Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ညှိနှိုင်းနေဖို့ အမေရိကန်အတွက် မလိုအပ်ဘူးလို့ ထရမ့်ပြော

အီရန်နဲ့ သဘောတူညီမှု တစ်ခုခု မဖြစ်မနေ ရယူဖို့ အမေရိကန်အတွက် မလိုအပ်ဘူးလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အီရန်နဲ့ သဘောတူညီမှု တစ်ခုခု မဖြစ်မနေ ရယူဖို့ အမေရိကန်အတွက် မလိုအပ်ဘူးလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Wall Street ဂျာနယ်က အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ဟာ အီရန်ရဲ့ ထိပ်တန်း လုံခြုံရေး အရာရှိ တစ်ဦးနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ စီစဉ်နေကြောင်း ဖော်ပြခဲ့တဲ့နောက် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထရမ့်က အခုလိုမျိုး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ မသမာမှု တိုက်ဖျက်ရေး ကိစ္စတွေကိုပဲ အာရုံစိုက်ဖို့ ဗန့်စ်ကို သူက ညွှန်ကြားထားကြောင်း၊ အမေရိကန်ဟာ အီရန်နဲ့ အပူတပြင်း ဆွေးနွေး ညှိနှိုင်းနေစရာလည်း ဘာအကြောင်းမှ မရှိကြောင်း ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားခဲ့ပါတယ်။

အီရန်နဲ့ သဘောတူညီမှု တစ်ခုခု ရယူဖို့ မလိုကြောင်း၊ ဒီအခြေအနေမျိုးက အဆုံးသတ်ခဲ့တာ ကြာပြီဖြစ်ကြောင်း၊ အမေရိကန်ဟာ အီရန်ဆီက ဒေါ်လာ ဘီလီယံ ရာနဲ့ချီ များပြားတဲ့ ငွေကြေးတွေကိုရော၊ ဟောမုဇ် ရေလက်ကြားကိုပါ ရယူ ထိန်းချုပ်ထားပြီဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Wall Street ဂျာနယ်ရဲ့ သတင်းမှာတော့ ထရမ့်ဟာ အမေရိကန်နဲ့ စစ်ဖြစ်နေတဲ့ အီရန်နဲ့ ဆွေးနွေးမှုတွေ ပြန်စဖို့ ဗန့်စ်ကို ညွှန်ကြားထားတယ်လို့ အနီးကပ် အကြံပေးတွေ၊ အစိုးရ အတွင်းစည်း အရာရှိတွေကို ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

တကယ်လို့ အမေရိကန် ဒုတိယ သမ္မတကိုယ်တိုင် အီရန်ရဲ့ ထိပ်ပိုင်းအရာရှိ တစ်ဦးနဲ့ လူချင်းတွေ့ဆုံ ဆွေးနွေးဖြစ်မယ် ဆိုရင်တော့ လုပ်ရိုးလုပ်စဉ် မဟုတ်တဲ့ အရွေ့တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ထရမ့်က အီရန်နဲ့ ဆွေးနွေးစရာ မလိုဘူးလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တဲ့နောက် ရေနံစျေးတွေက အတက်ဖက်ကို ပြန်ဦးတည်လာပြန်ပါတယ်။

ဗန့်စ်ဟာ အမေရိကန် အစိုးရ အဖွဲ့ထဲမှာ အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး မထောက်ခံတဲ့၊ အောင်မြင်နိုင်ခြေအပေါ် သံသယရှိတဲ့သူ တစ်ဦးအဖြစ် လူသိများပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့တုန်းက သက်တမ်းဝက် ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန် ပါတီ ရှုံးနိမ့်ခဲ့တဲ့အခါ ဗန့်စ်က အဲဒီ ရလဒ်ဆိုးရဲ့ အဓိက အကြောင်းရင်းအဖြစ် အီရန်စစ်ပွဲကို အတိအလင်း ဝေဖန် ပြစ်တင်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

Facebook