သတင်း မလှိုင်မြို့နယ်တောင်ပိုင်း စစ်တပ် ဗုံးကြဲပြီး မိထ္ထီလာ- ကျောက်ပန်းတောင်းလမ်းပိုင်း အင်အားတိုး မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ- ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 5, 2026
သတင်း ရွှေကူမြို့နယ်က စစ်တပ်ရဲ့ခြေကုပ်စခန်း ၁ခု KIA သိမ်းပိုက်၊ လက်နက်ခဲယမ်းတွေရ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဩဂုတ် 5, 2026
သတင်း ရှေးဟောင်းမြို့တော်မြောက်ဦးအနီးကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲ အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီနေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 5, 2026
သတင်း မြ၀တီမြို့အနီးတိုက်ပွဲတွေမှာ အထိနာတဲ့ စစ်တပ်ကတပ်သား အလင်းဝင်လာမှုများပြားနေဟု ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 5, 2026
သတင်း စစ်တပ်တိုက်လေယာဥ်ပျက်ကျသတင်း အောင်စိတ်အစစ်ဟု ဦးမင်းကိုနိုင်ပြော နွေဦးတော်လှန်ရေးအတွက် စစ်ရေးမှာ အရေးကြီးဆုံးကာလကိုရောက်နေပြီဖြစ်ပြီး စစ်တပ်တိုက်လေယာဥ်ပျက်ကျသတင်းမှာအောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်ကပြောကြားပါတယ် ။ ludunwayooဩဂုတ် 4, 2026
သတင်း စစ်တပ်တိုက်လေယာဥ် ဗုံသွားကြဲရင်းမှော်ဘီမှာပျက်ကျတာဖြစ်ပြီး ၁ ဦးသေဟုစစ်ရေးသတင်းရင်းမြစ်အချို့ပြော မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ လေ့ကျင့်ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီးလေယာဥ်ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့ကပြောပါတယ်။ ludunwayooဩဂုတ် 4, 2026
သတင်း စစ်တပ်နဲ့တွေ့ဆုံခဲ့မှုမှာအဓိကတာဝန်ရှိတဲ့ အဖွဲ့ဥက္ကဋ္ဌ ကို တာဝန်မှ ရပ်စဲလိုက်ကြောင်း CNO ထုတ်ပြန် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟုကြေညာ ludunwayooဩဂုတ် 4, 2026
သတင်း ခြောက်လအတွင်းနိုင်ငံရဲ့အရှေ့တောင်ပိုင်းဒေသတွေမှာစစ်တပ်လက်ချက်နဲ့အရပ်သား၇၀ နီးပါးသေဆုံး အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 4, 2026
သတင်း ငပလီကိုစစ်တပ်ကလေယာဉ်အုပ်နဲ့ ဗုံးအလုံး ၆၀ကျော်ကြဲ၊အရပ်သားအနည်းဆုံး ၂ ဦးဒဏ်ရာရ သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ ludunwayooဩဂုတ် 4, 2026
သတင်း သံတွဲမြို့ကို စစ်တပ်က တိုက်လေယာဉ်အုပ်စုနဲ့ ဗုံးကြဲနေ စစ်တပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ဒီကနေ့ ဩဂုတ်၃ရက် မနက်မှာ Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ကနဦး ထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 4, 2026