Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်နေ့ ပုလောမှာ စစ်တပ်ကလေယာဥ်နဲ့ဗုံးကြဲလို့ ပြည်သူလေးဦးထက်မနည်း ထိခိုက်သေဆုံး

ဒီနေ့ကျရောက်တဲ့(၇၈)နှစ်မြောက်အာဇာနည်နေ့မှာ တနသ်ာရီတိုင်း၊ ပုလောမြို့နယ်ရှိ မိမ္မမြို့ကျေးရွာကို စစ်ကောင်စီတပ်ကလေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့အပြင် စစ်သေနတ်တွေနဲ့ပါပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူလေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ PDF မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ နေအိမ်တွေထိခိုက်ပျက်စီးသွားတဲ့ မိမ္မမြို့ကျေးရွာကိုတွေ့ရစဥ်။ ။ဓာတ်ပုံ - PDF မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း

ဇူလိုင်-၁၉၊ ၂၀၂၅။ကျော်ဇော/People’s Spring

ဒီနေ့ကျရောက်တဲ့(၇၈)နှစ်မြောက်အာဇာနည်နေ့မှာ တနသ်ာရီတိုင်း၊ ပုလောမြို့နယ်ရှိ မိမ္မမြို့ကျေးရွာကို စစ်ကောင်စီတပ်ကလေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့အပြင် စစ်သေနတ်တွေနဲ့ပါပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူလေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ PDF မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဇူလိုင် ၁၉ ရက် ဒီကနေ့မနက် ၁၀ နာရီခွဲလောက်မှာ ပုလောမြို့နယ်၊ ပလမြို့အနီးတည်ရှိတဲ့ မိမ္မမြို့ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ဗုံးကြဲတာဖြစ်ပြီး စစ်သေနတ်တွေနဲ့ပါ တရစပ်ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

“အဲဒီရွာက ပလ(မြို့)နားမှာရှိတယ်။ ရွာကသေးသေးလေး အိမ်ခြေ ၁၀၀ လောက်ပဲရှိမယ်။ အိမ်တွေက ဟိုတစ်စုဒီတစ်စုနဲ့”လို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ မိမ္မမြို့ကျေးရွာအခြေအနေကို မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိမ္မမြို့ကျေးရွာကို စစ်ကောင်စီလေတပ်က တိုက်ပွဲမရှိဘဲ အကြောင်းမဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ပြည်သူလေးဦးထက်မနည်းသေဆုံးကာ နေအိမ်သုံးလုံး ထိခိုက်ပျက်စီးသွားတယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

“လက်ရှိ ကျွန်တော်တို့ ကောက်ယူထားတဲ့ စာ ရင်းအရ နေအိမ် ၃ ဆောင်ပျက်စီးတယ်။ လူအထိအခိုက်က တိုးလာဖို့ရှိတယ်။ ကယ်ဆယ်ရေးလုပ်နေတုန်းပါ”လို့ အမှတ် (၁)တပ်ရင်းရဲ့ ပြန် ကြားရေးတာဝန်ခံက ရှင်းပြပါတယ်။

ပုလောမြို့နယ်၊ ရှပ်ပုံရွာမှာလည်း ဇူလိုင် ၁၂ ရက်ကနေ ၁၄ ရက်အထိစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းပစ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင့် တော် လှန်ရေးရဲဘော်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ပြည်သူလေးဦးထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြို့နယ်၊ ပလောကျေးရွာအုပ်စု တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီကနေ့ မတ်လ ၁၄ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း လက်ရှိအထိ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်နေဆဲ အခြေအနေဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။