတော့”ဟု ၎င်းက လက်ရှိစစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း အထိနာနေသည့်အပေါ် သုံးသပ်သည်။

အောင်ဇေယျစစ်ကြောင်း အထိနာနေ၍ စစ်ကောင်စီက ကော့ကရိတ်မြို့ဝန်းကျင်နေရာများအား ယခုရက်ပိုင်းအတွင်း လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေသည်။ ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများသာ သေဆုံး၊ထိခိုက်မှုများဖြစ်နေသည်ဟုလည်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒေါနတောင်ခြေနှင့် ကော့ကရိတ်မြို့ဝန်းကျင်တွင် နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေသည်ဟုလည်း အဆိုပါဒေသရှိ Special Operation Group-SOG စစ်ကြောင်းမှူး စောအောင်က People’s Springသို့ ဧပြီ ၁၆ရက်က ပြောထားသည်။

” အောင်ဇေယျကတော့ လောလောဆယ်တောင်ပေါ်မှာ အသိမ်းခံထားရတာပေါ့။ အောက်ဘက်မှာတော့ ကြမ်းနေတယ်။ အောက်ဘက်ကို သူတို့စစ်ကူလာပြန်ဖြည့်တာလည်း ရှိတာပေါ့”ဟု SOG စစ်ကြောင်းမှူးက ပြောသည်။

လက်ရှိအောင်ဇေယျစစ်ကြောင်း၏ အနေအထားမှာ ရှေ့ပိုင်း၊အလယ်ပိုင်းနှင့် နောက်ပိုင်းမှာ အချင်းချင်းမကူနိုင်တော့သည့် အခြေအနေဖြစ်နေသည်ဟုလည်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၅ရက်နှင့် ၁၆ရက်ကလည်း တိုက်ပွဲအလွန်ပြင်းထန်၍ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံခဲ့သည်။

စစ်ကောင်စီသည် ဧပြီ ၁၅ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ သင်္ကြန်ကာလ သက်ကြီးရွယ်အိုများ ဥပုသ်စောင့်သီလယူသော ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၆ဦးထက်မနည်း သေဆုံးခဲ့သည်။

ကော့ကရိတ်မြို့အထွက်ရှိ (၂)မိုင်ခန့်သာကွာဝေးသော ကော့နွှဲ့ကျေးရွာအနီးတွင် အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ပြီးခဲ့သည့် ဖေဖော်ဝါရီကတည်းက တိုက်ပွဲများဆက်တိုက်ပြင်းထန်နေသည်။

ကရင်ပြည်နယ်၊ မြဝတီဒေသ၌ ကျားဖြန့်ငွေလိမ်ဂိုဏ်းလုပ်ငန်းများတွင် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ သောင်းနှင့်ချီလူကုန်ကူးပြီး အလုပ်စေခိုင်း​နေသည်ဆိုကာတရုတ်၊ထိုင်း အစိုးရနှင့် စစ်​ကောင် ပူး​ပေါင်း၍ ​ဖေ​ဖော်ဝါရီလဆန်းမှစ၍ လျှပ်စစ်မီး ၊အင်တာနက် ၊စက်သုံးဆီ နှင့် ကုန်စည်ှဝင်ထွက်မှုများ ကိုဖြတ်​တောက်ခဲ့သည်။ တချိန်တည်း စစ်ကောင်စီက ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ ပိတ်ဆို့ခံနေရသော အောင်ဇေယျစစ်ကြောင်းထံ အင်းအားအလုံးအရင်းပေးပို့စေလွှတ်ကာ စစ်ပြင်နေသလို၊​ကော့ကရိတ်သို့လည်း စစ်ကူများစွာ​ပေးပို့​နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီသည် ကော့ကရိတ်မြို့သို့ အင်အားအလုံးအရင်း စေလွှတ်ပြီးနောက် ကော့ကရိတ်မြို့နှင့် ဒေါနတောင်ကြားတွင် ​တိုက်ပွဲများပြင်းထန်လာခဲ့သည်။

ထို့အပြင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး KNLA တော်လှန်ရေးပူးပေါင်းတပ်များက ကျုံဒိုးမြို့အနီးရှိ ကျေးရွာအချို့ကို သိမ်းပိုက်ရရှိထားသည်ဟု လူထုနွေဦးက စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်