Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့လူနေရပ်ကွက်များကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော​ကြောင့် ပြည်သူများအသွား အလာဂရုပြုကြရန် PDF သတိပေး

ကံတော်ရာတောင်‌ပေါ်၌ တပ်စွဲထားလျက်ရှိသောစစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁ ရက်တွင် အင်အားအများအပြားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

(လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် စစ်ကောင်စီတပ် အခြေစိုက်နေရာများဖြစ်သည်။ဓာတ်ပုံ -MBPDF)
(လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် စစ်ကောင်စီတပ် အခြေစိုက်နေရာများဖြစ်သည်။ဓာတ်ပုံ -MBPDF)

မိုးဗြဲမြို့လူနေရပ်ကွက်များအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ် နေသော​ကြောင့် ပြည်သူများအသွား အလာဂရုပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(ဒီဇင်ဘာ ၃ ရက်) ထုတ်ပြန်သည်။

ကံတော်ရာတောင်‌ပေါ်၌ တပ်စွဲထားလျက်ရှိသောစစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁ ရက်တွင် အင်အားအများအပြားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတောင်ပေါ်ရှိ စစ်ကောင်စီတပ် အပါအဝင် မိုးဗြဲမြို့အခြေစိုက် (၄၂၂)တပ်မှ ယမန်နေ့ကစ၍ ယနေ့(ဒီဇင်ဘာ ၃ ရက်)အထိ နှစ်ရက်ဆက်တိုက် လူနေအိမ်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့်အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်းဖော်ပြသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့နဲ့ တိုက်ပွဲလုံးဝ မဖြစ်ဘဲနဲ့ကို အ ကြောင်းမဲ့ ပစ်နေတာပါ။စစ်ရာဇဝတ်မှုတွေက တော့ပြောလို့ကုန်မှာမဟုတ်ဘူး”ဟု MBPDF တာ ဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့်မိမိတို့ လုံခြုံရေးအတွက် မိုးဗြဲမြို့အတွင်းအသွားအလာဂရုပြုကြရန် MBPDFက တိုက်တွန်းသည်။

ထို့အပြင် မြေပြင်တွင်အထိနာနေသည့် စစ်ကောင်စီတပ်က အကြမ်းဖက်စစ်ဆင်ရေးနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နိုဝင်ဘာအတွင်း မိုးဗြဲ မြို့အပါအဝင် ကရင်နီဒေသ၌ အရပ်သားပြည်သူ နှစ်ဦးသေဆုံးခဲ့ရပြီး၊ ၃၄ဦးဒဏ်ရာရရှိခဲ့ရသည်။

ထို့အတူ လက်နက်ကြီးထိမှန်မှုကြောင့် နေအိမ် (၅၇)လုံးပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။