Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာကိုစစ်တပ်ဗုံးကြဲ၊ ကလေးငယ်နဲ့အမျိုးသမီး​လေးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာကို စစ်တပ်က ယမန်​​နေ့က ဗုံးကြဲခဲ့တာ ကြောင့်အမျိုးသမီး၂ဦး၊ကလေးငယ်၂ဦး စုစု ပေါင်း၄ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

(ဗုံးကြဲခံရပြီး​​နောက်မြင်ကွင်း။ဓါတ်ပုံ-ရပ်​ကျေးပကဖ )

စက်တင်ဘာ-၂၉-၂၀၂၆။​ဇော်ရမ်း၊ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာကို စစ်တပ်က ယမန်​​နေ့က ဗုံးကြဲခဲ့တာ ကြောင့်အမျိုးသမီး၂ဦး၊ကလေးငယ်၂ဦး စုစု ပေါင်း၄ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာလ၂၈ ရက်နေ့၊နေ့လည်ပိုင်းမှာအင်းလယ်ကြီးရွာကို လေကြောင်းက နေဗုံးခဲ့သလိုရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွားတာလို့ သိရပါတယ်။​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် အသက်၂ နှစ်အရွယ်ကလေးတဦး၊အသက်၄နှစ်အရွယ် ကလေးတဦး၊အသက် ၃၀ အမျိုးသမီးတဦးနဲ့ အသက်၃၀ ကျော်အရွယ် အမျိုးသမီးတဦးတို့ သေဆုံးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

“ဒဏ်ရာပြင်းထန်ရတဲ့သူတွေလည်းရှိတယ်။အထိခိုက်ကအမျိုးသမီး တွေပိုများတယ်။သေဆုံး၄ယောက်မှာ သားအမိနှစ်ယောက်လည်းပါတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနဦး စစ်တပ်က ကင်းထောက်လေယာဉ်တွေဝဲတာ​ကြောင့် ​ဒေသခံပြည်သူတွေရှောင်တိမ်းဖို့ပြင်ဆင်​နေချိန်မှာ ဗုံးကြဲခံရတာဖြစ်ပါတယ်။သေဆုံးသူ တွေကို သက်တင်လာ ၂၈ ရက်​​​နေ့မှာပဲ စုပေါင်းသဂြိုဟ်လိုက်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ ​ဆေးကုသ​နေကြရပါတယ်။ ဆေးကုသမှုခံယူ​နေသူတွေထဲမှာလည်းဒဏ်ရာပြင်းထန်ရသူ ‌တွေ ပါဝင်တယ်လို့သိရပါတယ်။

“လေကြောင်းသတိပေးထားတဲ့ကြားကနေ ခံရတာပါ။တိုက်ပွဲကို မရှိဘဲကြဲတာ။ ဆက်တိုက်ကြီးပဲ အရပ်သားတွေကို ဗုံးကြဲနေတာပါ”လို့ ကန့်ဘလူမြို့ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်တပ်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းနဲ့ စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေကို အခုရက်ပိုင်းမကြာခဏဗုံးကြဲနေပါတယ်။စက်တင်ဘာလ၂၃ရက် မနက်မှာ အင်းတော်မြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းအနီးဝန်းကျင်ကို ဗုံးကြဲဖြစ်စဉ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ကုန်သည် တွေအပါအဝင်ငါးဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအပါအဝင်ရှစ်ဦးဒဏ်ရာရခဲ့ပါတယ်။အရပ်သားပြည်သူကိုဦးတည်တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုဖြစ်ပြီး စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်သွားမယ်လို့ အင်းတော်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင်စက်တင်ဘာလ၂၃ရက်နေ့ညနေမှာပဲ ကသာမြို့နယ်ထဲကိုဗုံးကြဲလို့ သီလရှင်တစ်ဦးကွယ်လွန်ခဲ့ပါတယ်။ဒါ့အပြင်ဟုမ္မလင်းမြို့နယ်နဲ့ ရွှေပြည်အေးမြို့ကိုလည်း ဗုံးကြဲခဲ့ပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက ဒေသခံတွေ ရွှေတူးနေတဲ့နေရာတွေကို ဗုံးကြဲလို့ အရပ်သား သုံးဦးသေဆုံးခဲ့ပါတယ်။

အလားတူစက်တင်ဘာလ ၂၇ရက် မနက် အစောပိုင်းမှာ စစ်ကောင်စီက ကောလင်းမြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတဲ့အတွက် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုအတွက် စစ်ကောင်စီကို လက်တုန့်ပြန်သွားမယ်လို့ ကောလင်းခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ခဲ့ပါတယ်။

အခုရက်ပိုင်းမှာ စစ်တပ်က စစ်ကိုင်းတိုင်းအတွင်း ကသာ၊ကောလင်း၊ အင်း‌ တော်၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ်တွေကိုလေကြောင်းကနေမကြာခဏဗုံးကြဲ နေတဲ့အတွက် လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးနေကြပါတယ်။

စက်တင်ဘာ ၂၈ ရက်​​နေ့ တစ်နေ့တည်းမှာပဲ စစ်တပ်က စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နဲ့၊ ပဲခူးတိုင်း၊ကရင်နီပြည်၊ ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းက မြို့နယ်တွေကိုဗုံးကြဲခဲ့ပါတယ်။ရခိုင်ပြည်နယ် ၊ကျောက်တော်မြို့ လူစည်ကားတဲ့နေရာ​တွေကိုဗုံးကြဲခဲ့ပြီး ပြည်သူ၄၉ဦးအထိ သေဆုံးခဲ့ပြီး ၆၀ ဦးဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန်

သတင်း

စစ်တပ်ကိုထိရောက်စွာအရေးယူဖို့ ရခိုင်အရပ်ဖက်အဖွဲ့တွေတိုက်တွန်း

သတင်း

နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကစစ်ထောက်လှန်းရေးမှာလူသိများတဲ့ ဗိုလ်မှူးကြီးစန်းပွင့်ရဲ့ကျေးရွာဖြစ်တဲ့ ဇကကျေးရွာကို စစ်တပ်စစ်ကြောင်းထိုးပြီး ရွာသား ၂ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအ​ပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

Facebook