Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့လူနေရပ်ကွက်များကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော​ကြောင့် ပြည်သူများအသွား အလာဂရုပြုကြရန် PDF သတိပေး

ကံတော်ရာတောင်‌ပေါ်၌ တပ်စွဲထားလျက်ရှိသောစစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁ ရက်တွင် အင်အားအများအပြားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

(လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် စစ်ကောင်စီတပ် အခြေစိုက်နေရာများဖြစ်သည်။ဓာတ်ပုံ -MBPDF)
(လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် စစ်ကောင်စီတပ် အခြေစိုက်နေရာများဖြစ်သည်။ဓာတ်ပုံ -MBPDF)

မိုးဗြဲမြို့လူနေရပ်ကွက်များအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ် နေသော​ကြောင့် ပြည်သူများအသွား အလာဂရုပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(ဒီဇင်ဘာ ၃ ရက်) ထုတ်ပြန်သည်။

ကံတော်ရာတောင်‌ပေါ်၌ တပ်စွဲထားလျက်ရှိသောစစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁ ရက်တွင် အင်အားအများအပြားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတောင်ပေါ်ရှိ စစ်ကောင်စီတပ် အပါအဝင် မိုးဗြဲမြို့အခြေစိုက် (၄၂၂)တပ်မှ ယမန်နေ့ကစ၍ ယနေ့(ဒီဇင်ဘာ ၃ ရက်)အထိ နှစ်ရက်ဆက်တိုက် လူနေအိမ်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့်အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်းဖော်ပြသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့နဲ့ တိုက်ပွဲလုံးဝ မဖြစ်ဘဲနဲ့ကို အ ကြောင်းမဲ့ ပစ်နေတာပါ။စစ်ရာဇဝတ်မှုတွေက တော့ပြောလို့ကုန်မှာမဟုတ်ဘူး”ဟု MBPDF တာ ဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့်မိမိတို့ လုံခြုံရေးအတွက် မိုးဗြဲမြို့အတွင်းအသွားအလာဂရုပြုကြရန် MBPDFက တိုက်တွန်းသည်။

ထို့အပြင် မြေပြင်တွင်အထိနာနေသည့် စစ်ကောင်စီတပ်က အကြမ်းဖက်စစ်ဆင်ရေးနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နိုဝင်ဘာအတွင်း မိုးဗြဲ မြို့အပါအဝင် ကရင်နီဒေသ၌ အရပ်သားပြည်သူ နှစ်ဦးသေဆုံးခဲ့ရပြီး၊ ၃၄ဦးဒဏ်ရာရရှိခဲ့ရသည်။

ထို့အတူ လက်နက်ကြီးထိမှန်မှုကြောင့် နေအိမ် (၅၇)လုံးပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။