Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့အဝင် စစ်ကောင်စီညကင်းကို မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သားနှစ်ဦးသေဟုဆို

ဒေါင်းမင်းသားမြို့ပြပြောက်ကျားတပ်ဖွဲ့(ရေတာရှည်)သည် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)အဖြစ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ခွဲတစ်ခုဖြစ်ပြီး တောင်ငူခရိုင် PDF နှင့် ပူးတွဲစစ်ဆင်ရေးများ ဆက်နွှဲလျှက်ရှိသည်။

(တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဥ်)
(တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဥ်)

ပဲခူးတိုင်းအရှေ့ပိုင်း ရေတာရှည်မြို့အဝင် ရထားသံလမ်းကူးအနီးရှိ စစ်ကောင်စီတပ်ညကင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမင်းသားမြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂)ည ၈နာရီခန့်က ရေတာရှည်မြို့အဝင် ညောင်ပင်သာရွာ ရထားသံလမ်းကူးရှိ စစ်ကောင်စီတပ်ညကင်းအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“စစ်ကောင်စီတပ်သား နှစ်ဦးသေသွားတယ်”ဟု ဒေါင်းမင်းသားမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲ ဘော်တစ်ဦးက ပြောသည်။

ဒေါင်းမင်းသားမြို့ပြပြောက်ကျားတပ်ဖွဲ့(ရေတာရှည်)သည် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)အဖြစ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ခွဲတစ်ခုဖြစ်ပြီး တောင်ငူခရိုင် PDF နှင့် ပူးတွဲစစ်ဆင်ရေးများ ဆက်နွှဲလျှက်ရှိသည်။

Public Service Announcement

Public Service Announcement

အဆိုပါပူးတွဲစစ်ဆင်ရေးများအနက် နိုဝင်ဘာ ၂၆ ရက်ကပြုလုပ်သော တောင်ငူ-သံတောင်လမ်း သံမိုတောင်တပ်စခန်းအားတိုက်ခိုက်မှုတွင်ပါဝင်ခဲ့ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၅)ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KNLA၊ PDF ပူးပေါင်းတပ်က ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ၈ဦးသေဟု SOF ထုတ်ပြန်

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေရာ ယနေ့(စက်တင်ဘာ ၁၃)ည ၇နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက Y-12လေယာဉ်ဖြင့် ဗုံးပတ်ကြဲနေသည်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ယခုစက်တင်ဘာပထမပတ်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် နီးစပ်သည့်သတင်းရင်းမြစ်က ပြောသည်။