Hi, what are you looking for?
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး နှဖူးဒဏ်ရာနှင့် မျက်လုံးယမ်းချေးမှန် ဒဏ်ရာရရှိသော်လည်း ချက်ချင်းဆေးဝါးကုသပေးနိုင်ခဲ့သည့်အတွက် သက်သာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
အကြမ်းဖက်စစ်တပ်မီးရှို့နေစဥ် သွားရောက်ပစ်ခတ်ခဲ့သော်လည်း အင်အားမမျှ၍ ပြန်ဆုတ်ခဲ့ကြောင်း၊ နေအိမ် ၃၀၀ကျော် လောင်ကျွမ်းပျက်စီးပြီး အသက် ၄၀ခန့် အမျိုးသားတစ်ဦး မီးထဲပါသွားကြောင်း Khin U Support Organization-KSO အဖွဲ့က ပြောသည်။
ရုပ်အလောင်းများအား လူမှုကူညီရေးကားများနှင့် သယ်ဆောင်သွားပြီး ဟွန်ဒါဖစ်ကားအား ညနေပိုင်းမှ ကရိန်းဖြင့်သယ်သွားသည်ဟု 27 RFက ပြောသည်။
ဘုတလင်မြို့မှထွက်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရမှုကြောင့် စိုင်ပြင်မြို့မှတပ်ကူထွက်လာသော စစ်ကောင်စီတပ်ကို စိုင်ပြင်တောင်ဘက် နွားခြံအနီး ပဒေသာမိုင်း ၅ လုံးအပြင် လက်နက်များဖြင့် ပူးပေါင်းတိုက်ခိုက်ရာ ၂၀ဦးခန့် သေဆုံးသည်ဟု အသိပေးသည်။
"ကျွန်တော်တို့ နောက်ဆုံးရတဲ့သတင်းအရဆို မိုင်းမိသွားတဲ့ စခ စစ်ကြောင်းဟာ ကိုးတဲရွာနားမှာ နာရေးကားတွေစောင့်နေတယ်။ပြီးတော့ အဲဒီနားက တဲ ငါးတဲကို မီးရှို့ နေတယ်"ဟု Special.9-HPDF တာဝန်ရှိသူက People's Spring သို့ ပြောသည်။