နိုဝင်ဘာ-၁၃၊၂၀၂၆။People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာဖက်ခြမ်း နယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းဒေသခံတွေအပေါ် သက်ရောက် ထိခိုက်မှု မရှိအောင် သတိထား ဆောင်ရွက်မယ်လို့ ကတိပေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်ဖုံကက်ကောင်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့က နေပြည်တော်မှာမင်းအောင်လှိုင်အပါအဝင်အာဏာသိမ်း မြန်မာစစ်တပ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ မင်းအောင်လှိုင်က အခုလို အာမခံခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းစစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြား နယ်စပ်အနီးတိုက်ပွဲတွေကြောင့်ထိုင်းပိုင်နက်ထဲ ကျည်ကျရောက်တာ၊ ထိုင်းပြည်သူတွေ အထိတ်တလန့် ဖြစ်ရတာနဲ့ ပတ်သက်လို့ မင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့ရာမှာ ဒီကိစ္စတွေအတွက်စိတ်မကောင်း ဖြစ်ရကြောင်း၊နောက်ထပ်အဲဒီလို အခြေအနေတွေ မကြုံရအောင် အစီအမံတွေ ရေးဆွဲ ကြပ်မတ်သွားမှာဖြစ်ကြောင်းစစ်အုပ်စုက တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ဒါ့အပြင် နှစ်နိုင်ငံကို ဖြတ်သန်း စီးဆင်းနေတဲ့ မြစ်တွေထဲမှာ အဆိပ်အတောက် ညစ်ညမ်းမှုတွေမဖြစ်အောင်မြန်မာဖက်ကသတ္တုတူးဖော်ရေး လုပ်ငန်းတွေကို ကြပ်မတ်ပေးဖို့၊ ရေအရည်အသွေး စီမံခန့်ခွဲရေး ပူးတွဲ ဆောင်ရွက်ဖို့ ဆီဟာဆက်က အဆိုပြုခဲ့ပြီး မြန်မာဖက်ကလည်း သဘောတူခဲ့တာကြောင့် အဲဒီကိစ္စအတွက် အစည်းအဝေးကို နိုဝင်ဘာ လကုန်ပိုင်းမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
ဆီဟာဆက်ဟာထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်း ပြန်လွှဲရမယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း မင်းအောင်လှိုင်နဲ့ အာဏာသိမ်းစစ်တပ် အရာရှိတွေကို အသိပေးခဲ့ပါတယ်။ မြန်မာ ရွှေ့
ပြောင်း အလုပ်သမားတွေ အနေနဲ့ တရားဝင် အလုပ်သမားအဖြစ် ဆက်လက် ရပ်တည်နေတာကို ထိုင်းက လိုလားကြောင်း၊ အခွန်ကောက်ယူမှုနဲ့ ငွေပြန်လွှဲခိုင်းမှုတွေက တရားဝင် အလုပ်လုပ်နေတဲ့ စည်းမျဉ်းမူဘောင်တွေကနေ မြန်မာလုပ်သားတွေ စွန့်ခွာသွားစေမှာကို စိုးရိမ်ကြောင်း ဆီဟာဆက်က ပြောခဲ့ပါတယ်။
မင်းအောင်လှိုင်ကလည်း မြန်မာကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ တဖြည်းဖြည်းချင်း ပြန်လည် ထိတွေ့ ဆက်ဆံနိုင်အောင် ကူညီပေးနေတဲ့ ထိုင်းရဲ့ မူဝါဒကို ကြိုဆိုကြောင်း ဆီဟာဆက်ကို ပြောခဲ့ပါတယ်။ တစ်ဖက်မှာလည်း မြန်မာကိုယ်တိုင်ကအာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပြန်ဝင်ဆံ့ဖို့ဆိုရင် အာဆီယံ စိုးရိမ်နေတဲ့ကိစ္စတွေကိုအားထည့်ဖြေရှင်းဖို့အရေးကြီးကြောင်8း ဆီဟာဆက်က ထောက်ပြခဲ့ပါတယ်။
ပြီးတော့ စစ်တပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေနဲ့ စေ့စပ်ဆွေးနွေးရေးမှာထိုင်းကကြားဝင်ကူညီဖို့ ဆန္ဒရှိကြောင်းလည်း ဆီဟာဆတ်က ကမ်းလှမ်းခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်လာတာနဲ့အမျှဒေသတွင်း အစည်းအဝေးတွေနဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေမှာ မြန်မာရဲ့ အခန်းကဏ္ဍကို ပြန်လည် ရယူနိုင်အောင် ထိုင်းက ကူညီ တိုက်တွန်းပေးနိုင်မှာ ဖြစ်တယ်လို့ ဆီဟာဆက်က ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မင်းအောင်လှိုင်တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းဆွေးနွေးခဲ့တာရှိ ၊မရှိကိုတော့ ဆီဟာဆက်ကမပြောပါဘူး ။ ဖိလစ်ပိုင်မှာလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးက မင်းအောင်လှိုင်ကိုတက်ခွင့်မပြုကြောင်း တရာဝင်ထုတ်ပြန်ပြီး ၂ ရက်အကြာမှာ ထိုင်းဝန်ကြီးက နေပြည်တော်ကိုသွားရောက်ခဲ့တာဖြစ်ပါတယ်။
ကိုးကား- Khaosod





















































