Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့ စစ်တပ်လေကြောင်းတိုက်ခိုက် မှု သေဆုံးသူ ၄၉ဦး ရှိလာ၊ တိုက်ရိုက်တာဝန်ရှိသူတွေနဲ့ အဖွဲ့တွေကို လက်တုံံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

မင်းအောင်လှိုင်နည်းတူ ရဲဝင်းဦး လက်ထက် မှာလည်း စစ်ရာဇဝတ်ကောင်ရာထူးကို လက်ဆင့်ကမ်းရယူကာ စစ်ရာဇဝတ်မှုများ အရှိန်နဲ့ တိုးလုပ်နေဟု ဖော်ပြ

(စက်တင်ဘာ ၂၀ ရက်က စစ်တပ်ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့တဲ့ ပေါက်တောမြို့နယ် တောင်းဖူးဘုရား။ ဓါတ်ပုံ - AA Info Desk)

စက်တင်ဘာ ၂၉၊၂၀၂၆။ ထားမြတ်/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၄၉ဦးရှိခဲ့ပြီးဒဏ်ရာ ပြင်းထန်သူများ အပါအဝင် ၅၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ထုတ် ပြန်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအများဆုံး ဖြစ်စဉ်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ စက်တင်ဘာ ၂၈ရက် နေ့လည်ပိုင်းမှာ ကျောက်တော်မြို့၊ အိန္ဒိယဈေးအနီးပတ်ဝန်းကျင်နဲ့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်တို့အား လေကြောင်းဗုံးကြဲခဲ့ရာ လမ်းသွားလမ်းလာ၊ ဈေးရောင်းဈေးဝယ်၊ ကုန်တင်ကုန်ချလုပ်သားများအပါအဝင် ပြည်သူလူထုအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။

ဒဏ်ရာရသူတွေမှာ ပြင်းထန် ဒဏ်ရာရသူတွေလည်း ပါဝင်တာမို့ သေဆုံးသူဦးရေထပ်တိုးလာနိုင်ကြောင်းလည်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ကျောက်တော်မြို့ကို လေကြောင်းဗုံးကြဲခဲ့သလိုတနေ့တည်းမှာပဲ မင်းပြားမြို့နယ် စွန်ရဲရွာနဲ့သံတွဲမြို့ ငပလီကမ်းခြေကို လေကြောင်းဗုံးကြဲခဲ့ရာ ပြည်သူ ၉ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

” စစ်ရာဇဝတ်ကောင် အကြမ်းဖက် မင်းအောင်လှိုင် လက်ထက်နည်းတူ အကြမ်းဖက် ရဲဝင်းဦး လက်ထက်တွင်လည်း စစ် ရာဇဝတ် ကောင်ရာထူးကို လက်ဆင့်ကမ်းရယူလျက် အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကို ဂျက်တိုက်လေယာဉ် အုပ်စုလိုက်သုံးကာ အဆိုးဝါးဆုံးသော စစ်ရာဇဝတ်မှုမျိုးကို ဆက်လက်အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်လာနေ” ဟုလည်း AA ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်ရဲ့ အဆိုးဝါးဆုံးစစ်ရာဇဝတ်မှုကျူးလွန်နေခြင်းကိုပြင်းထန်စွာကန့်ကွက်ကြောင်း AAက ဖော်ပြခဲ့ပြီး လူနေထူထပ်သော ဈေး၊ စာသင်ကျောင်းများ၊ အရပ်သားပြည်သူလူထု၊ အိုးအိမ်တိုက်တာအဆောက်အအုံများကို အဓိကပစ်မှတ်ထားကာ လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လို့ အစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပေါ်စေတဲ့တိုက်ခိုက်မှုတွေမှာ တိုက်ရိုက်တာဝန်ရှိသူတွေနဲ့အဖွဲ့တွေကိုထိရောက်တဲ့လက်တုံံ့ပြန်မှုများကိုမနှေးမကြာ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

စစ်တပ်ဟာ AAနဲ့ဖြစ်ပွားနေတဲ့စစ်မျက်နှာအနည်းဆုံး၇ခုရှိပြီး အဲဒီနေရာတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်ကြောင်း ဖော်ပြပါတယ်။ စက်တင်ဘာ ၄ရက်မှာ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ် (၄) နေရာမှ ထိုးစစ်ကြီးဆင်နွှဲခဲ့ပေမဲ့ အခုအချိန်မှာ တပ်လန်ကာ မြေပြင်ထိုးစစ် အထိအခိုက်အကျအဆုံးများစွာရှိခဲ့ကြောင်းလည်း အသိပေးပါတယ်။ အထိအခိုက်အကျအဆုံးများစွာနဲ့စစ်ရှုံးတပ်အဖြစ်ရောက်နေတဲ့ စစ်တပ်ဟာသူ့တို့ရဲ့ထိုးစစ်တွေတိုးမပေါက်တာ၊အရေးမလှတာကိုပြည်သူ့ဘက်ပုံလွှဲချတဲ့ပုံစံမျိုးနဲ့ တ်မာစိတ်ဓာတ်မျိုးဖြင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်နေတာဖြစ်ကြောင်း AAက ပြောပါတယ်။

ဒါကြောင့် စက်တင်ဘာ ၂၈ရက် ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားပြည်သူ (၄၉) ဦးအထိ အစုလိုက်၊ အပြုံလိုက် သေဆုံးကာ (၆၀) နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ဆိုပါတယ်။

အလားတူ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရမှု ဖြစ်စဉ်တွေကိုလည်း AAက ဖော်ပြခဲ့ပါတယ်။ ၂၀၂၅ဒီဇင်ဘာက မြောက်ဦးဆေးရုံဗုံးကြဲခံရလို့ပြည်သူ ၃၃ဦးသေဆုံးကာ၇၇ဦးဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ကိုအသိပေးထားသလို ရက္ခိုင်ဒေသ အတွင်းစစ်တပ်ဗုံးကြဲလို့လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေကိုလည်း ဖော်ပြထားပါတယ်။

အခု ၂၀၂၆ဇန်နဝါရီ ၂၀ရက် ပုဏ္ဏားကျွန်းမြို့နယ်၊ ချောင်းတူရွာက AA စစ်သုံ့ပန်း စခန်း ဗုံးကြဲခံရမှုမှာလွတ်ငြိမ်း ချမ်းသာခွင့်ရဖို့ရက်အနည်းငယ်သာ လိုတော့တဲ့စစ်သုံ့ပန်းနဲ့မိသားစုဝင် ၂၁ဦး သေဆုံးကာ ၃၀ဦး ဒဏ်ရာရခဲ့ကြောင်း AAက အသိပေးပါတယ်။

ဖေဖော်ဝါရီ ၂၄ရက် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ၊ လေကြောင်းတိုက်ခိုက်ခံရမှုမှာလည်း ကလေးသူငယ်များ၊ အမျိုးသမီးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၁၇) ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကာ (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

မတ်လ ၈ရက်မှာ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသအကျဉ်းထောင်စခန်းတိုက်ခိုက်ခံရမှုမှာလည်း အကျဉ်းသား (၁၁၆) ဦးထိ သေဆုံးခဲ့ပြီး (၃၂) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့မြို့နယ်၉ခုထက်မနည်းကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူများစွာသေဆုံးထိခိုက်ခဲ့ရတဲ့ အခြေအနေတွေကိုလည်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

သတင်း

မီးထဲပါသွားတဲ့အလောင်းတချို့ ဆွဲထုတ်မရနိုင်သေးတာမို့ သေဆုံးသူထပ်တိုးနိုင်သေး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

Facebook