Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် သေဆုံးမှုများနေသည့် စစ်ကောင်စီတပ်က တောင်ကွဲစေတီ၌ ယတြာချေ

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး ” တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့”ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

(ကရင်နီပြည်ရှိ တောင်ကွဲစေတီအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ကရင်နီပြည်ရှိ တောင်ကွဲစေတီအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီ၏ ဗေဒင်ယတြာအစီအမံမှာ ၎င်း၏ လက်ပါးစေများအား ကယ်တင်နိုင်မည်မဟုတ်ဟု ကရင်နီဒေသခံပြော

ကရင်နီ(ကယား)ပြည်နယ်တိုက်ပွဲများတွင် သေဆုံးမှုများနေသည့် စစ်ကောင်စီတပ်က တောင်ကွဲစေတီ၌ ဗေဒင်ယတြာအစီအမံပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မတ်လ ၂၃ ရက်)နံနက်အစောပိုင်းက ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ ဗေဒင်ယတြာမှာ နေပြည်တော် တိုင်းစစ်ဌာနချုပ်ကတဆင့် ညွှန်ကြားခြင်းဟု ဆိုသည်။

“လွိုင်ကော်က မြို့နယ်မှူးကိုယ်တိုင် တောင်ကွဲစေတီက ဂေါပကကို လာပြောတာ။ဒီမနက်ပဲ တောင်ကွဲစေတီရဲ့ ကျောက်တောင်အကုန်လုံးကို နေပြည်တော်ကနေ တကူးတက ပို့လာတဲ့ ပရိတ်ကြိုးတွေနဲ့ ပတ်သွားတာ”ဟု လွိုင်ကော် မြို့ခံတစ်ဦးက ပြောသည်။

ဗေဒင်ယတြာအားကိုးဖြင့် စစ်ကောင်စီ၏ ဗေဒင်ယတြာအစီအမံမှာ ၎င်း၏လက်ပါးစေများအား ကယ်တင်နိုင်မည်မဟုတ်ဟုလည်း ကရင်နီဒေသခံက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကြံရာမရတဲ့အဆုံး ယတြာအားကိုးနဲ့ မိုက်ဇာတ်ခင်းဖို့ ပြင်နေတယ်လို့ပဲ ပြောချင်တယ်။ဒါပေမဲ့ ဘာယတြာမှ ခင်‌ဗျားတို့ကို မကယ်နိုင်ဘူးဆိုတာ မြေပြင်မှာ စခ(စစ်ကောင်စီတပ်သား) သေဆုံး၊ထွက်ပြေး၊ပြုန်းတီး စာရင်းတွေက သက်သေတွေပဲ”ဟု ၎င်းက ရှင်းပြသည်။

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး ” တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့”ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သို့သော် လက်ရှိမြေပြင်တွင် စစ်ကောင်စီ၏ ဒုတပ်ရင်းမှူးအပါအဝင် ဗိုလ်ကြီးအဆင့်ရှိသူများနှင့် တပ်သား ၁၀၀ခန့်မှာ ကရင်နီဒေသတွင် အတုန်းအရုန်း သေဆုံးနေသည်။

ယခု လဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲနှင့် ပင်လောင်း တိုက်ပွဲများ၌ တပ်မ(၅၅) ၊(၆၆)၊ (၇၇)၊ (၉၉) နှင့် (၂၂) အပါအဝင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းများဖြင့် အင်အား ၂,၀၀၀ ထက်မနည်း အသုံးပြုလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။