သတင်း ကရင်နီပြည်တွင် သေဆုံးမှုများနေသည့် စစ်ကောင်စီတပ်က ထပ်မံအင်အားဖြည့်တင်းနေ စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်းမှုများကြောင့် ဒီးမော့ဆိုနှင့် ဘောလခဲမြို့၌ ယခုရက်ပိုင်း အတွင်း ထိတွေ့မှု မရှိသေးသော်လည်း ရှမ်း - ကရင်နီဒေသ အစပ်တွင်မူ နေ့စဥ်ထိတွေ့မှု ဖြစ်နေသည်ဟု ဆိုသည်။ LuduNwayOoဧပြီ 11, 2023
သတင်း ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင်စစ်ကောင်စီက စစ်သားသစ်စုဆောင်းသောလက်ကမ်းစာစောင်များဖြန့်ဝေ ကရင်နီပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို ကရင်နီတော်လှန်ရေးတပ်များကစိုးမိုးထားပြီး ၊စစ်ကောင်စီက မြို့ပေါ် ဧရိယာ ၂၀ ခန့်ကို စိုးမိုးထားကာ ၊ကျန်ဧရီယာ ၂၀ ရာခိုင်နှုန်းမှာ မည်သာ့်ဘက်ကမှ မစိုးမိုးနိုင်သေးသော စစ်မြေပြင်များဖြစ်ကြောင်း KNDF ခေါင်းဆောင်များကပြောသည်။ LuduNwayOoဧပြီ 9, 2023
သတင်း ကရင်နီပြည်တွင် တိုက်ပွဲများပြင်းထန်နေပြီး သတင်းကောင်းများ မကြာမီထုတ်ပြန်ပေးမည်ဟု KNDFတာဝန်ရှိသူ ပြော မတ်လအတွင်း ကရင်နီတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၈၁ ဦးသေဆုံးပြီးလက်နက်ငယ်(၅၁)လက်၊ လက်နက်ကြီး(၉)လက် နှင့် ခဲယမ်းအမြောက်အများအပါအဝင် ဆက်သွယ်ရေးစက်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။ LuduNwayOoဧပြီ 8, 2023
သတင်း စစ်ရေးပြင်းထန်နေသော်လည်း ကရင်နီပြည်နယ်ရှိကရင်နီအမျိုးသားကောလိပ်ဘွဲ့ အပ်နှင်းပွဲပြုလုပ် အဆိုပါကောလိပ် တက်ရောက်ပြီးစီးခဲ့သည့်ကျောင်းသား ကျောင်းသူအများစုသည် ကရင်နီလူမှုအသိုင်းအဝိုင်း၌ကျောင်းဆရာ၊ အမျိုးသမီး၊ လူငယ်၊ ကျန်းမာရေးစသည့် နယ်ပယ်များ၌ ပြန်လည်ကူညီနေကြောင်း၊ ယင်းအနက်ပညာသင်ဆုရရှိပြီး တက္ကသိုလ် ပညာရေးဆက်လက်သင်ယူနေသူများရှိကြောင်း ကန္တာရ၀တီတိုင်း(မ်)က ဖော်ပြသည်။ LuduNwayOoဧပြီ 6, 2023
သတင်း ကရင်နီပြည်တွင် စစ်ကောင်စီ၏ခလရ (၂၈၇)တပ်ကိုကရင်နီပူးပေါင်းတပ်တိုက်ခိုက် ၂၀ ဦးထက်မနည်းသေ မြေပြင်စစ်ရေးသတင်းများအရ ထိုးစစ်ဆင်ရန် စကခ - ၂ လက် အောက်ခံအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) မှ တပ်ရင်းများအပါအဝင် တပ်မ (၅၅ ၊၆၆၊ ၇၇၊ ၉၉) နှင့် (၂၂)မှ အင်အား ၂,၀၀၀ ထက်မနည်း ကရင်နီစစ်ဆင်ရေးအတွက် စေလွှတ်ထားသည်။ LuduNwayOoမတ် 31, 2023
သတင်း တစ်လကျော်အတွင်း ရှမ်း – ကရင်နီပြည်အစပ်တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၀၀ ကျော်သေဟု မိုးဗြဲ PDF အသိပေး အထိနာနေသော စစ်ကောင်စီတပ်က ယခုလပထမပတ်အတွင်း ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာ သုံးပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၂၂ ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့်။ LuduNwayOoမတ် 31, 2023
သတင်း စစ်တပ်က ကရင်နီပြည်တွင်လူသားလှိုင်း(Human wave) စစ်ဆင်ရေးပြုလုပ်လာဟု KNDF ဒုစစ်ဦးစီးချုပ်ပြော ယမန်နေ့(မတ်လ ၂၉ ရက်)က " စည်းရိုးပရောဂျက်"နှင့် ဆက်စပ်၍ ကရင်နီတော်လှန်ရေးခရီးအတိုင်းအတာနှင့် သက်ရောက်မှု အခြေ အနေဆွေးနွေးပွဲ၌ ၎င်းကအထက်ပါ အတိုင်းအသိပေးခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 30, 2023
သတင်း ကရင်နီပြည်နယ်တွင်စစ်တပ် တပ်ရင်းတစ်ရင်းလုံးပြုတ်၊ ကရင်နီပူးပေါင်းတပ်ကလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိ ကရင်နီပြည်နယ်ရှိ နေရာတစ်နေရာတွင်စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၂ လက်အောက်ခံ (ခမရ ၅၁၅ တပ်ရင်း) ကိုကရင်နီပူးပေါင်းတပ်က ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ LuduNwayOoမတ် 25, 2023
သတင်း ကရင်နီပြည်တွင် သေဆုံးမှုများနေသည့် စစ်ကောင်စီတပ်က တောင်ကွဲစေတီ၌ ယတြာချေ စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။ LuduNwayOoမတ် 23, 2023
မေးမြန်းခန်း “ဒီကနေ့(မတ်လ ၁၆ ရက်)အထိက ရလဒ်ကောင်းတွေရနေတယ်။ရထားတယ်” ဖေဖော်ဝါရီ ၂၄ ရက်စပြီး စစ်ကောင်စီတပ်က အထူးစစ်ဆင်ရေးပုံစံနဲ့ကရင်နီ(ကယား)ပြည်နယ်ကို စစ်မျက်နှာလေးခု ဖွင့်ပြီးထိုးစစ်ဆင်ခဲ့ပါတယ်။ မတ်လ ဒုတိယပါတ်မှာတော့ စစ်ကြောင်း ၁၂ ကြောင်းနဲ့ စစ်ကောင်စီတပ်သားထောင်ချီသုံးပြီးထိုးစစ်ဆင်လာပါတယ်။ LuduNwayOoမတ် 16, 2023