Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်တွင်စစ်တပ် တပ်ရင်းတစ်ရင်းလုံးပြုတ်၊ ကရင်နီပူး​ပေါင်းတပ်ကလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိ

ကရင်နီပြည်နယ်ရှိ ​နေရာတစ်​နေရာတွင်စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၂ လက်အောက်ခံ (ခမရ ၅၁၅ တပ်ရင်း) ကိုကရင်နီပူး​ပေါင်းတပ်က ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)
(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီတပ်ရင်းတစ်ခုကို ကရင်နီပူး​ပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ တပ်ရင်းတစ်ရင်းလုံးပြုတ်ပြီး လက်နက်၊ခဲယမ်း အမြောက်အများကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့သည်။

ကရင်နီပြည်နယ်ရှိ ​နေရာတစ်​နေရာတွင်စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၂ လက်အောက်ခံ (ခမရ ၅၁၅ တပ်ရင်း) ကိုကရင်နီပူး​ပေါင်းတပ်က ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)
(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)

“အသေးစိတ်ကို မနက်ဖြန်မှာ ကျွန်တော်တို့ တရားဝင်ထုတ်ပြန်ပေးမယ်။လောလောဆယ် တပ်ဖွဲ့ဝင်တွေ အစည်းအဝေးထိုင်နေပါတယ်”ဟု ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ပြောသည်။

People’s Spring ရရှိ​သော သတင်းဓါတ်ပုံများအရ စစ်​သားများ​သေဆုံးသူများပြားပြီး လက်နက်မျိုးစုံ ၃၀ ​ကျော်၊ ကျည်မျိုးစုံနှင့်ခဲယမ်းများ၊စစ်တပ်သုံးပစ္စည်းများစွာသိမ်းဆည်းရရှိခဲ့သည်ကို​တွေရသည်။

Public Service Announcement

Public Service Announcement

မတ်ဆန်းပိုင်းကစ၍ စစ်ကောင်စီတပ်က တပ်မ ၅၅၊၆၆၊၇၇၊၉၉ နှင့် ၂၂ အစရှိသည့် တပ်မ ၅ ခု အပြင် စကခ ၂ လက်အောက်ခံ တပ်ရင်းများဖြင့် ကရင်နီဒေသ ကို ထိုးစစ်ဆင်နေသည်။

(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)
(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)

သို့သော် ထို တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှသေဆုံးသူ ၁၀၀ ထက်မနည်းရှိကာစစ်သုံ့ပန်းခြောက်ဦးကို ကရင်နီပူးပေါင်းတပ်က ဖမ်းဆီးနိုင်ခဲ့သည်။ ထိုအပြင် လက်နက်ခဲယမ်းများစွာကိုလည်း ကရင်နီပူး​ပေါင်းတပ်များကသိမ်းဆည်းနိုင်ခဲ့သည်။

ထို့အတူ ကရင်နီပူးပေါင်းတပ်မှလည်း ရဲဘော် ငါးဦးခန့် ကျ ဆုံးထားကာ နေ့စဥ် တိုက်ပွဲများ ခုခံနေရမှုကြောင့် ကျည်နှင့်ခဲယမ်းလိုအပ်ချက်များရှိနေ၍ ပြည်သူ့ကာ ကွယ်ရေးတပ်များက ပြည်သူများကို အကူအညီ တောင်းခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook