Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် တိုက်ပွဲများပြင်းထန်နေပြီး သတင်းကောင်းများ မကြာမီထုတ်ပြန်ပေးမည်ဟု KNDFတာဝန်ရှိသူ ပြော

မတ်လအတွင်း ကရင်နီတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၈၁ ဦးသေဆုံးပြီးလက်နက်ငယ်(၅၁)လက်၊ လက်နက်ကြီး(၉)လက် နှင့် ခဲယမ်းအမြောက်အများအပါအဝင် ဆက်သွယ်ရေးစက်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

(‌ရှေ့တန်းတစ်နေရာတွင် တွေ့ရသော KNDFရဲဘော်များ။ ဓာတ်ပုံ - KNDF)
(‌ရှေ့တန်းတစ်နေရာတွင် တွေ့ရသော KNDFရဲဘော်များ။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်ဒေသတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး သတင်းကောင်းများ မကြာမီထုတ်ပြန်ပေးမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဒီးမော့ဆို အရှေ့ခြမ်းနှင့် ရှမ်း-ကယား နယ်စပ်တိုက်ပွဲများမှာ ယခုဧပြီအတွင်း ပြင်းထန်နေဆဲ ဖြစ်ကာ စစ်ကောင်စီက လေကြောင်းအသုံးပြု နေ့စဥ် တိုက်ခိုက်လာသည်ဟု ဆိုသည်။

“မြေပြင်မှာ အထိနာနေတော့ သူတို့ဘက်က လေယာဥ်တွေ နဲ့ နေ့တိုင်းဗုံးကျဲနေတာလို့ သုံးသပ်ရတယ်။နောက် တစ်ချက်က မြေပြင် စကစ စစ်ကြောင်းတွေကရှေ့ဆက်မတိုးနိုင်ဘူးဖြစ်နေတာကို။ဒါကြောင့် ဝေဟင်ကို သူတို့ အားပြုလာတာ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိ မြေပြင်တိုက်ပွဲများတွင်လည်း ကရင်နီတပ်ပေါင်းစုက အသာစီးရနေပြီး လူထုမျှော်လင့်သည့် သတင်းကောင်းများ မကြာမီထုတ်ပြန်ပေးမည်ဟု ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

သို့သော် နှစ်လခန့်ကြာမြင့်နေပြီဖြစ်သော ကရင်နီဒေသတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ဒေသခံများအပါအဝင် ကရင်နီတပ်ပေါင်းစုများအတွက် လိုအပ်ချက်များကို ပြည်တွင်း၊ပြည်ပရှိ ပြည်သူများအနေဖြင့် ယခုထက်ပိုမိုပါဝင်ကူညီပေးရန်လည်း KNDFက မေတ္တာရပ်ခံသည်။

ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ(ကယား) ပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ လေးခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂)ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

မြေပြင်စစ်ရေးသတင်းများအရ စကခ (၂)လက် အောက်ခံအရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) မှ တပ်ရင်းများအပါအဝင် တပ်မ (၅၅ ၊၆၆၊ ၇၇၊ ၉၉)နှင့် (၂၂)မှ အင်အား ၂,၀၀၀ ထက်မနည်း ကရင်နီစစ်ဆင်ရေးအတွက်ရောက်ရှိနေပြီး စုစုပေါင်း စစ်ကောင်စီတပ်သား ၅,၀၀၀ ကျော် ကရင်နီပြည်သို့ ရောက်ရှိနေကြောင်း သိရသည်။

ထိုအနက် ပင်လောင်းနယ် တောင်မဲသင်း တိုက်ပွဲ၊ ဖယ်ခုံနယ် ကုရင်းကျေးရွာတိုက်ပွဲ၊မိုးဗြဲ တိုက်ပွဲ နှင့် ဒီးမော့ဆိုနယ် ဒေါတမကြီး တိုက်ပွဲများမှာ စစ်ကောင်စီ တပ်ရင်းလိုက် သေဆုံးမှုများရှိခဲ့ကာ စစ်ကောင်စီတပ်သားအရှင် ၁၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။

မတ်လအတွင်း ကရင်နီတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၈၁ ဦးသေဆုံးပြီးလက်နက်ငယ်(၅၁)လက်၊ လက်နက်ကြီး(၉)လက် နှင့် ခဲယမ်းအမြောက်အများအပါအဝင် ဆက်သွယ်ရေးစက်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

အလားတူ ထိုတိုက်ပွဲများတွင် ကရင်နီပူးပေါင်းတပ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ဦး ထက်မနည်း ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook