Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ

ယမန်နေ့(ဒီဇင်ဘာ ၃ ရက်)နံနက်ပိုင်းက ဒီပဲယင်းမြို့မှထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ညနေပိုင်းတွင် ရေဦးနှင့် ဒီပဲယင်းမြို့နယ်စပ် ဆည်ကြီးကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး
ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ရွှေဘိုနှင့် ရေဦးမြို့ဘက်နှစ်နေရာကပါ စစ်ကြောင်းနှစ်ခုထိုးလာ၍ ကျေးရွာအများအပြားရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၃ ရက်)နံနက်ပိုင်းက ဒီပဲယင်းမြို့မှထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ညနေပိုင်းတွင် ရေဦးနှင့် ဒီပဲယင်းမြို့နယ်စပ် ဆည်ကြီးကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

ထိုသို့ ဝင်ရောက်လာမှုကြောင့် ရေဦးတောင်ဘက် ခြမ်းနှင့် ဒီပဲယင်းအရှေ့ခြမ်း ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ​ပြောသည်။

အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာ၃၀ရက်က ရေဦးမြို့မှ ထွက်လာခြင်းဖြစ်ပြီး ယမန်နေ့ညက ဆည်ကြီးကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့က ဒီပဲယင်း ရွှေဘိုနယ်စပ်၊ ဆင်အင်းရွာ၊ မအူပင်၊ အင်ကြင်းပင်၊ သပွတ်တောကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သောစစ်ကြောင်းသည် ယမန်နေ့ညက ဒီပဲယင်းနှင့် ရွှေဘိုမြို့နယ်စပ် ထညှင်းကုန်းရွာတွင် ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး
ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး

ဒီပဲယင်းအရှေ့ခြမ်းရှိ သရက်တော၊ ညောင်လှ၊ ကုန်းကြီး၊ မူးခတွင်း၊ ဝဲကြီး၊ ရုံးသာ၊ နများစသည့် ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ​ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၃ ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘိုမြို့နယ်စပ်များ၌ စစ်ကြောင်းသုံးခုခွဲကာ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

“မနေ့ညက ရေဦးနယ်တောင်ဘက်ခြမ်း ဆည်ကြီးရွာမှာ ဝပ်ခဲ့ကြတဲ့ စစ်တပ်က အခုမနက် ပေါက်သာရွာဘက်ကတဆင့် အရှေ့ဘက်မူးမြစ်ကူးပြီး ခင်ဦးနယ်၊ တာတိုင်ရွာဘက်ကို လက်နက်ကြီး/ငယ်များပစ်ခတ်ပြီး စထွက်နေပြီလို့ သိရတယ်။ စစ်ခွေးလမ်းကြောင်း ဦးတည်ထားတဲ့ ခင်ဦးနယ်၊တာတိုင်ရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာများ ဘေးလွတ်ရာအမြန်ဆုံးတိမ်းရှောင်ပေးကြဖို့လိုပါတယ်။”ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီများ ပေးနိုင်ရန်ကြိုးစားနေပြီး နီးစပ်ရာကျေးရွာများအနေဖြင့် စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ပေးကြပါရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။