Connect with us

Hi, what are you looking for?

သတင်း

ဂျပန်က စစ်ကောင်စီသံရုံး နိုင်ငံကူးလက်မှတ် ကုန်ကျစရိတ်တိုးကောက်မယ်

ဒီလို ကုန်ကျစရိတ်တိုးကောက်ရတာဟာ ဂျပန်ယန်းဈေးနှုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဂျပန်က စစ်ကောင်စီသံရုံး နိုင်ငံကူးလက်မှတ် ကုန်ကျစရိတ်တိုးကောက်မယ်
ဂျပန်က စစ်ကောင်စီသံရုံး နိုင်ငံကူးလက်မှတ် ကုန်ကျစရိတ်တိုးကောက်မယ်

ဂျပန်ရောက်မြန်မာတွေ နိုင်ငံကူးလက်မှတ် (Passport)သက်တမ်းတိုးတာ ၊ ပျောက်ဆုံးလျှောက်ထားတာတွေကို ကုန်ကျစရိတ်တိုးကောက်မယ်လို့ တိုကျိုမှာရှိတဲ့စစ်ကောင်စီသံရုံးကကြေညာလိုက်ပါတယ်။

တိုးမြှင့်ကောက်ခံတာကိုမနေ့က ဒီဇင်ဘာလ ၁ ရက်ကစတင်တယ်လို့လည်းအဲဒီကြေညာချက်မှာဖော်ပြပါတယ်။

စက်နဲ့ဖတ်ရှုစစ်ဆေးနိုင်တဲ့ သာမန်နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာကို ယခင် ယန်း ၃,၀၀၀ ကနေ ယခု ယန်း ၄,၀၀၀ ထိတိုးကောက်မှာဖြစ်သလို ပျောက်ဆုံးလျှောက်ထားတာကိုလည်း ယခင်ယန်း ၁၀,၀၀၀ ကနေ ယန်း ၁၂,၀၀၀ ထိ စစ်ကောင်စီသံရုံးက တိုးကောက်မှာဖြစ်ပါတယ်။

ဒီလို ကုန်ကျစရိတ်တိုးကောက်ရတာဟာ ဂျပန်ယန်းဈေးနှုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်မှာ မြန်မာနိုင်ငံသား သုံးသောင်းခွဲကျော်နေထိုင်နေတယ်လို့ ဂျပန်အစိုးရရဲ့စာရင်းတွေအရသိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ကိုယ်စားလှယ်ရုံးကိုဂျပန်မှာ ဖွင့်ထားပေမယ့် နိုင်ငံကူးလက်မှတ် ကိစ္စနဲ့ပတ်သက်ပြီး လတ်တလော ဆောင်ရွက်ပေးလို့မရသေးကြောင်း အဲဒီ NUG ကိုယ်စားလှယ်ရုံးက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။