Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် PDFများလာရဲရင်လာခဲ့ဟု စိန်ခေါ်သည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ

ထိုဖြစ်စဥ်ကို Natogyi Regional Defence Force – NRDFနှင့် The Value Of Young Men(တောင်သာ)၊ မလှိုင်တော်လှန်ရေးအင်အားစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

၂၀၂၁ မတ်လအတွင်းက တောင်သာ​ဒေသခံများ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြ​နေစဥ်၊ဓာတ်ပုံ - CJ
၂၀၂၁ မတ်လအတွင်းက တောင်သာ​ဒေသခံများ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြ​နေစဥ်၊ဓာတ်ပုံ - CJ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် PDFများလာရဲရင်လာခဲ့ဟု စိန်ခေါ်သည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား ရှင်းလင်းခဲ့ကြောင်း Natogyi Regional Defence Force – NRDFအဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲ ၁၂ နာရီကျော်က တောင်သာမြို့နယ်၊ အောင်သာကျေးရွာရှိ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းစိုးဆိုသူ၏ နေအိမ်သို့သွားကာ ၎င်းအား မဟာမိတ်အဖွဲ့များက ရှင်းလင်းခဲ့ကြောင်း NRDFအဖွဲ့က ယမန်နေ့(ဒီဇင်ဘာလ ၂ ရက်) အသိပေးသည်။

အဆိုပါ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းစိုးဆိုသူသည် အာဏာသိမ်းစစ်ကောင်စီ၏ အမိန့်နာခံကာ ရပ်ရွာပြည်သူလူထုအား အာဏာသုံးခြိမ်းခြောက်ခြင်းများ၊ PDFများကိုပါ “လာရဲတဲ့သူလာခဲ့”ဟု စိန်ခေါ်မှုများရှိခဲ့ကြောင်း NRDFအဖွဲ့က ဆိုသည်။

ထိုဖြစ်စဥ်ကို Natogyi Regional Defence Force – NRDFနှင့် The Value Of Young Men(တောင်သာ)၊ မလှိုင်တော်လှန်ရေးအင်အားစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ NRDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ