Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ

ယမန်နေ့(ဒီဇင်ဘာ ၃ ရက်)နံနက်ပိုင်းက ဒီပဲယင်းမြို့မှထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ညနေပိုင်းတွင် ရေဦးနှင့် ဒီပဲယင်းမြို့နယ်စပ် ဆည်ကြီးကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး
ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ရွှေဘိုနှင့် ရေဦးမြို့ဘက်နှစ်နေရာကပါ စစ်ကြောင်းနှစ်ခုထိုးလာ၍ ကျေးရွာအများအပြားရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၃ ရက်)နံနက်ပိုင်းက ဒီပဲယင်းမြို့မှထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ညနေပိုင်းတွင် ရေဦးနှင့် ဒီပဲယင်းမြို့နယ်စပ် ဆည်ကြီးကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

ထိုသို့ ဝင်ရောက်လာမှုကြောင့် ရေဦးတောင်ဘက် ခြမ်းနှင့် ဒီပဲယင်းအရှေ့ခြမ်း ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ​ပြောသည်။

အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာ၃၀ရက်က ရေဦးမြို့မှ ထွက်လာခြင်းဖြစ်ပြီး ယမန်နေ့ညက ဆည်ကြီးကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့က ဒီပဲယင်း ရွှေဘိုနယ်စပ်၊ ဆင်အင်းရွာ၊ မအူပင်၊ အင်ကြင်းပင်၊ သပွတ်တောကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သောစစ်ကြောင်းသည် ယမန်နေ့ညက ဒီပဲယင်းနှင့် ရွှေဘိုမြို့နယ်စပ် ထညှင်းကုန်းရွာတွင် ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး
ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး

ဒီပဲယင်းအရှေ့ခြမ်းရှိ သရက်တော၊ ညောင်လှ၊ ကုန်းကြီး၊ မူးခတွင်း၊ ဝဲကြီး၊ ရုံးသာ၊ နများစသည့် ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ​ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၃ ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘိုမြို့နယ်စပ်များ၌ စစ်ကြောင်းသုံးခုခွဲကာ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

“မနေ့ညက ရေဦးနယ်တောင်ဘက်ခြမ်း ဆည်ကြီးရွာမှာ ဝပ်ခဲ့ကြတဲ့ စစ်တပ်က အခုမနက် ပေါက်သာရွာဘက်ကတဆင့် အရှေ့ဘက်မူးမြစ်ကူးပြီး ခင်ဦးနယ်၊ တာတိုင်ရွာဘက်ကို လက်နက်ကြီး/ငယ်များပစ်ခတ်ပြီး စထွက်နေပြီလို့ သိရတယ်။ စစ်ခွေးလမ်းကြောင်း ဦးတည်ထားတဲ့ ခင်ဦးနယ်၊တာတိုင်ရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာများ ဘေးလွတ်ရာအမြန်ဆုံးတိမ်းရှောင်ပေးကြဖို့လိုပါတယ်။”ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီများ ပေးနိုင်ရန်ကြိုးစားနေပြီး နီးစပ်ရာကျေးရွာများအနေဖြင့် စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ပေးကြပါရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။