Connect with us

Hi, what are you looking for?

သတင်း

ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအား စစ်ကောင်စီ သေဒဏ်ချမှတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း GSC ထုတ်ပြန်

ထိုသို့ ပြည်သူများ အပေါ်ကျူးလွန်မှုအလုံးစုံအား မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စုမှ မလွဲမသွေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းလည်း GSCက အသိပေးထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအား မတရားသဖြင် သေဒဏ်ချမှတ်ခြင်းအပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အထွေထွေ သပိတ်ကော်မတီ (GSC)က ယနေ့ (ဒီဇင်ဘာ ၂) သဘောထားထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်တွင် စစ်အုပ်စုက ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်သော ကိုခန့်ဇင်ဝင်း၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဇော်လင်းနိုင်နှင့် ကိုခန့်လင်းမောင်မောင်တို့အား အင်းစိန်အကျဥ်းထောင်တွင်းတရားရုံး၌ ပုဒ်မ ၃၀၂(က)ဖြင့် တရားစွဲဆို၍ သေဒဏ်အဖြစ် မတရားပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ၎င်းတို့က အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအား စစ်ကောင်စီ သေဒဏ်ချမှတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း GSC ထုတ်ပြန်
ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအား စစ်ကောင်စီ သေဒဏ်ချမှတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း GSC ထုတ်ပြန်

စစ်အုပ်စုသည် ပြည်သူလူထုတစ်ရပ်လုံးအား ပျက်ဆီးဆုံးရှုံးအောင် နည်းလမ်းမျိုးစုံဖြင့် ရက်စက်ယုတ်မာနေသည့်အပြင် အပြစ်မဲ့ပြည်သူများ၏ နေအိမ်များမီးရှို့ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းပြုကျင့်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ သေဒဏ်ပေးကာ သတ်ဖြတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများအား ဆက်တိုက်ကျူးလွန်နေကြောင်း GSC က ဖော်ပြခဲ့သည်။

ထို့အပြင် ယခုကဲ့သို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တော်လှန်နေကြသည့် ကျောင်းသားလူငယ်များအား သေဒဏ်ပေးခြင်းသည်လည်း အာဏာသိမ်းစစ်အုပ်စု၏ နောက်ထပ် ကျူးလွန်သည့် စစ်ရာဇဝတ်မှု ဖြစ်ပြီး မြန်မာပြည်၏ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး စံနှုန်းတန်ဖိုးများအား သေဒဏ်ချလိုက်ခြင်း ဖြစ်သည့်အတွက် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း GSC က ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ပြည်သူများ အပေါ်ကျူးလွန်မှုအလုံးစုံအား မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စုမှ မလွဲမသွေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းလည်း GSCက အသိပေးထုတ်ပြန်ခဲ့သည်။

ထို့အပြင် တော်လှန်ရေးအတွင်း အသက်သွေးချွေးပေးဆပ်ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် ရန်သူ့လက်တွင်း ဖမ်းဆီးချုပ်နှောင်ခံ ရဲဘော်များကိုယ်စား ကျန်ရှိသောပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အလုံးစုံဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ပန်းတိုင်များသို့ ဆက်လက်ချီတက်တော်လှန်ကြရန်လည်း GSC က တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

လာမယ့်ဇူလိုင် (၁၉) ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့ လူထုလှုပ်ရှားမှုမှာ ပြည်သူတွေ တတ်နိုင်တဲ့နည်းလမ်းနဲ့ ပူးပေါင်းပါဝင်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းလှုံ့ဆော်ထားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှုကို စစ်တပ်ဘက်က မတရားဖမ်းဆီး အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေတာကြောင့် လုံခြုံရေး သတိပြုကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု (GSCB) ကအသိပေးထားပါတယ်။