သတင်း ဒီးမော့ဆိုနယ်ရှိ စစ်ကောင်စီတပ်ထိန်းချုပ်ထားသော ကုန်းသာနှင့်သေးဆူလဲနယ်မြေအားပြန်လည်ထိန်းချုပ်နိုင်ပြီဟု KRU အသိပေး ဒီးမော့ဆို့မြို့ ၊ကုန်းသာကျေးရွာအတွင်း နယ်မြေများပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီတပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်းလင်းရေးများ ပြန်လည်ပြုလုပ်နေကြောင်း ဖော်ပြသည်။ LuduNwayOoဒီဇင်ဘာ 2, 2022
သတင်း ယောနယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ပြည်သူများ သတိနှင့်နေထိုင်သွားလာကြရန် PDFများ သတိပေး စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်း နိုဝင်ဘာ ၃ဝရက်က စတင်စစ်ကြောင်းထိုးလာပြီး ဒီဇင်ဘာ ၁ရက်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ LuduNwayOoဒီဇင်ဘာ 2, 2022
သတင်း စစ်ကောင်စီတပ်ကို တပ်စွဲခွင့်ပြုခြင်း၊ လက်နက်ခဲယမ်းအင်အားများ သယ်ဆောင်ပေးခြင်း မလုပ်ရန် KIA ထပ်မံသတိပေး သတိပေးထုတ်ပြန်သည့်နေ့မှစ၍ ထိရောက်သည့် အရေးယူမှု ပြုလုပ်မည်ဖြစ်ကြောင်း ၂၀၂၁ မတ်လ ၁၆ရက်က ထုတ်ပြန်ခဲ့သည့် စာကိုယခုနှစ် ဒီဇင်ဘာ ၁ရက်တွင် ပြန်လည် အသိပေးဖော်ပြသည်။ LuduNwayOoဒီဇင်ဘာ 2, 2022
သတင်း ကသာမှာ ည ၈ နာရီခွဲကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် စစ်ကောင်စီထုတ် ကသာမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိပြီး သင်္ဘောဆိပ်မြို့ဖြစ်တဲ့အပြင် ရထားလမ်း ၊ကားလမ်းဆုံရာမြို့လည်းဖြစ်ပါတယ်။ LuduNwayOoဒီဇင်ဘာ 2, 2022
သတင်း မြိုင်မြို့နယ် ကိုင်းတောမ၌တပ်စွဲထားသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက် "သူတို့က ၁၀ဦးရှိတာ။ လေးဦး ဈေးဝယ်လာတာ။သူတို့ဘက်က သေနတ်သုံးချက်ဖောက်တယ်"ဟု ဗိုလ်မိုးကြိုးက ပြောသည်။ LuduNwayOoဒီဇင်ဘာ 2, 2022
သတင်း ဟားခါးနှင့် ထန်တလန်တွင် နိုဝင်ဘာလတိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၅၅ဦး ထက်မနည်းသေ နိုဝင်ဘာ ၂၀ရက်ကတည်းကစစ်ကတပ်ကလေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ၂၂ရက်နေ့အထိသုံးရက်ဆက်လေကြောင်းတိုက်ခိုက်ခဲ့သည်ဟုသိရသည်။ LuduNwayOoဒီဇင်ဘာ 1, 2022
သတင်း မတ္တရာတွင်ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီတပ်ကို ၃ ကြိမ်တိုက်ခိုက်ရာ ၁၀ ဦးခန့်သေဟု နတ်ဆိုးအဖွဲ့ပြော ယမန်နေ့ နံနက် ၇နာရီခန့်ကလည်း မြောင်းဦးနှင့် ကျပ်ပြင်ရွာကြား ငုတ်ပြွန်အနီးသို့ မောင်းနှင်လာသော စစ်ကောင်စီတပ်၏ ထောက်ပို့ပစ္စည်းများ သယ်ဆောင်လာသည့် ထော်လာဂျီကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)က ကြားဖြတ်ဖမ်းဆီးခဲ့သည်။ LuduNwayOoဒီဇင်ဘာ 1, 2022
သတင်း ဆားလင်းကြီးတွင် စစ်ကောင်စီတပ်က ၃ ရွာဆက်တိုက်မီးရှို့ မီးလောင်ကျွမ်းပျက်စီးမှုအခြေအနေကိုမူ မသိရသေးကြောင်း၊ ယနေ့မွန်းလွဲပိုင်းတွင်မူ ဆားလင်းကြီးမြို့ပေါ်သို့ ပြန်ဝင်သွားကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ LuduNwayOoဒီဇင်ဘာ 1, 2022
သတင်း အိမ်ခြေ ၄၀၀ကျော်ရှိသည့်ထီးချိုင့်မြို့နယ်မှလေသာရွာကို စစ်ကောင်စီတပ် မီးရှို့ရာ ဘုန်းကြီးကျောင်းအပါအဝင် ရွာလုံးကျွတ်နီးပါး ပျက်စီး စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၅ရက်မှစ၍ ထီးချိုင့်နယ်ရှိ ဆူးပုတ်ချောင်၊ အင်ကြင်းကုန်း၊ အလယ်တော၊ အင်းတိန် နှင့် လေသာရွာတို့ကို အစဉ်လိုက်မီးရှို့ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 1, 2022
သတင်း ရွှေဘိုနယ်တွင်တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီးစစ်ကောင်စီထိခိုက်သေဆုံးမှုရှိ နိုဝင်ဘာလ ၃၀ ရက်က ရွှေဘိုမြို့နယ်အနောက်ပိုင်းရှိ မြင်းဇီးကျေးရွာသို့ ရောက်ရှိနေသော အင်အား ၆ဝ ကျော်ပါ စစ်ကောင်စီတပ်နှင့် ပျူများသည် နံနက် ၇ နာရီခွဲခန့်တွင် ဆင်အင်းကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသည်။ LuduNwayOoဒီဇင်ဘာ 1, 2022