Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီအခြေစိုက် ခမရ(၅၅၈)တပ်ရင်းနှင့် ရေဖြူဗျူဟာဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၅၈)တပ်ရင်းစစ်ဆေးရေးဂိတ်နှင့် ရေဖြူမြို့ရှိ စစ်ကောင်စီဗျူဟာဂိတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဧပြီ ၁၉၊ ၂၀၂၅။ ကျော်ဇော/People’s Spring

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၅၈)တပ်ရင်းစစ်ဆေးရေးဂိတ်နှင့် ရေဖြူမြို့ရှိ စစ်ကောင်စီဗျူဟာဂိတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ဧပြီ ၁၆ရက် နံနက် ၈နာရီခွဲအချိန်တွင် ကမ္မလိုင်းကျေးရွာအခြေစိုက် ခမရ(၅၅၈)တပ်ရင်းစစ်ဆေးရေးဂိတ်အား ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၂၀မိနစ်ခန့်ကြာမြင့်ကာ စစ်ကောင်စီဘက်မှတစ်ဦးသေဆုံးခဲ့ကြောင်း အတည်ပြုနိုင်သည့်အပြင် ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒုတာဝန်ခံက ပြောသည်။

“တပ်ရင်းရဲ့ ဂိတ်ပါ။ အင်အားတော့များတယ်။ တပ်ရင်းဆိုတော့လေ။ အပြန်အလှန်ပစ်ခတ်ပြီး အကြီးတွေနဲ့ပြန်ထုလို့ ဆုတ်ခဲ့တာ”ဟု ခမရ (၅၅၈)တပ်ရင်းဂိတ်တိုက်ခိုက်မှုအခြေအနေအပေါ် တနင်္သာရီမြို့နယ် (ပကဖ)ဒုတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ခမရ(၅၅၈)တပ်ရင်းဂိတ်အား တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် ရက်ပိုင်းတွင် တပ်ရင်းအခြေစိုက် ကမ္မလိုင်းကျေးရွာနှင့် လမ်းပိုင်းတဆက်တည်းဖြစ်သော ရေဖြူ၊ ထုံခါး၊ ချောင်းနှစ်ပေါက်၊ သိန်းခွန်စသည့် လမ်းပိုင်းမှ စစ်ကောင်စီ၏ရေဖြူဗျူဟာကုန်းကို မြိတ်ခရိုင် PDF တပ်ရင်းများနှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။

“(ရေဖြူ)ဗျူဟာဂိတ်ကို ဝင်ပစ်တာက PDF က ပစ်တာ။ (စကစ)လေးကောင်ထိတယ်။ ကျနော်တို့ဘက်က (PDF)နှစ်ယောက်ထိတယ်။ မစိုးရိမ်ရဘူး”ဟု မြိတ်ခရိုင် PDF တပ်ရင်းတစ်ခုမှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ ခမရ(၅၅၈)တပ်ရင်းသည် တနင်္သာရီမြို့နှင့် ၇ မိုင်ခန့်အကွာတွင်တည်ရှိပြီး လမ်းပိုင်းတဆက်တည်းဖြစ်သော ရေဖြူဗျူဟာဂိတ်ပါ တိုက်ခိုက်ခံရခြင်းကြောင့် အဆိုပါလမ်းကြောတလျှောက်တွင် စစ်ကောင်စီက ယခုရက်ပိုင်းအင်အားတိုးချဲ့ချထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

အထက်ပါ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် ဧပြီ ၁၆ ရက်က မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက် ရွှေဂဲညိုရွာ ပျူစောထီးအဖွဲ့အခြေချနေရာအား တနင်္သာရီမြို့နယ် (ပကဖ)နှင့်ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ရာ ပျူခေါင်းဆောင်တစ်ဦးသေဆုံးကာ သေနတ် ၁၀လက်နှင့် ခဲယမ်းများရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။