Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Nvidia အမှုဆောင်ချုပ် နုတ်ထွက်၊ လွှတ်တော်မှာ ဖြေရှင်းထွက်ဆိုရဖွယ်ရှိ

အိမ်ထောင်ရေး ဖောက်ပြန်မှု အရှုပ်တော်ပုံတွေ လူသိရှင်ကြား ဖြစ်လာတဲ့ အကျိုးဆက် အနေနဲ့ နည်းပညာ လုပ်ငန်းစုကြီး Nvidiaရဲ့ အမှုဆောင်ချုပ် ရာထူးကနေ ဂျန်ဆန်ဟွမ်က နုတ်ထွက်သွားခဲ့ရပါတယ်။

ဓာတ်ပုံ - The New York Times

အိမ်ထောင်ရေး ဖောက်ပြန်မှု အရှုပ်တော်ပုံတွေ လူသိရှင်ကြား ဖြစ်လာတဲ့ အကျိုးဆက် အနေနဲ့ နည်းပညာ လုပ်ငန်းစုကြီး Nvidiaရဲ့ အမှုဆောင်ချုပ် ရာထူးကနေ ဂျန်ဆန်ဟွမ်က နုတ်ထွက်သွားခဲ့ရပါတယ်။

ဟွမ်ဟာ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌ တစ်ဦး၊ တရုတ်သူလျှိုလို့ စွပ်စွဲခံရသူ အမျိုးသမီး တစ်ဦးတို့နဲ့ ဖောက်ပြန်ခဲ့ကြောင်း စွပ်စွဲမှုတွေကို Nvidia ဘုတ်အဖွဲ့က စစ်ဆေးမေးမြန်းခဲ့တဲ့နောက် နိုဝင်ဘာ ၁၂ ရက်နေ့မှာ အခုလိုမျိုး ရုတ်တရက် နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

ဟွမ်ဟာ ကွန်ပျူတာ graphic ကတ်တွေ ရောင်းချတဲ့ ကုမ္ပဏီ တစ်ခုအဖြစ် Nvidiaကို စတင် ထူထောင်ခဲ့ပြီး ဉာဏ်ရည်တု နည်းပညာ (AI) ထွန်းကားလာတဲ့ ခေတ်မှာတော့ AIတွေကို လေ့ကျင့်ပေးဖို့ အထူးလိုအပ်တဲ့ အစွမ်းအထက်ဆုံး ချစ်ပ်တွေ ထုတ်လုပ်ပေးတဲ့ ကမ္ဘာ့ရှေ့ဆောင် ကုမ္ပဏီကြီးအဆင့် ရောက်လာအောင် ဦးဆောင်ခဲ့ပါတယ်။

သူဟာ တရုတ်သူလျှိုအဖြစ် စွပ်စွဲခံရသူ အမျိုးသမီး တစ်ဦးနဲ့ ဇာတ်လမ်း ရှုပ်ခဲ့တယ်ဆိုတဲ့ ကိစ္စက ဆီလီကွန်တောင်ကြား နည်းပညာ ရပ်ဝန်းကနေ အမေရိကန် လွှတ်တော်ထိ ဂယက်တွေ ရိုက်ခတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟွမ်ရဲ့ နုတ်ထွက်မှုဟာ Nvidia အတွက်လည်း ခေါင်းဆောင်မှု အားနည်းချက်တွေ ထွက်ပေါ်လာစေနိုင်ပြီး လတ်တလော အရှုပ်တော်ပုံတွေကြောင့် ကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေဟာ ၅ ရက်အတွင်း စုစုပေါင်း ဒေါ်လာ ၅၅၀ ဘီလီယံလောက်ထိ ထိုးကျသွားခဲ့ပါတယ်။

ဟွမ်ရဲ့ နုတ်ထွက်မှု အပြီးမှာတော့ Nvidiaရဲ့ ယာယီ အမှုဆောင်ချုပ် ကောလတ်ခရက်စ်က အရေးပေါ် အစည်းအဝေး တစ်ခုကို ခေါ်ယူပြီး ကုမ္ပဏီရဲ့ အနာဂတ်အတွက် ဆွေးနွေး တိုင်ပင်ခဲ့ပါတယ်။

၁၉၉၃ ခုနှစ်ကတည်းက Nvidiaရဲ့ အဓိက မျက်နှာစာ ဖြစ်ခဲ့သူ ဟွမ်က သူဟာ ဇနီးအပေါ် သစ္စာမဲ့ခဲ့မိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အတိအလင်း ဝန်ခံခဲ့ပါတယ်။ နိုင်ငံတကာ မီဒီယာတွေက မီးမောင်းထိုး ဖော်ပြခဲ့တဲ့ သူ့ရဲ့ အဓိက အရှုပ်အထွေးကတော့ တရုတ်သူလျှိုလို့ သတ်မှတ်ခံရပြီး လောလောဆယ် ခြေရာဖျောက်ထားတဲ့ အဲလစ်ဟွမ်ဆိုတဲ့ အမျိုးသမီးနဲ့ ပတ်သက်မိတာပါပဲ။ ဒါပေမဲ့ Nvidia ဘုတ်အဖွဲ့က ဟွမ်ရဲ့ အနာဂတ်အတွက် ဆွေးနွေးခဲ့ကြတုန်းက ကုမ္ပဏီရဲ့ ရာထူးကြီးပိုင်း နောက်ထပ် အမျိုးသမီး တစ်ဦးနဲ့ ဟွမ်တို့ရဲ့ အရှုပ်အထွေး အကြောင်းပါ ပါဝင်လာခဲ့ပါတယ်။

Nvidiaရဲ့ နည်းပညာမြင့် ချစ်ပ်တွေကို တရုတ်ဆီ ရောင်းချခွင့်ကို အမေရိကန် အစိုးရက တားဆီး ပိတ်ဆို့ထားပြီး ဟွမ်နဲ့ တရုတ်သူလျှို အမျိုးသမီးတို့ ပတ်သက်ခဲ့ခြင်းက နည်းပညာ ပေါက်ကြားမှုတွေ ဖြစ်စေခဲ့သလားဆိုတဲ့ စိုးရိမ်မှုတွေလည်း အမေရိကန် နိုင်ငံရေး ရပ်ဝန်းကို ရိုက်ခတ်လာပါတယ်။ ဟွမ်ကိုယ်တိုင်ကတော့ သူက အဲလစ်ဟာ တရုတ်စပိုင်ဆိုတာ မသိခဲ့ပါဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ ဖွင့်ဟခဲ့ကြောင်း သိရပါတယ်။

အမေရိကန် ရှေ့နေချုပ် တော့ဒ်ဘလန်ချေးက ဟွမ်ဟာ တရုတ်ရဲ့ သူလျှိုလုပ်ငန်းမှာ ကြံရာပါအဖြစ် ပူးပေါင်းခဲ့တယ်ဆိုတဲ့ ကောက်ချက်မျိုး မချသေးကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အထက်လွှတ်တော် အမတ်တွေဖြစ်တဲ့ အဲလိဇဘက်သ် ဝါရန်နဲ့ ခရစ္စကွန်းစ်၊ အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေး ကော်မတီဝင် ဒီမိုကရက်တစ်ပါတီ အမတ်တွေကတော့ ဟွမ်အနေနဲ့ ဒီကိစ္စကို လွှတ်တော်မှာ လာရောက် ဖြေရှင်းထွက်ဆိုဖို့ တိုက်တွန်းထားပါတယ်။

တကယ်လို့ ဟွမ်က ဒီတောင်းဆိုမှုကို မလိုက်လျောဘူးဆိုရင် လွှတ်တော်က သူ့ဆီ ဆင့်ခေါ်စာပို့ဖို့ထိ စီစဉ်ထားကြောင်း အထက်လွှတ်တော် ဝန်ထမ်းတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။ Nvidiaနဲ့ ဟွမ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိတွေကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် နိုဝင်ဘာ ၁၁ ရက်နေ့နောက်ပိုင်း ဘာမှတ်ချက်မှ မပေးတော့ပါဘူး။ နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ Nvidiaက ဟွမ်ဟာ အမှုဆောင်ချုပ်၊ ဥက္ကဋ္ဌ၊ ဘုတ်အဖွဲ့ဝင် နေရာတွေကနေ ချက်ချင်း နုတ်ထွက်သွားကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် မီဒီယာတွေရဲ့ အဆိုအရ ဟွမ်ရဲ့ ဒုတိယမြောက် အိမ်ထောင်ရေး ဖောက်ပြန်မှုမှာ ပါဝင် ပတ်သက်ခဲ့တာဟာ Nvidiaရဲ့ ကာလရှည် အမှုဆောင် တစ်ဦးဖြစ်ပြီး ကုမ္ပဏီရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဌာန ဒုတိယ ဥက္ကဋ္ဌ တာဝန် ယူထားတဲ့ ကင်ဘာလေ ပါဝဲလ်လို့ သိရပါတယ်။

ဟွမ်ရာထူးက နုတ်မထွက်ခင် အစောပိုင်းမှာ Nvidiaက ကုမ္ပဏီ အမှုဆောင်ချုပ်ဟာ နိုင်ငံရပ်ခြား သူလျှိုမှု တစ်ခုမှာ ရှုပ်ထွေးဆက်စပ်နေနိုင်တယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ် အစိုးရကတော့ ဟွမ်နဲ့ Nvidiaကို ပစ်မှတ်ထားပြီး သူလျှိုပြု ထောက်လှမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချထားပြီး တရုတ် အစိုးရအပေါ် နာမည်ဖျက်ဖို့ ကြိုးစားမှု တစ်ခုလို့ တုံ့ပြန်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook