Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်အတွင်း လေကြောင်းပစ်ကူဖြင့်ဆန်တက်လာသော စစ်သင်္ဘောအုပ်စု စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်ကြား ဖြတ်သန်းနေ

ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမြို့မှ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုသည် လက်နက်ကြီးဖြင့် လေကြောင်းပစ်ကူယူပြီး စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်ကြား ရောက်ရှိနေသည်။

စဉ့်ကူးမြို့နယ် အင်းဇောက်ရွာအနီးရောက်လာသော စစ်သင်္ဘောအုပ်စုအား ဇူလိုင်၁၉ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Wetlet Informational Network

ဇူလိုင်-၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမြို့မှ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုသည် လက်နက်ကြီးဖြင့် လေကြောင်းပစ်ကူယူပြီး စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်ကြား ရောက်ရှိနေသည်။

စစ်သင်္ဘော ၅စီး၊ ကုန်တင်ယာဉ် ၇စီးပါဝင်သော စုစုပေါင်းသင်္ဘော၁၂စီးသည် ယနေ့ (ဇူလိုင်လ ၁၉ရက်) နံနက်ပိုင်းတွင် စဉ့်ကူးနှင့် သပိတ်ကျင်းမြို့ကြားသို့ ရောက်ရှိလာပြီး အထက်ဘက်သို့ဆက်လက်ဆန်တက်နေသည်။

” အခုရောက်နေတဲ့နားက မြစ်ဟိုဘက်ဒီဘက်မှာ တောင်တွေများတော့ ရမ်းသမ်းပစ်ပြီး ဆက်တက်နေတယ်။ ဂျက်ဖိုက်တာလည်း ပစ်တယ်။ Y12လည်း ပတ်ပျံနေတယ်”ဟု အဆိုပါဒေသ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့ဂေါ်ဝန်ဆိပ်ကမ်းမှ ထွက်လာစဉ်က စစ်ကောင်စီသင်္ဘောအစီးရေ ၂၀ကျော်ပါဝင်ပြီး အချို့သည် မတ္တရာမြို့နယ်၌ ကျန်ရစ်ခဲ့ကာ ၁၂စီးမှာ ဆက်တက်လာခြင်းဖြစ်သည်။ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့သည် ပြည်သူ့ကာကွယ်ရေးတပ်များထိန်းချုပ်ထားသောကြောင့် အဆိုပါ သင်္ဘောအုပ်စုအတွက် စစ်ကောင်စီက လေကြောင်းအကူအညီရယူနေရသည်။

လက်ရှိတွင် သပိတ်ကျင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေသည်။

ဇူလိုင် ၁၇ရက်ညက ဝက်လက်မြို့နယ်ကို ဖြတ်စဉ်မြစ်ကမ်း ဘေးကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား၁၅ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုသည် ဗန်းမော်မြို့အထိ သွားမည်ဟုသတင်းရထားကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စဉ့်ကူး၊သပိတ်ကျင်းမြို့နယ်ကျော်ပါက တကောင်း၊ထီးချိုင့်၊ ကသာနှင့် ရွှေကူမြို့တို့ကိုဖြတ်ပြီး ဗန်းမော်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ဧရာဝတီမြစ်ကမ်း ဘေးတလျှောက် ဒေသခံများ လုံခြုံရေးသတိပြုကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook