Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ပုဂံမြို့​တောင်ဘက် ဇကရွာမှ အမျိုးသားနှစ်ဦးကိုဖမ်းဆီးပြီးမီးရှို့သတ်

နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကစစ်ထောက်လှန်းရေးမှာလူသိများတဲ့ ဗိုလ်မှူးကြီးစန်းပွင့်ရဲ့ကျေးရွာဖြစ်တဲ့ ဇကကျေးရွာကို စစ်တပ်စစ်ကြောင်းထိုးပြီး ရွာသား ၂ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားတယ်လို့ စုံစမ်းသိရပါတယ်။

စက်တင်ဘာ၂၉၊၂၀၂၆။ကတ်သရင်း/ People’s Spring

နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကစစ်ထောက်လှန်းရေးမှာလူသိများတဲ့ ဗိုလ်မှူးကြီးစန်းပွင့်ရဲ့ကျေးရွာဖြစ်တဲ့ ဇကကျေးရွာကို စစ်တပ်စစ်ကြောင်းထိုးပြီး ရွာသား ၂ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ရှေးဟောင်းမြို့တော် ပုဂံမြို့တောင်ဘက်မှာရှိတဲ့ ချောက်-ညောင်ဦးကားလမ်းပိုင်းအနီးက ဇကကျေးရွာကို စစ်တပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ရက်မှာ စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စစ်ကြောင်းမှာ ပုဂံမြို့ တောင်ဘီကျေးရွာကပျူစောထီးတွေ၊တောင်ဇင်းတိုက်နယ်က ရဲတွေနဲ့ စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

ဇကကျေးရွာက အသက် ၂၃နှစ်အရွယ် ကိုမိုးဟိန်းနဲ့ အသက် ၅၅နှစ်အရွယ် ဦးရဲရွှေတို့ကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးပြီး ဇကရွာအနီးက မအူပင်ကျေးရွာကို ရောက်ရှိချိန်မှာ အဲဒီကျေးရွာက နေအိမ်တစ်အိမ်မှာ သတ်ဖြတ်ပြီး မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဇကရွာက ဒေသခံတွေပါ။စစ်ကြောင်းက အင်အား၅၀ လောက်နဲ့ ပတ်မွှေတာ။မအူပင်ရွာမှာ နေအိမ်ထဲထည့်ပြီး မီးရှို့သတ်သွားတာ”လို့ ၎င်းက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ လက်ရှိမှာ ချောက်မြို့အနီးက စဉ့်ကူမြို့အတွင်းကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတာ ၂၀၂၅ ဇွန်လကတည်းကပါ။ အဲလိုစစ်ကြောင်းထိုးမှုတွေကြောင့် ၂၀၂၅ခုနှစ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။

ဗိုလ်မှူးကြီးစန်းပွင့်ဟာ စစ်​ထောက်လှမ်း​ရေး​ခေတ်​ကောင်းစဥ်က ဗိုလ်ချုပ်ခင်ညွှန့်​လက်​အောက်မှာလုပ်ကိုင်ခဲ့တာဖြစ်ပြီး စစ်​ထောက်လှမ်း​ရေးဖြိုးခွင်းခံရပြီး​နောက်​ထောင် ၇ နှစ်ခန့်ကျခဲ့ပါတယ်။​ထောင်ကပြန်လွတ်လာပြီး ၂၀၂၁ ခုနှစ်မှာ​​သေဆုံးခဲ့တာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန်

သတင်း

စစ်တပ်ကိုထိရောက်စွာအရေးယူဖို့ ရခိုင်အရပ်ဖက်အဖွဲ့တွေတိုက်တွန်း

သတင်း

အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအ​ပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာကို စစ်တပ်က ယမန်​​နေ့က ဗုံးကြဲခဲ့တာ ကြောင့်အမျိုးသမီး၂ဦး၊ကလေးငယ်၂ဦး စုစု ပေါင်း၄ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

Facebook