သတင်း ကျောက်တော်မြို့စစ်တပ်ဗုံးကြဲမှု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြင်းထန်စွာရှုတ်ချ အရပ်သားပြည်သူ ၅၀ထက်မနည်းသေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ(OHCHR) မဟာမင်းကြီး ဖော်လ်ကာတာ့ခ်က ပြောပါတယ်။ ludunwayooအောက်တိုဘာ 1, 2026
သတင်း PRF နဲ့ပတ်သက်ပြီး စစ်တပ်ထုတ်ပြန်တာတွေက အလိမ်အညာတွေဖြစ်တယ်လို့ ရှင်းလင်း PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန် ludunwayooစက်တင်ဘာ 30, 2026
သတင်း ကျောက်တော်ဗုံးကြဲမှု ရခိုင်တွင် ပြည်သူသေဆုံးထိခိုက်မှု အများဆုံးဖြစ်စဉ်ဖြစ်လာ စစ်တပ်ကိုထိရောက်စွာအရေးယူဖို့ ရခိုင်အရပ်ဖက်အဖွဲ့တွေတိုက်တွန်း ludunwayooစက်တင်ဘာ 30, 2026
သတင်း စစ်တပ်က ပုဂံမြို့တောင်ဘက် ဇကရွာမှ အမျိုးသားနှစ်ဦးကိုဖမ်းဆီးပြီးမီးရှို့သတ် နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကစစ်ထောက်လှန်းရေးမှာလူသိများတဲ့ ဗိုလ်မှူးကြီးစန်းပွင့်ရဲ့ကျေးရွာဖြစ်တဲ့ ဇကကျေးရွာကို စစ်တပ်စစ်ကြောင်းထိုးပြီး ရွာသား ၂ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားတယ်လို့ စုံစမ်းသိရပါတယ်။ ludunwayooစက်တင်ဘာ 30, 2026
သတင်း စစ်တပ်ကကျောက်တော်ဗုံးကြဲမှုအပေါ် အာဆီယံ လူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့ ရှုတ်ချ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ludunwayooစက်တင်ဘာ 30, 2026
သတင်း ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာကိုစစ်တပ်ဗုံးကြဲ၊ ကလေးငယ်နဲ့အမျိုးသမီးလေးဦး သေဆုံး စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာကို စစ်တပ်က ယမန်နေ့က ဗုံးကြဲခဲ့တာ ကြောင့်အမျိုးသမီး၂ဦး၊ကလေးငယ်၂ဦး စုစု ပေါင်း၄ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ludunwayooစက်တင်ဘာ 30, 2026
သတင်း ကျောက်တော်မြို့ စစ်တပ်လေကြောင်းတိုက်ခိုက် မှု သေဆုံးသူ ၄၉ဦး ရှိလာ၊ တိုက်ရိုက်တာဝန်ရှိသူတွေနဲ့ အဖွဲ့တွေကို လက်တုံံ့ပြန်သွားမယ်လို့ AA ထုတ်ပြန် မင်းအောင်လှိုင်နည်းတူ ရဲဝင်းဦး လက်ထက် မှာလည်း စစ်ရာဇဝတ်ကောင်ရာထူးကို လက်ဆင့်ကမ်းရယူကာ စစ်ရာဇဝတ်မှုများ အရှိန်နဲ့ တိုးလုပ်နေဟု ဖော်ပြ ludunwayooစက်တင်ဘာ 30, 2026
သတင်း ကျောက်တော်ဗုံးကြဲမှု စစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကိုလက်တုံ့ပြန်မယ်လို့ AA ပြော ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။ ludunwayooစက်တင်ဘာ 29, 2026
သတင်း ကျောက်တော်ဗုံးကြဲခံရမှု သေဆုံးသူ ၃၃ ဦး၊ ဒဏ်ရာရသူ ၃၆ ဦးထိရှိလာ မီးထဲပါသွားတဲ့အလောင်းတချို့ ဆွဲထုတ်မရနိုင်သေးတာမို့ သေဆုံးသူထပ်တိုးနိုင်သေး ludunwayooစက်တင်ဘာ 29, 2026
သတင်း မိုးမိတ်မြို့အနီးတိုက်ပွဲပြင်းထန် ၊စစ်တပ်က လေကြောင်းပစ်ကူသုံးဗုံးကြဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူပေးဗုံးကြဲနေပါတယ်။ ludunwayooစက်တင်ဘာ 29, 2026