Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်က ကရင်နီပြည်တွင်လူသားလှိုင်း(Human wave) စစ်ဆင်​ရေးပြုလုပ်လာဟု KNDF ဒုစစ်ဦးစီးချုပ်​ပြော

ယမန်နေ့(မတ်လ ၂၉ ရက်)က ” စည်းရိုးပရောဂျက်”နှင့် ဆက်စပ်၍ ကရင်နီတော်လှန်ရေးခရီးအတိုင်းအတာနှင့် သက်ရောက်မှု အခြေ အနေဆွေးနွေးပွဲ၌ ၎င်းကအထက်ပါ အတိုင်းအသိပေးခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်တွင် အင်အား ၅၂၀၀ ​ကျော်အသုံးပြုတိုက်ခိုက်​နေမှုနှင့် ထိုးစစ်ဆင်​နေ​သောပုံစံပြ ဂရပ်
စစ်​ကောင်စီတပ်က ကရင်နီပြည်နယ်တွင် အင်အား ၅၂၀၀ ​ကျော်အသုံးပြုတိုက်ခိုက်​နေမှုနှင့် ထိုးစစ်ဆင်​နေ​သောပုံစံပြ ဂရပ်
▪︎”ဟိုက်လိုက်လုပ်ချင်တာ(အထူး​ပြု​ပြောချင်တာ)က အခုနောက်ပိုင်းစစ်ကောင်စီက Human Wave(လူသားလှိုင်း) ကိုသုံးလာတယ်။သူ့လူအင်အား အများကြီးနဲ့ စစ်ကြောင်းတက်လာတယ်။သူ့လူသေလဲ၊ ထိလဲ မဆွဲတော့ဘူး။ ဆက်တက်တယ်။ အဲဒီလိုမျိုးပေါ့။ ဒီဟာကိုလည်းစစ်ကောင်စီရဲ့မိသားစုဝင်တွေကို ပေးသိစေချင်တယ်။ ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေဟာ ရှေ့ တန်းမှာ လူတစ်ဦးတစ်ယောက်ရဲ့အာဏာအတွက် သေ နေရတာ ကို ကျွန်တော်တို့ ပြောပြချင်တယ်။ အချို့တပ်သားတွေဆိုရင် သေတာတောင်သူတို့မိသားစုဝင်တွေသိချင်မှ သိလိမ့်မယ်” KNDFဒုစစ်ဦးစီးချုပ်

ကရင်နီ(ကယား)ပြည်နယ်၏စစ်ရေးမှာအမြင့်ဆုံးထိရောက်နေပြီးစစ်ကောင်စီတပ်က တပ်သားများ​သေလည်းဂရုမစိုက်ဘဲ လူအင်အားအလွန်အကျွံအသုံး​ပြုသောလူသားလှိုင်း(Human Wave) စစ်ဆင်​ရေးပြုလုပ်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ်မာဝီကပြောသည်။

ယမန်နေ့(မတ်လ ၂၉ ရက်)က ” စည်းရိုးပရောဂျက်”နှင့် ဆက်စပ်၍ ကရင်နီတော်လှန်ရေးခရီးအတိုင်းအတာနှင့် သက်ရောက်မှု အခြေ အနေဆွေးနွေးပွဲ၌ ၎င်းကအထက်ပါ အတိုင်းအသိပေးခဲ့ခြင်းဖြစ်သည်။

“ဟိုက်လိုက်လုပ်ချင်တာ(အထူး​ပြု​ပြောချင်တာ)က အခုနောက်ပိုင်းစစ်ကောင်စီက Human Wave(လူသားလှိုင်း) ကိုသုံးလာတယ်။သူ့လူအင်အား အများကြီးနဲ့ စစ်ကြောင်းတက်လာတယ်။သူ့လူသေလဲ ၊ထိလဲ မဆွဲတော့ဘူး။ဆက်တက်တယ်။အဲဒီလိုမျိုးပေါ့ ။ဒီဟာကိုလည်းစစ်ကောင်စီရဲ့မိသားစုဝင်တွေကို ပေးသိစေချင်တယ်။ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေဟာ ရှေ့ တန်းမှာ လူတစ်ဦးတစ်ယောက်ရဲ့အာဏာအတွက် သေ နေရတာ ကို ကျွန်တော်တို့ ပြောပြချင်တယ်။အချို့တပ်သားတွေဆိုရင် သေတာတောင်သူတို့မိသားစုဝင်တွေသိချင်မှ သိလိမ့်မယ်။စစ်ကောင်စီက လည်း ဒါကို ဖုံးကွယ်ထားမယ်ဆိုတာ ယုံကြည်ပြီးသားပဲ။ဟိုတလော(ဒေါတမကြီး တိုက်ပွဲ)ဆိုရင် တွန်းလှည်းနဲ့ပါ တိုက်ယူရတဲ့ သူတို့ရဲ့ ဘော်ဒီကို အားလုံးတွေ့မြင် ပြီး ဖြစ်မှာပါ”ဟု KNDFဒုစစ်ဦးချုပ်ကပြောသည်။

ထို့အပြင် ပွင့်လင့်ရာသီ ရောက်ရှိလာသည့်အတွက် ကရင်နီဒေသတွင်း စစ်ရေးအခြေအနေမှာ အမြင့်ဆုံးထိရောက်နေပြီး အပြန်အလှန်စစ်ကြောင်းထိုးနေသည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ရန်သူကတော့ ကျွန်တော်တို့ကို ချေမှုန်းဖို့၊သူတို့ နယ် မြေတွေကို ပြန်စိုးမိုးရယူဖို့တွေကြိုးစားနေတယ်။ ကျွန် တော်တို့ရဲ့ ပြည်သူကာကွယ်ရေးတပ်တွေ တော်လှန် ရေးတပ် ပေါင်းစုတွေ အနေနဲ့ကလည်း တပ်ပေါင်းစု သဏ္ဍာန် နဲ့စစ်ကောင်စီကိုတိုက်ခိုက်နေတယ်။ရလဒ်ကောင်းတွေရအောင် ကြိုးစားနေတယ်။သို့သော်လည်းတစ်ဖက်မှာ ပြည့်စုံပြီလားဆိုတော့ မပြည့်စုံသေးဘူး။အဲဒါကြောင့် ရန်ပုံငွေ ရှာဖွေရေးအစီအစဥ် ကို လုပ်ရတာဖြစ်ပါတယ်”ဟု ဒုတိယစစ်ဦးစီးချုပ် မာဝီက ရှင်းပြသည်။

ကရင်နီ တိုက်ပွဲများတွင် မတ်လ၌ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ၊စစ်သုံ့ပန်းများ။ဓါတ်ပုံ-KNDF
ကရင်နီ တိုက်ပွဲများတွင် မတ်လ၌ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ၊စစ်သုံ့ပန်းများ။ဓါတ်ပုံ-KNDF

ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ(ကယား) ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

စစ်​ကောင်စီတပ်က ပုံမှန်အားဖြင့် ကရင်နီပြည်နယ်တွင် စစ်သား ၂၀၀၀ ထားရာမှ မကြာ​သေးခင်က ၁၂၀၀ ထပ်မံထပ်တိုးပြီး ​ဖေ​ဖော်​ဝါရီလကုန်ပိုင်း-မတ်လဆန်း ထိုးစစ်တွင် စစ်သား ၂၀၀၀ ​ကျော်ထပ်တိုးခဲ့ခြင်းဖြစ်​ကြောင်း KNDF ဥက္ကဌ နှင့် ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ၏ ဒုဥက္ကဌ ခွန်းဘီထူးကလည်း အင်ဖိုဂရပ်ကိုအသုံးပြုရှင်းပြသည်။ထို​ကြောင့် လတ်တ​လောကရင်နီ ပြည်နယ်တွင် စစ်တပ်က တပ်ဖွဲ့ဝင် အင်အား ၅၂၀၀ ​ကျော်အသုံးပြုထားခြင်းဖြစ်သည်။

ကရင်နီပြည်နယ်သည် စစ်​ကောင်စီအုပ်ချုပ်​ရေး၏အဓိက​နေရာ​နေပြည်​တော်ကို ခြိမ်း​ခြောက်နိုင်ခြင်းနှင့် ဗျူဟာ​မြောက်တည်​နေရညတွင် ရှိ​နေ​သော​ကြောင့် စစ်​ကောင်စီကထိန်းချုပ်နိုင်ရန် အကြီးအကျယ်ထိုးစစ်ဆင်​နေခြင်းဖြစ်သည်။

မြေပြင်စစ်ရေးသတင်းများအရ ထိုးစစ်ဆင်ရန် စကခ ၂ လက် အောက်ခံအရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) မှ တပ်ရင်းများအပါအဝင် တပ်မ ၅၅ ၊၆၆၊ ၇၇၊ ၉၉ နှင့် ၂၂ မှ အင်အား ၂,၀၀၀ ထက်မနည်း ကရင်နီစစ်ဆင်ရေးအတွက် ​စေလွှတ်ထားခြင်းဖြစ်သည်။

ထိုအပြင် စစ်ကောင်စီပူးပေါင်းတပ် အသေအဆုံးများနေသည့် ရှမ်း-ကယား နယ်စပ်သို့ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ကူအဖြစ် စစ်ကား ၄၀ စီးထက်မနည်း ကို မတ် ၂၈ ရက်ကစ၍ ဖြည့်တင်းနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ကရင်နီ တိုက်ပွဲများတွင် မတ်လ၌ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ၊စစ်သုံ့ပန်းများ။ဓါတ်ပုံ-KNDF
ကရင်နီ တိုက်ပွဲများတွင် မတ်လ၌ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ၊စစ်သုံ့ပန်းများ။ဓါတ်ပုံ-KNDF

ထိုအနက် ပင်လောင်း တောင်မဲသင်း တိုက်ပွဲ၊ ဖယ်ခုံ ကုရင်းကျေးရွာတိုက်ပွဲ၊မိုးဗြဲ တိုက်ပွဲ နှင့် ဒီးမော့ဆို ဒေါတမကြီး တိုက်ပွဲများမှာ စစ်ကောင်စီ တပ်ရင်း လိုက် သေဆုံးမှုများရှိခဲ့ကာ လက်နက်ခဲယမ်းများ နှင့် စစ်ကောင်စီ တပ်သားအရှင် ၁၃ ဦးခန့်ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့သည်။

အလားတူ ထိုတိုက်ပွဲများတွင် ကရင်နီပူးပေါင်းတပ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကျဆုံးခဲ့သည်။တိုက်ပွဲများပြင်းထန်​နေသည့်အတွက် စစ်​ဘေး​ရှောင် ပြည်သူ နှစ်သိန်း​ကျော်ထွက်​ပြေးတိမ်း​ရှောင်​နေရပြီး အချို့စစ်​ရှောင်များမှာစစ်တပ်က ထိုးစစ်ဆင်လာ၍ ​နေရာထပ်​ပြောင်း​ရွေ့ကြရသည်။စစ်တပ်က ​လေ​ကြောင်းအသုံးပြု ဗုံးကျဲခြင်း ပစ်ခတ်ခြင်းကို စစ်​ဘေး​ရှောင်စခန်းများကိုပါ မ​ရှောင်ပြုလုပ်သဖြင့်စစ်​ဘေး​ရှောင်အချို့ ​သေဆုံးဒဏ်ရာရမှုရှိ​နေသည်။

တိုက်ပွဲများဆက်လက်ပြင်းထန်​နေသည့်အတွက် စစ်တပ်ကို ခံစစ်မှ တိုက်စစ်အသွင်​ပြောင်းတိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများဖြည့်တင်းနိုင်​ရန် ပြည်သူများက ကူညီ​ထောက်ပံ့ကြရန် တိုက်တွန်းထားကြပြီး ‘စည်းရိုးပ​ရောဂျက်’ ( https://www.facebook.com/permalink.php?story_fbid=pfbid02gkzBg6EDXVJSc2p5i5moTcTsW8stvWwSBN2xHVbnMm7vnJEyt7hSX29QoRRVm168l&id=100090713422974 ) ကိုလည်းပြုလုပ်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။