Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တစ်လကျော်အတွင်း ရှမ်း – ကရင်နီပြည်အစပ်တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၀၀ ကျော်သေဟု မိုးဗြဲ PDF အသိပေး

အထိနာနေသော စစ်ကောင်စီတပ်က ယခုလပထမပတ်အတွင်း ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာ သုံးပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၂၂ ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့်။

(တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - မိုးဗြဲ PDF)

ပြီးခဲ့သည့်တစ်လကျော်အတွင်း ရှမ်း – ကရင်နီပြည်နယ်အစပ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံး ပြီး ၁၀၀ထက်မနည်း ဒဏ်ရာရရှိကြောင်း မိုးဗြဲ PDF တပ်ရင်း(၂)က ယနေ့ အသိပေးထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ခဲ့သည့် ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အစပ် တိုက်ပွဲများ၌ စစ်ကောင်စီတပ်က ထိုကဲ့သို့ သေဆုံးထားပြီး ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်ကို ခုခံရာတွင် ကရင်နီတပ်ပေါင်းစုမှ ၁၂ ဦးကျဆုံးခဲ့ကာ ၁၅ ဦး အထက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“ထိတွေ့မှုတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ သူတို့(စစ် ကောင်စီ)ဘက်က ထိခိုက်သေဆုံးတာတွေများနေတာကြောင့် အခုနောက်ပိုင်း သူတို့ဘက်က စစ်ဆင်ရေး ပြောင်းလာတယ်။အထူးသဖြင့် လေကြောင်းပစ်ကူ အဆမတန်ယူလာတယ်။ပေါင် ၅၀၀ ဗုံးတွေကို သုံးတယ်။ဒါတွေကို ကျွန်တော်တို့ အနေနဲ့ တုံ့ပြန်နိုင်ဖို့ ကြိုးစားနေတယ်”ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – မိုးဗြဲ PDF)

လက်ရှိ ရှမ်း-ကယား ပြည်နယ်အစပ်တွင် 1007 Mobye PDF၊ Phekhon Zone(KNDF)၊ 1001 Mobye PDF၊ 1002 PK PDF ၊ PNDF(KK)၊ DMO PDF ၊ DMO Local PDF ၊ 1009 IPDF ၊ 1008 SSRY နှင့်မဟာမိတ်တပ်ပေါင်းစုက စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်ခိုက်နေသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းမှူး အပါအဝင် အရာရှိများ သေဆုံးနေပြီး လက်နက်ခဲယမ်းအမြောက်အများနှင့် စစ်ကောင်စီတပ်သားအချို့ကို ဖမ်းမိထားသည်။

အထိနာနေသော စစ်ကောင်စီတပ်က ယခုလပထမပတ်အတွင်း ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာ သုံးပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၂၂ ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့်။

ထို့အပြင် လေကြောင်းပစ်ကူ အနေဖြင့် ယနေ့အထိ တိုက်ခိုက်မှု ၂၆ ကြိမ်ရှိကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စစ်ဘေးရှောင်များခိုလှုံရာနေရာများကိုလည်း လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မိုးဗြဲ PDF တပ်ရင်း (၂)က အသိပေးသည်။

ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုကိပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်ကို တန်ပြန်တိုက်ခိုက်ရန် ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများကို ကူညီထောက်ပံ့ပေးကြရန်လည်း Mobye PDF က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။